Ep - 6

1K 91 0
                                    

ကျိုးချန် နဲ့ ယွီပင်း မျက်စိအစာ သွားကျွေးပြီး ပြန်လာတော့ သူတို့နေရာရဲ့ အရှေ့မှာ လူတစ်ယောက် ရှောင်းကျန့် လက်ကို ကိုင်ထားရင်း ရပ်နေတာ တွေ့လိုက်တယ်။

'ဟေ့ကောင်.... မင်း ဘယ်သူလဲ ကျန့်ကျန့်လက်ကို လွှတ်လိုက်စမ်း....'

လူတောင် မရောက်လာသေးပဲ အသံနဲ့တင် ငပေါတွေမှန်း သိသာနေတဲ့ ဟိုနှစ်ကောင်ကို ကြည့်ပြီး ရှောင်းကျန့် ဟိုလူ့ကို သွားဖြီးပြလိုက်ပြီး သူ့ သူငယ်ချင်းတွေ မဟုတ်ကြောင်း ပြောင်လိမ်လိုက်တယ်။ ကိုယ်သဘောကျနေတဲ့ လူရဲ့အရှေ့မှာ role တော့ အကျခံလို့ မဖြစ်ဘူးမလား။

ထိုစဉ် ဟိုနှစ်ကောင် အနားရောက်လာပြီး သူ့လက်ကို ဆွဲယူတဲ့ကောင်က ဆွဲ သူ့အရှေ့က လူကိုလည်း တွန်းထုတ်တဲ့ကောင် တွန်းထုတ်နဲ့ ပါးစပ်ကလည်း ဟေ့ကောင် ဟေ့ကောင် နဲ့ ဆွဲမထိုးရုံတမယ်ပါပဲ။ ဘယ်ထိုးရဲမလဲ ဟိုက အကြည့်တစ်ချက်ပဲ ကြည့်ရသေးတယ် ကျိုးချန်ဆို ခုန ဟိုလူ့လက်ထဲက သူ့လက်ကို ဆွဲယူထားတာ သူ မဟုတ်တဲ့အတိုင်း ချက်ချင်း လွှတ်ချလိုက်တယ်။ ယွီပင်းဆိုလည်း တွန်းတုန်းက တွန်းထုတ်ထားပြီး အခုတော့ အနောက်မှာ ကွယ်နေပြီ။

'ဟို .... ခနလေး နေပါအုံး ငါ ရှင်းပြပါ့မယ်...'

'ဘာရှင်းပြမှာလဲ နင် တစ်ယောက်လုံး ရှိနေပြီး ကျန့်ကျန့်ကို လက် လာဆွဲနေတာ ဒီတိုင်း ကြည့်နေရလား...' ဝမ်ကျန့် စကား အဆုံးမခံပဲ ကျိုးချန် ဖြတ်ပြောလိုက်တယ်။

'နင်တို့ အထင်လွှဲ...' ရှောင်းကျန့် စကားတောင် မဆုံးသေးပါ ယွီပင်းကပါ အရှေ့ပြန်ထွက်လာပြီး ဝင်ပြောပြန်တယ်။

'အေးလေ ဒီတိုင်း ရပ်ကြည့်နေရအောင် နင့် အဖေမို့လို့လား....'

'ဟုတ်တယ် ငါ့အဖေ.....'

'ဘာာာ....'

'ဟင်.....'

ရှောင်းကျန့်က ခုန ဝမ်ကျန့်က ဒက်ဒီ လို့ ခေါ်နေပေမယ့် သူ့အာရုံနဲ့သူမို့ ဝမ်ကျန့် နဲ့ လန်ကျန့် သားအဖ တော်စပ်နေတယ်ဆိုတာ မေ့သွားတယ်။

'ဟျောင့် ဝမ်ကျန့် မဖြစ်နိုင်တာ မပြောနဲ့ နင့်အဖေဆို နင့်ထက် ရုပ်နု နေပါ့မလား...'

The Promise  ( Completed )Where stories live. Discover now