' ဟျောင့် .... ကျိုးချန် နင့် နောက်မှာ ... နင့် နောက်မှာ။'
' ငါ့နောက်မှာ ငါ့နောက်မှာနဲ့ .... တစ်ကောင်မှလည်း မရဘူး။
ငါးတွေ မဖမ်းတော့ပဲ ရေပဲ ဆော့ပြီး ပြန်ရအောင် ချမ်း လာပြီ။'
'အေး ဟုတ်တယ်။ ချောင်းရေက စိမ့်နေတာပဲ။'
ယွီပင်းလည်း ရေထဲမှာ တစ်ကိုယ်လုံး စိုရွှဲ နေပြီး လက်နှစ်ဖက် ပိုက်လျက် ကျိုးချန် စကားကို ထောက်ခံလိုက်တယ်။
' ဝမ်ကျန့် မင်းက ဘာလဲ ရေထဲမှာ တရား လာမှတ်နေတာလား။
ခုန ငါးတွေဆိုလည်း မင်း ဖမ်းရင် ရရဲ့သားနဲ့ မဖမ်းဘူး။ အခုလည်း ရေထဲ မှာ ဒီတိုင်းရပ်နေတယ်။'
' ငါ ... ငါ သူများ အသက် မသတ်ဘူး။'
' ဘာ ......'
၃ ယောက်လုံး ဝမ်ကျန့် စကားကြောင့် အံ့ဩသံတွေ ထွက်လာတယ်။
' ဟုတ်တယ်။ ငါ ငယ်ငယ် ကတည်းက သင်လာရတာ။ ငါ အရင်နေခဲ့တဲ့ နေရာက စည်းကမ်းထဲမှာ ပါတယ်။'
' အဲ့ဒါဆို မင်းရဲ့ အဖေလည်း သူ ငယ်ငယ်က သင်ရမှာပေါ့။'
'အင်း ....'
ဝမ်ကျန့် နောက်ဆက်တွဲ လာမယ့် ကျိုးချန်ရဲ့ စကားကို မသိသေးပဲ သဘောရိုးနဲ့ ပြန်ဖြေပေးလိုက်တယ်။
' အံ့ဩပါ့။ အဲ့ဒါကို အခု မင်း အဖေက သူများ သားသမီးကို တာဝန်မဲ့ လုပ်ရပ်တွေ လုပ်နေတယ်။'
ဝမ်ကျန့် ကျိုးချန် စကားကို ဘာမှ ပြန်မချေပလိုက်နိုင်။ ဒက်ဒီကလည်း တကယ် အဲ့လို ကျူးလွန်ခဲ့တာမလား။
' ကဲပါ ... လာ လာ ရေ ဆော့နေတာလည်း ကြာပြီ။ ပြန်ရအောင် မမ ပြန်လာပြီလား မသိဘူး။'
' အေး ပြန်ကြမယ်။ အရမ်းချမ်းနေပြီ။'
ကုန်းပေါ် ရောက်တာနဲ့ ယွီပင်းက ရှေ့ဆုံးကနေ အရင်ပြေးတယ်။
' ဟေ့ ... ယွီပင်း ... ဘာလို့ ရပ်လိုက်တာလဲ ဆက်ပြေးလေ ....'
ကျိုးချန် ရှေ့ဆုံးကနေ ပြေးသွားတဲ့ ယွီပင်းက ခပ်လှမ်းလှမ်းမှာ ဆက်မပြေးပဲ ရပ်နေတာကြောင့် စ သလိုနဲ့ လှမ်းမေးလိုက်တယ်။
YOU ARE READING
The Promise ( Completed )