♡︎End(Unicode+Zawgyi)

761 64 13
                                    

-unicode-

Kang Jin Woo မှာ ဖြစ်ပျက်သွားသမျှကို မျက်စိလည်လျှက်ရှိသည်။  Nelly နဲ့ YoonGiရဲ့ကြားက သံယောဇဉ်တွေကို 10နှစ်ကြာတစ်အိမ်တည်းတူတူ‌နေလာပြီး၊ သမီးမွေးထားသော ဖခင်တစ်ယောက်အနေနဲ့ မသိရလောက်အောင် သူဟာတုံးအ,မနေခဲ့ပါ။ ပြီးတော့ အဆိုးပေလေး Nellyကိုသူဟာဘယ်တော့မှ လွှတ်မထားခဲ့။အနောက်ကနေတိတ်တဆိတ်လူလွှတ်ထားတာမို့ Nellyသတင်းမှန်သမျှသူ့ဆီရောက်သည်။ တစ်ခါ‌တလေ YoonGiနဲ့နှစ်ယောက်တွဲဓာတ်ပုံများလည်းသူ့ဆီရောက်သည်။ သူတို့နှစ်ယောက်၏ပတ်သတ်မှုကိုသေချာမသိသူများသာထိုပုံတွေကိုမြင်ရင် သေချာပေါက်သမီးရည်းစားတွေဟုပြောရလောက်တဲ့အထိ Nellyကို YoonGiကြည့်တဲ့အကြည့်တွေကအသက်၀င်လှသည်။ ဒါတွေကို သူ မသိသလိုနေခဲ့သည်။ ဘာလို့လဲလို့မေးရင် အဖြေကတစ်ခုပဲရှိသည်။ YoonGiမို့လို့။ YoonGiဖြစ်နေလို့ဖြစ်သည်။ Min YoonGiဆိုသောကောင်လေးဟာ သူ့မျက်စိရှေ့တွင်ကြီးပြင်းလာခဲ့ပြီး။ အရာရာကိုစေ့စပ်တိကျစွာလုပ်ကိုင်တတ်သည်။ အေးစက်စက်နဲ့ သိုဝှက်စွာနေတတ်ပုံပေါ်ပေမယ့် Nellyနဲ့ သူ့မိခင်အပေါ်နွေးထွေးမှုတွေကို ဘေးကလူအနေနဲ့ Kang Jin Wooဟာသေသေချာချာကိုတွေ့နေခဲ့သည်။ အဓိကအချက်ကတော့ သူချစ်မြတ်နိုးရတဲ့ Lee Hae Seoဆိုတဲ့အမျိုးသမီး ပျိုးထောင်ခဲ့သောကလေးမို့ သူများတွေထက် သူYoonGiကိုပိုယုံကြည်ပါသည်။သားသမီးတွေဘက်ကဖွင့်ပြောလာခဲ့ရင်လည်းလက်ခံပေးဖို့ပြင်ဆင်ထားခဲ့သည်။ဒါပေမယ့်…။ သူ မသိလိုက်သောမျက်စိတစ်မှိတ်အချိန်တွင် သမီးဖြစ်သူကရုတ်တရက် Scotlandကိုသွားချင်တယ်ဟုပြောလာကာ ‌တားချိန်တောင်မရ၊ တားလို့လဲမနိုင် ထွက်သွားခဲ့သည်။ YoonGiကမျက်နှာမကောင်း ပေမယ် ဘာမှတော့ပြောမလာခဲ့။ ဘာတွေဖြစ်နေကြလဲသွားမေးလိုက်ချင်ပေမယ့် ကိုယ်က သမီးရှင်ဖြစ်နေတော့.....။
……………………………
-2years later-
