' ဒါဆို ဒီက ညီမ .... အဲ ဟုတ်ဘူး... မမ က လည်း ဝမ်ကျန့် လိုမျိုးပဲပေါ့။'
' အေးပေါ့ .... သူ့ကို ငါပဲ မွေးပေးခဲ့တာ။ အဲ့ဒါကို သူ့ အဖေက လူစိတ် မရှိဘူး....'
' မမ !!!!!.'
ရှောင်းကျန့် သူ့ အကြောင်းတွေကို ကျိုးချန် တို့ကို မသိစေချင်တာကြောင့် မမ စကား မလွန်ခင် တားလိုက်တယ်။
' ကဲ .... မင်းတို့ သူငယ်ချင်းတွေ စကား ပြောနေလိုက်ကြအုံး။
ငါက လူနာ အိမ် ပြန်သွားရအုံးမှာ။'
လန်ဟွား ခုန လမ်းမှာ ကလေးလေးရဲ့ သူငယ်ချင်းတွေ လိုက်လာပြီး မိုးတိုးမတ်တပ် နဲ့ လမ်းမှာ စကား ရပ်ပြောနေရတာကြောင့် သူတို့ကို အိမ်ပြန်လိုက်ပို့ပေးလိုက်ရတယ်။
' ယွင်ရှင်း .....'
' ရှင် မမလေး ....'
' အေး ... လာ ငါနဲ့ပဲ လိုက်ခဲ့လိုက်တော့။'
' ဟုတ်ကဲ့ .....'
'ဘတ် .... ယွီပင်း မျက်လုံးလေး ထိန်းအုံး အပြင်ကို ကျွတ်ကျတော့မယ်။'
' ဟိ .... ခုန ယွင်ရှင်း ဆိုတဲ့ တစ်ယောက်က ချစ်စရာလေး ပုပုလေးနဲ့ ....'
' အေး လုပ်မနေနဲ့ မင်း အဘိုး အဘေး ထက် အသက်ကြီးတယ်။'
ယွီပင်း ကျိုးချန် စကားကြောင့် မျက်စောင်း ထိုးလိုက်ပြီး....
' age is just a number !!!.'
အသက် အရွယ် ဆိုတာ ကိန်းဂဏန်း တစ်ခုပဲလို့ ပြောလိုက်တယ်။' မင်းတို့ သူ့ကို ဘာလို့ ခေါ်လာတာလဲ ....'
ရှောင်းကျန့် ဝမ်ကျန့်ကို ကြည့်လိုက်ပြီး ကျိုးချန်ကို လှမ်းမေးလိုက်တယ်။
' ငါ ... နင် အိမ်မပြန်လာလို့ ဆိုပြီး သူတို့ နှစ်ယောက် ငါ့အိမ်မှာ လာသောင်းကျန်းတော့ ငါလည်း နင့်ကို မတွေ့မချင်း အိမ် မပြန်တော့ဘူးဆိုပြီး သူတို့နဲ့ လိုက်ခဲ့တာ။
ငါ့ကို မနှင်ပါနဲ့နော်။ ငါ ... ငါ့ဒက်ဒီ နဲ့ မနေတော့ဘူးဆိုပြီး အိမ်ပေါ် ကပါ ဆင်းလာတာ။'
' အဲ့ ဝမ်ကျန့် နင့်ကို တကယ် ခင်ပါတယ်။ သူ့ကိုတော့ ခွင့်လွှတ် ပေးလိုက်ပါ...'
YOU ARE READING
The Promise ( Completed )