Ep - 39 ( Final )

1.5K 71 13
                                    

မင်္ဂလာပွဲနေ့ ......

' ကျန့်ကျန့် ... ဟို ဝိုင်းကို ဒီဟင်းရည် ထပ်သွားဖြည့်ပေးအုံး။'

' ကျိုးချန် ... ဒီဘက်လာ ... ဒီမှာ အသားဟင်း လိုနေတယ်။'

' ယွီပင်း .... ဒီမှာ ထမင်း ထပ်လာထည့်ပေးအုံး။'

' ဝမ်ဝမ်ကျန့် !!!.. နင်ကျ ဘာလို့ ဘာမှ မလုပ်ပဲ ငါတို့ကိုပဲ ခိုင်းနေတာလဲ...'

' ငါက ပွဲလာတဲ့ လူတွေကို ဧည့်ခံပေးနေတာလေ။ ပြီးတော့ ထမင်းစားပွဲ ဝိုင်းတွေမှာ ဘာလိုလဲ စောင့်ကြည့်ပေးနေတာ။'

ဝမ်ကျန့် ဟိုပြေး ဒီပြေးနဲ့ ကျန့်ကျန့် တို့ ၃ ယောက်ကို ကြည့်ပြီး ရယ်ချင်စိတ် ထိန်းရင်း သူ့ကို ဘုတော လာတဲ့ ကျိုးချန်ကို ချက်ကျ လက်ကျ ပြောလိုက်တယ်။

' လန်ဟွား ... လာ ကိုယ်တို့ ဧည့်သည်တွေကို သွားဧည့်ခံကြမယ်။'

ရှီးချန် နဲ့ လန်ဟွား နှစ်ယောက်လုံး လူကြီး မိဘတွေ မရှိတော့တာကြောင့် ဝမ်ရိပေါ်ကို သက်သေထားပြီး မိုးမြေကို တိုင်တည်ပြီး ကန်တော့ လိုက်ကြတယ်။

သူတို့ နှစ်ယောက် အိမ်ထဲမှာ မင်္ဂလာသေရည် သောက်ပြီးတာနဲ့ ခြံဝင်းရဲ့ တဲထဲမှာ ရောက်လာတဲ့ ဧည့်သည်တွေကို လိုက်ပြီး ဧည့်ခံဖို့ အပြင် ထွက်လာလိုက်ကြတယ်။

ရိပေါ်လည်း ကော တို့ပြီးတာနဲ့ အိမ်ထဲက အမြန်ထွက်လာလိုက်တယ်။ သူ့ ကောင်လေးကို တွေ့ချင်နေပြီ။

ရိပေါ် ထွက်လာတော့ တဲထဲမှာ လက်တစ်ဖက် ပုံးတစ်ပုံး ကိုင်ပြီး ကျန်တဲ့ လက်တစ်ဖက်မှာ ဇွန်းကြီးကြီး တစ်ချောင်းကိုင်ပြီး ဟိုပြေး ဒီပြေး လုပ်နေတဲ့ သူ့ကောင်လေးကို တွေ့လိုက်ရတယ်။

ရိပေါ် ကောင်လေးနား သွားလိုက်ပြီး ....

' ပေါင်ပေါင်း .... ပေး ကိုယ့်ကို ကိုယ် လုပ်လိုက်မယ်။'

' ကိုကို .....'

' ဝေါ့ ..... သူများတွေ အလုပ်ရှုပ်နေတာနော်။ ဒီနားမှာ ပေါင်ပေါင်းတွေ ကိုကိုတွေ လာလုပ်မနေနဲ့။ သွား ... ဟိုလူ လည်း ဟင်းရည် ပုံး ကိုင်ထားပြီးရင် စားပွဲတိုင်း လိုက်ကြည့်ပြီး လျော့နေရင် လိုက်ထည့်ပေးလိုက်။'

The Promise  ( Completed )Where stories live. Discover now