ဒါဟာ Nellyမရှိတဲ့ ဒုတိယအကြိမ်မြောက်နွေဦးပေါ့။ ခြံထောင့်ကအပင်ကြီးကပန်းဝါဝါတွေပွင့်နေပေမယ့် အပင်အောက် cigarettesသောက်မယ့်သူမရှိတော့မပြည့်စုံသလို။ အိမ်မှာနေလဲ Nelly အခန်းရှေ့ပဲသွားသွားထိုင်နေမိလို့ uncle JinWoo နဲ့တိုးတာလဲ ခဏ ခဏ။ clubမှာလဲ ဂျစ်တိုက်ဆိုးပေ မူးရူးသောင်းကျန်းမယ့်သူမရှိတော့ ခြောက်ကပ်ကပ်ရယ်နဲ့။ 2နှစ်အကြာမှာတော့ YoonGiဟာ မပြတ်သားခဲ့ခြင်းအပေါ် နောင်တတွေတစ်သီကြီးရခဲ့ပြီးဖြစ်သည်။ မိခင်ဖြစ်သူ Lee Hae Seoကို သူ Nellyကို ချစ်နေမိကြောင်းဖွင့်ပြောထားပြီး အကယ်၍ Nellyသာပြန်လာပြီးသူ့ကိုအခွင့်အရေးထပ်ပေးခဲ့ရင် Uncle Jin Woo ကို သူ uncle JinWooကိုဖွင့်ပြောကာ Nellyအပေါ်အပြည့်အ၀ဂရုစိုက်ဖို့ ခွင့်တောင်းတော့မယ်ဟု ဆုံးဖြတ်ထားသည်။
Clubရဲ့ထောင့်ကျကျဝိုင်းမှာထိုင်ကာ တစ်ယောက်သောသူကိုရှာမိသည်။ ဒီမြေကထွက်သွားထဲကအရာရာကိုအပြီးသတ်ထားခဲ့နိုင်မယ်ထင်ခဲ့ပေမယ့်ထင်တာတွေကဖြစ်မလာတဲ့အခါ ဒီမြေကိုပဲပြန်အခြေချရသည်။ ဝေးဝေးမှာတောင် အဝေးမှာဆိုတဲ့စိတ်နဲ့ဖြေသာပေမယ့်၊ အနီးနားကိုပြန်ရောက်တဲ့အခါ မျက်နှာလေးကိုပြေးမကြည့်ရပဲမနေနိုင်။ သည်းခံသင့်သလောက် သည်းခံခဲ့ပေမယ့် နောက်ဆုံးတော့ ဦးထုပ်တစ်လုံးခပ်ငိုက်ငိုက်ဆောင်းကာ သူ့ပိုင်နက်ထဲ ရောက်လာခဲ့ရသည်။ တခဏအကြာမှာတော့ မျှော်နေခဲ့သူက all black၀မ်းဆက်နဲ့ပေါ်လာခဲ့သည်။ သူ့ထုံးစံအတိုင်း t shirtအဖြူအပေါ် ကုတ်အနက်ထပ်၀တ်ထားကာ style pantsအနက်နဲ့ သူသည် အသားဖြူတာကြောင့်ထင်းထင်းလင်းလင်း။ မတွေ့ရတာကြာတဲ့ မျက်တဲ့မျက်နှာဟာ အနည်းငယ်ပိန်သွားသောလည်း ပိုထင်းလာတဲ့မေးရိုးကအသက်ရှုမှားစရာ။ မပြောင်းလဲခဲ့ပါ။ သူ့အပေါ်ခံစားချက်တွေ ရင်ခုန်သံတွေ ချစ်ခြင်းမေတ္တာတွေဟာ တစ်စိုးတစ်စိမျှမပြောင်းလဲခဲ့ကြောင်း သူ့ကိုမြင်ရတဲ့အခါပိုသေချာသွားခဲ့သည်။ ခပ်လှမ်းလှမ်းမှာမြင်နေရတဲ့ ပုံရိပ်လေးကိုကြည့်ကာ အလွမ်းသယ်နေရင်းက မြင်ကွင်းထပ်၀င်လာသောပုံရိပ်ကြောင့်မျက်ခုံးများစုံကျုံ့မိသွားသည်။ Ohh Yoo Jung။ သူထွက်သွားတဲ့ 2နှစ်အတွင်း ဒီမိန်းမကကိုကို့ဘေးမှာတစ်ချိန်လုံးရှိနေခဲ့တာပေါ့။ မြင်ရတဲ့မြင်ကွင်းက လွန်ခဲ့တဲ့ 2နှစ်ကအတိုင်း။ Ohh Yoo Jungဟာ ကိုကို့လက်မောင်းကို လက်ဖျားလေးနဲ့မထိတထိရိုက်ကာ ရယ်ရယ်မောမောစကားတွေပြောနေခဲ့သည်။ ထပ်မကြည့်နိုင်တော့ ထပ်မကြည့်ချင်တော့ ဒီလောက်ဆိုတော်ပြီပေါ့။
ဘေးမှာချထားတဲ့ cigarettes ဘူးကိုဆွဲကာ club ဘေးလမ်းကြားထဲကိုထွက်လာမိသည်။ လမ်းကြားထဲရောက်တဲ့အခါ cigarettes ကိုမီးညှိလိုက်ပြီးမှ မသောက်နိုင်စွာ တိုက်နံရံကိုမှီကာထိုင်ချလိုက်ရသည်။ လွမ်းနေခဲ့တာ။ မြင်မြင်ချင်းပြေးဖက်ပြီးရင်ခွင်ထဲ၀င်ငိုချင်တဲ့စိတ်ကို ဘယ်လောက်ထိန်းချုပ်ထားခဲ့ရလဲ။ ကိုကို က Nelly ကိုမလွမ်းဘူးထင်ပါရဲ့။ cigarettes ကိုင်ထားတဲ့လက်နဲ့ပဲမျက်နှာကို အုပ်ကာ ငိုနေမိသည်။ ဒီတိုင်းသာဆို Scotland ကို ပြန်ထွက်ပြေးမိဦးမယ်ထင်တယ်။ လှိုက်တက်လာတဲ့ခံစားချက်တွေနဲ့အတူ ရှိုက်သံတွေထွက်လာတဲ့အထိ ငိုနေမိတုန်း လက်ထဲက cigarettes ကို တစ်စုံတစ်ယောက်ဟာဆွဲယူသွားခဲ့သည်။ ငိုနေတဲ့ကြားက မော့ကြည့်မိတော့ မျက်ရည်တွေကြားကမြင်ရသူမှာ…
“ကိုကို…”
“ထ, ပြန်မယ် ” ကြားရတဲ့ ကိုကိုအသံမှာ ဒေါသတွေမပါနေ။
ကမ်းပေးထားတဲ့ လက်ဖဝါးကျယ်ဆီ  Nelly လက်တစ်ဖက်ကိုထည့်ပေးလိုက်တော့ နွေးထွေးစွာဆုပ်ကိုင်လာသည်။ ထို့နောက်လမ်းကြားထဲက ထွက်လာရင်း ဘာစကားမှလည်းမဆိုဖြစ်သလို၊ တွဲထားတဲ့လက်ကလေးကိုလဲ မဖြုတ်။ Nelly ကရှိုက်သံလေးတွေထွက်နေသေးပေမယ့်။ YoonGi ကိုဘာမှလည်းမပြောသလို ကိုင်ထားတဲ့လက်ကလေးကိုပဲ ပျောက်သွားတော့မလို တင်းတင်းလေးဆုပ်ကိုင်ထားသည်။
YoonGi က Nelly ကို သူ့ကားဆီခေါ်လာကာ ကားပေါ်တက်စေသညါ။ပြီးနောက်သူကိုယ်တိုင်လည်း မောင်းသူနေရာမှာ၀င်ထိုင်ကာ ကားကိုမောင်းထွက်သွားတော့သည်။
“အိမ်သွားမလား?”
ကားမောင်းနေရင်းမေးလာတဲ့ကိုကို့ကြောင့် Nelly မှာခေါင်းကိုတွင်တွင်ခါမိလိုက်သည်။ Nelly အိမ်မပြန်ချင်သေးပါ။ တိတ်တိတ်ကလေးပြန်လာတာ ဒယ်ဒီမသိသေးသလို ကိုကိုနဲ့လည်းနှစ်ယောက်တည်းရှိနေချင်သေးသည်။
“ဘယ်မှာနေနေလည်းအခု”
“Hotelပေါ့ကိုကိုကလည်း”
ထပ်မေးလာတဲ့မေးခွန်းကို ခပ်စူစူဖြေမိတော့ YoonGi ကလှည့်ကြည့်လာသည်။ ပြီးနောက် ကားကို လမ်းကြောင်းပြောင်းလိုက်ရင်း။
YoonGi သည် Nelly ကို သူ့တိုက်ခန်းကိုခေါ်လာခဲ့သည်။ တံခါးဖွင့်ပြီး YoonGi က အိမ်ထဲကိုတောက်လျှောက်၀င်သွားပေမယ့် Nelly ကတော့ အိမ်၀လေးမှာရပ်ကျန်နေခဲ့သည်။
“ဝင်လာလေ”
YoonGi လှည့်ခေါ်တော့မှ Nelly က အိမ်ထဲကိုလိုက်၀င်သည်။ ပြီးနောက် ဧည့်ခန်းက ဆိုဖာပေါ်ထိုင်က တစ်အိမ်လုံးကိုစေ့စေ့စပ်စပ်ကြည့်တော့သည်။
ကိုကိုက သူနေဖို့ဒီအိမ်ကိုပြင်ဆင်ထားပုံပေါ်ပေမယ့် အခုထိနေသေးတဲ့ပုံမပေါ်ပါ။ ဘာလို့လဲဆိုဧည့်ခန်းမှာ ဆိုဖာတစ်လုံးကလွဲထူးထူးခြားခြားဘာမှမရှိနေ မီးဖိုချောင်လဲထိုနည်း၎င်းပင်။ ဟင်းချက်တတ်တဲ့ကိုကိုဟာ မီးဖိုချောင်ကို အလွတ်ထားမည်မဟုတ်တာ Nelly အတတ်သိသည်။ ခဏနေတော့ ကိုကိုက ရေခွက်လေးတစ်ခွက်ကိုင်ကာပြန်ထွက်လာသည်။
“ရေသောက်ဦး အော်ငိုထားတယ်မလား ”
Nelly ရေခွက်ကိုယူကာရေသောက်တော့ YoonGi ကဘေးမှာလာထိုင်သည်။ သူတို့နှစ်ယောက်အခြေအနေကဘာမှန်းမသိတော့ နှစ်ယောက်လုံးကသေချာပေါက်နေရထိုင်ရခက်နေကြသည်ပင်။
“ဘယ်တုန်းကပြန်ရောက်တာလဲ”
“ပြီးခဲ့တဲ့အပတ်က”
“ဘာလို့မပြောတာလဲ ပြန်လာတာကို”
“ဒီတိုင်းပဲ…”
Nellyဘာဖြေရမှန်းမသိပါ။ စိတ်ကူးထားတာတော့ ခဏပြန်လာပြီး ကိုကိုကသူ့ကိုလွမ်း‌မနေရင်ပြန်ပြေးမလို့ကို။
“ဆံပင်တွေရှည်လာတာပဲ ”
Scotlandမှာနေတဲ့ 2နှစ်အတွင်းတစ်ခါမှမညှပ်ဖြစ်ခဲ့လို့ ခါးထိအောင်ရှည်နေတဲ့ဆံပင်တွေကိုကြည့်ကာ YoonGiကပြောသည်။
“အင်း ဟိုမှာမညှပ်ဖြစ်လို့ ”
“လှတယ်”
“ဟင်?”
“လှတယ်လို့ မင်းနဲ့ ”
YoonGiရဲ့စကားကြောင့် Nellyမှာပါးလေးတွေရဲသွားရသည်။
“လွမ်းနေတာ။ ငါကထပ်ထွက်မပြေးတော့မှာမို့၊ မင်းလဲထပ်ထွက်မသွားရင် ကောင်းမယ် Nelly”
YoonGiရဲ့နောက်ထပ်စကားအဆုံးမှာတော့ Nellyဟာ YoonGiရင်ခွင်ထဲကိုတိုးဝင်လိုက်တော့သည်။ လုံလောက်ပါပြီ။ ကိုကိုလွမ်းနေခဲ့တယ်ဆိုတာနဲ့တင်အရာအားလုံးအတွက်လုံလောက်ပါပြီ။
ရင်ခွင်ထဲကို ကြောင်လေးလိုတိုး၀င်နေတဲ့ လူဆိုးမလေးကို ဆွဲထုတ်ကာ လွမ်းနေရတဲ့ နှုတ်ခမ်းဖူးလေးကို လိုလိုလားလားနမ်းရှိုက်မိသည်။ အကြိမ်များစွာနမ်းဖူးပေမယ့် ဒါဟာ YoonGiဘက်က စတင်တဲ့ ပထမဆုံးအနမ်းဖြစ်သည်။ ဘာအနှောင်အဖွဲ့မှမရှိ ရှေ့လျှောက် ဒီလူဆိုးမလေးဟာ သူ့အပိုင်အဖြစ်နဲ့။
........................................
YoonGi မှာ အိပ်ယာထဲစောင်နဲ့လုံးနေသော သူ့လူဆိုးမလေးကိုကြည့်ကာ စိတ်ဓာတ်ပါကျချင်နေသည်။
“Nelly လွှတ်ကွာ အိပ်ပျော်အောင်အိပ်တော့ မနက်ကျ စောစောထပြီး အိမ်ပြန်ရမယ် ”
ဘောင်းဘီစကို မလွှတ်တမ်းဆွဲထားသော Nelly က-
“မအိပ်ဘူး ကိုကိုလာအိပ်မှ အိပ်မယ်။”
ဟ!!! YoonGi သွေးပါတက်ချင်လာ၍ မျက်ခုံးနှစ်ခုကြားကို လက်မနဲ့လက်ညိုးသုံးကာ ဖိနှိပ်လိုက်ရသည်။ လူဆိုးမကိုအခန်းထဲ သိပ်ပြီး သူက ဧည့်ခန်းဆိုဖာပေါ်အိပ်မယ်ပြောတာကို မကြောက်မလန့် သူ့ကိုပါအခန်းထဲတူတူအိပ်ခိုင်းနေတဲ့ လူဆိုးမပါလေ။ ဒင်းနဲ့တူတူအိပ်ပြီးမှ မနက်ဖြန်သူ့အဖေကို ဘယ်လိုမျက်နှာနဲ့ ခွင့်ပြုချက်ယူရမလဲ။
“ကိုကိုပဲချစ်တယ်ဆို။ Nelly ကိုပဲ ဂရုစိုက်တော့မှာဆို.”
“မင်း အခု Hotel ပြန်တော့သွား ”
YoonGi ခပ်ငေါက်ငေါက်ပြောလိုက်တော့ မျက်နှာငယ်နဲ့ လူဆိုးမက ဘောင်းဘီစကိုလွှတ်လိုက်သည်။ ပြီးနောက်စောင်ထဲ တအိအိတိုးဝင်သွားပြီး အသံသေးသေးလေးဖြင့်…
“သိပါပြီ။ ထပ်ပြီးမနှင်ထုတ်ပါနဲ့လို့ ”
YoonGi မှာ သက်ပြင်းအရှည်ကြီးချက အခန်းပြင်ကိုထွက်သည်။ တံခါပိတ်ပြီးနောက် အခန်းရှေ့မှာ အကြောင်းမဲ့ရပ်နေမိရင်းက နောက်ထပ် သက်ပြင်းရှည်ကိုရှိုက်ထုတ်လိုက်မိသည်။ ပြီးနောက် အခန်းတံခါးကို ပြန်ဖွင့်လိုက်ရင်း။
အိပ်ယာပေါ်က စောင်လုံးရဲ့ ဘေးမှာ ပလက်အနေအထားဝင်လှဲလိုက်တော့ စောင်ပုံထဲက မကောင်းဆိုးဝါးမလေးက “ဟီးး ” ကနဲ စပ်ဖြဲဖြဲရီကာ ရင်ခွင်ထဲတိုးလာသည်။ တည်တည်တံ့တံ့လူကြီးလဲ လူဆိုးမလေးနဲ့ဆို အပြိုပြိုအလဲလဲရယ်ပါ။ ခပ်ဖွဖွလေးပြန်ဖက်ထားကာ ကျောလေးကိုပုတ်ကာချော့သိပ်မိသည်။ တစ်ယောက်တည်း 2နှစ်တောင် ဘယ်လိုဖြတ်သန်းခဲ့သလဲ ကလေးရယ်။
...................................
မနက်ခင်း မနက်စာစားနေရင်း ထမင်းစားခန်ထဲ၀င်လာတဲ့ YoonGi ကြောင့် ညက ဘာလို့အိမ်ပြန်မအိပ်လဲမေးမည်အပြုတွင် အနောက်က လိုက်ဝင်လာသူကိုတွေ့တဲ့အခါ Kang Jin Woo မှာ ထမင်းပင်နင်တော့မလိုဖြစ်သွားရသည်။
“ဟဲ့...ဟဲ့ Nelly ဘယ်လိုဒီရောက်နေတာလည်း မပြောမဆိုနဲ့ ဟင်?”
“လွန်ခဲ့တဲ့ တစ်ပတ်က” လူဆိုးမလေးကြောက်ရွံနေပြီး သူ့ကိုကိုနောက်၀င်ပုန်း နေလိမ့်မယ်လို့ ထင်ရင်မှားပါမယ်။ နှစ်ယောက်လုံးက အကြောတင်းသူတွေပီပီ ထမင်စားပွဲမှာ အေးအေးလူလူ၀င်ထိုင်ကြကာ Nelly က အိမ်အကူအဒေါ်ကြီးကို ထမင်းပင်လှမ်းတောင်းလိုက်‌သေးသည်။
“သား... Nellyလေးပြန်ရောက်တာဘာလို့မပြောတာလဲ”
Lee Hae Seo က ညင်သာစွာမေးသည်။
“ကျ‌တော်လဲမနေ့ကမှတွေ့တာ club မှာတွေ့လိုက်လို့ အနောက်ကိုလိုက်ကြည့်ရင်း ဖမ်းမိလာတာ”
ကြားရတဲ့စကားကြောင့် Kan Jin Woo မှာ မျက်ဖြူပါစိုက်ချင်သွားသည်။ နိုင်ငံခြားကမပြောမဆိုပြန်လာပြီး အဖေ့ကိုတော့ လာမတွေ့ပဲ YoonGi ကိုတော့ သွားချောင်းပုံရသည်။ အတော်မွေးရကျိုးနပ်ပါပေတယ်။
“ပြီးတော့ ကျတော် Nelly ကို မြတ်နိုးပါတယ်။ Uncle သာခွင့်ပြုမယ်ဆို သူ့ကိုကျတော် uncle စိတ်ချရတဲ့အထိ ဂရိုစိုက်ပေးချင်ပါတယ်”
YoonGi ဘက်က တရား၀င်တောင်ဆိုလာတဲ့အခါ Kang Jin Woo လည်း အနည်းငယ်တော့ စိတ်ပေါ့သွားရသည်။ သူ့သမီးကပဲအတင်းလိုက်ကြိုက်နေတာမျိုးထက်စာရင် YoonGi ကခွင့်တောင်းလာတော့တော်သေးသည်။ ဘေးက Hae Seo ကိုကြည့်တဲ့အခါမှာလည်း အကို့သဘော ဟူသော အပြုံးလေးနှင့်ခေါင်းညှိမ့်ပြသောကြောင့်-
“ခွင့်မပြုစရာမရှိပါဘူး။ တခြားလူမှမဟုတ်တာပဲ။ Uncle လည်းအစောကြီးထဲက ခွင့်ပြုပေးဖို့ပြင်ဆင်ထားပါတယ်”
“ကျေးဇူးပါ Uncle ” YoonGi ကရိုရိုသေသေ ကျေးဇူးတင်စကားဆိုသည်။ Nelly က-
”ဒယ်ဒီ ခွင့်မပြုလည်း Nelly က ကိုကို့ကိုပဲယူမှာ။ ကိုကိုက ခွင့်ပြုချက်တောင်းမယ်ဆိုလို့ငြိမ်နေပေးလိုက်တာ။”
သမီးဖြစ်သူရဲ့ ကတ်ကတ်လန်စကားကြောင့် Kang Jin Woo မှာ သွေးတက်လာ၍ ဂုတ်ပိုးကိုသာ လက်နဲ့ထိန်းကိုင်ထားရတော့သည်။ အံ့ဩလောက်တဲ့ဟာလေး။
…………………………………
ကိုကို့ လက်ဖဝါးကျယ်ထဲ နစ်မြုပ်နေတဲ့ လက်လေးကိုငုံ့ကြည့်လာ Nelly ပြုံးမိသည်။ ဒါဟာ သူထပ်ခါတလဲလဲမက်ခဲ့ရတဲ့ အိပ်မက်တွေ။ စိတ်ကူးထဲမယ် Itaewon က လမ်းသွယ်တွေထဲ ကိုကိုလက်ကိုတွဲကာ အကြိမ်ကြိမ်လျှောက်ခဲ့ဖူးသည်။ ဒီတခါက စိတ်ကူးယဉ်မဟုတ်ခဲ့ပါ။ အမဲရောင်ကို စွဲစွဲမြဲမြဲ၀တ်သူသည် shirt လက်ရှည်အမဲနဲ့ style pants အမဲကို ၀တ်ဆင်ထားကာ hoodieအဖြူ စကပ်အကျပ်လေးနဲ့ လူဆိုးမလေးရဲ့လက်ကို မြဲမြံစွာတွဲထားသည်။
Club မှာ အရေးတကြီးညွှန်ကြားစရာတစ်ခုရှိလို့လာတာမို့ နေ့ခင်းဘက်ဖြစ်ပေမယ့် လူဆိုးမလေးကို တကောက်ကောက်ခေါ်လာရသည်။ လက်ထဲမယ် ရောင်စုံချိုချဉ်လုံးတွေ ကိုင်ထားသော လူဆိုးမလေးဟာ အိမ်ကစစထွက်ချင်းတုန်းကလို ကြည်လင်မနေတော့ပါ။ အကြောင်းမှာ YoonGi က သူမ,၏ cigarettes ဘူးကို သိမ်းပစ်ကာ ရောင်စိုချိုချဉ်တွေဝယ်ပေးထား၍ဖြစ်သည်။
“ကိုကို ချိုချဉ်တွေ Nelly မကြိုက်ဘူး ”
“ကလေး cigarettes တွေသောက်တာလည်း ကိုယ်မကြိုက်ဘူးလေ ”
“ကိုကို မတရားဘူး ”
“အဲ့‌တော့ တရားအောင်ဘာလုပ်ပေးရမလဲ ”
ကိုကို့ဘက်ကစကားစခေါ်တာမို့ Nelly မျက်လုံးထောင့်ကပ်ကာ ခဏစဉ်းစားသည်။ပြီးနောက်-
“နမ်းမယ်။ cigarettes သောက်ချင်တိုင်း ကိုကိုနဲ့နမ်းမယ်လေ ”
Nelly စကားအဆုံးမှာ YoonGi က သူ့သွားလေးတွေပေါ်တဲ့အထိပြုံးသည်။ ထို့နောက် လူဆိုးမလေးရဲ့ ခါးတွေကို သိမ်းပွေ့ကာ နှုတ်ခမ်းဖူးလေးကို ငုံထွေးလိုက်တော့သည်။
…………………………………
Nelly ၏ 27နှစ်မွေးနေ့ပွဲကို YoonGi ရဲ့ club တွင် မြိုင်ဆိုင်စွာကျင်းပနေသည်။ ချစ်သူသက်တမ်း 2နှစ်ကျော်ကာလတွင် YoonGi ဟာ Nelly ကို သည်းသည်းလှုပ်။ စချစ်တာ Nelly ပေါ်ပေါ်ထင်ထင်ချစ်ခဲ့တာ Nelly ပေမယ့်၊ YoonGi က သိမ်းဆည်းထားတဲ့ သူ့ခံစားချက်တွေကိုဖွင့်ပြလိုက်တဲ့အခါမှာတော့ ဘေးပတ်၀န်းကျင်ကလူတွေမှာ အားကျရလွန်းလို့အားပါမရှိတော့။ အခုလဲ ဖိတ်ထားတဲ့ သူငယ်ချင်းများရဲ့ဝိုင်းတကာလှည့်သောက်နေသော အမူးသမားလူဆိုးမလေးအား တကောက်ကောက်လိုက်ကာ လိုက်ထိန်းနေပြန်သည်။ အေး‌စက်စက်ပုံစံအတိုင်း သူ့ကလေးမကိုတော့ ရုပ်တည်ကြီးနဲ့နွေးထွေးပေးနေခြင်းတွေကို မြင်ရသူတိုင်းတအံ့တဩ။
လူဆိုးမကတော့ ဆိုးမြဲဆိုးရစ်မြဲရစ်ဆဲမို့ သူ့ကိုကို ကို အမြဲဂျစ်ကျတာကမပြောင်းလဲ။ အခုလဲ သူမရဲ့ အခင်ဆုံး သူငယ်ချင်းမှာ လက်ထပ်သွားသဖြင့် သူလဲ လက်ထပ်တော့မယ်ဟု ဇွတ်လုပ်နေသည်။ YoonGi မှာလဲ လက်ထပ်ဖို့အစီအစဉ်ကရှိပြီးသော်ငြားလည်းအခုချက်ချင်းတော့မဟုတ်သေး။ သူ club ကို အခွဲတစ်ခုထပ်ဖွင့်ရမည်။ ပြီးရင် Nelly ကိုခေါ်က Europe တစ်ခွင် ခရီးထွက်ချင်သည်။ ဒါတွေပြီးမှ မိဘတွေနဲ့တိုင်ပင်ကာ လက်ထပ်ဖို့လုပ်ရမည်။ လူဆိုးမကမဟုတ်။ အခုဆိုအခု။
“YoonGi ငါတို့လာတယ် ”
အမူးသမားကိုထိန်းနေရင်းက သူငယ်ချင်းတစ်သိုက်ကရောက်လာကြောင်းပြောလာတာမို့။ ခဏလေးထားခဲ့လိုက်ကာ သူငယ်ချင်းတွေဝိုင်းကို စကားလေးဘာ‌လေးသွားပြောမိသည်။
သိပ်မကြာလိုက် club တစ်ခွင်ဖွင့်ထားသော သီချင်းသံများ တိတ်ဆိတ်သွားကာ စလိုက်မီးများက club dance floor ထိပ်တည့်တည့်မှာရှိနေတဲ့ DJ stage ဆီသို့။ Stage ပေါ်မှာတော့ coffee ရောင်ဖဲသား dress လှလှလေးကို ၀တ်ထားတဲ့ Nelly က micကိုကိုင်ထားသည်။ ထို့နောက် အော်ချလိုက်သည်က
“Min YoonGi, Marry Me!!!!” ဟူ၍ဖြစ်သည်။

𝑲𝒐 𝑲𝒐 ♡︎Where stories live. Discover now