8 glowဖို့

91 4 0
                                    

ဝင်းလက်တောက်ပတဲ့မျက်နှာလေးပိုင်ဆိုင်ဖို့ ပျားရည်ကိုဘယ်လိုသုံးကြမလဲ?💁🏼‍♀️

မျက်နှာလေး glow ချင်လိုက်တာလို့ မိန်းကလေးတော်တော်များများပြောတတ်ကြပါတယ်။ ဒီခေတ်ကြီးထဲမှာ လေထုညစ်ညမ်းမှုတွေ အစားအသောက်တွေ နဲ့ ဓာတုပစ္စည်းတွေကို ပုံမှန်ထက်ရေရှည်ထိတွေ့မှုတွေကြောင့် glow နေတဲ့မျက်နှာလေးရဖို့က ရဖို့မဖြစ်နိုင်ဘူးဖြစ်နေပါတယ်။ ဒါပေမယ့်လည်းပဲ ဘယ်လောက်ပစ္စည်းကောင်းတွေနည်းပညာကောင်းတွေပေါ်လာပါစေ ရိုးရှင်းပြီးထိရောက်တဲ့ အိမ်သုံးကုထုံးလေးတွေကသာ အကောင်းဆုံးဖြစ်နေဦးမှာပါ။

အဲ့ထဲမှာမှ ပျားရည်🍯လေးကလည်း ဝင်းလက်တောက်ပတဲ့မျက်နှာလေးတစ်ခုပိုင်ဆိုင်ဖို့ ပစ္စည်းကောင်းလေးတစ်ခုပါ။

ပျားရည်က မျက်နှာလေးကို ဘယ်လို ဝင်းလက်စေမှာလဲ 🧖‍♀️
ပျားရည်က ဝင်းလက်တောက်ပစေမယ့်အပြင် အရေပြားရဲ့ကျန်းမာရေးအကျိုးတွေကိုပါအောက်မှာပြောထားသလိုပေးပါသေးတယ်နော်။

🍯ဘက်တီးရီးယားကာကွယ်နိုင်တဲ့အတွက် ဝက်ခြံနဲ့ တခြားကူးစက်တဲ့ရောဂါတွေကို စိုးရိမ်စရာမလိုတော့ဘဲ မျက်နှာလေးဝင်းလက်စေပါတယ်။
🍯အသားရေကို ထိန်းသိမ်းပေးပြီး ပျက်စီးမှာပူစရာမလိုပဲ အိုမင်းရင့်ရော်မှုကို နှေးစေပါတယ်။
🍯နူးညံ့တဲ့ပါဝင်ပစ္စည်းတွေကြောင့် မျက်နှာလေးကိုရေဓာတ်ထိန်းသိမ်းပေးပြီး ချောမွတ်ပြီး ကြည်လင်တဲ့မျက်နှာလေးတစ်ခုပိုင်ဆိုင်စေမှာပါ။
🍯သန့်စင်စေတဲ့ တွက် မျက်နှာပေါ်က အပေါက်တွေကိုပွင့်စေပြီး ဆားဝက်ခြံတွေကိုလည်း ဟန့်တားနိုင်ပါတယ်။
🍯ချွတ်နိုင်တဲ့ ဂုဏ်သတ္တိပါလို့ မျက်နှာပေါ်က အမာရွတ်တွေနဲ့ အညိုကွက်တွေကို တဖြည်းဖြည်း ပျောက်စေပြီး ချောမွတ်တဲ့မျက်နှာလေးတစ်စုံပိုင်ဆိုင်စေပါတယ်။

ကဲဒါဆို ပျားရည်လေးကိုသုံးပြီး မျက်နှာလေး glow ဖို့လုပ်ရမယ့်နည်းလမ်းလေးတွေဆက်ပြောပြပေးမယ်နော်။

🍅:🍯 ခရမ်းချဉ်သီးနဲ့ပျားရည်လေးသုံးပြီး ဂလိုးကြမယ်
လိုအပ်သည့်ပမာဏ
.............................
.ခရမ်းချဉ်သီးမှည့် တစ်ခြမ်း၊ .ပျားရည်စားပွဲတင်ဇွန်းတစ်ဝက်၊ .မျက်နှာသုတ်ပုဝါတစ်ထည်
လုပ်ပုံလုပ်နည်း
.......................
အနှစ်ဖြစ်အောင် သစ်သီးဖျော်စက်နဲ့ကျိတ်ပါ.ပျားရည်နဲ့ရောပါ မျက်နှာသစ်ပြီး မျက်နှာပေါ်လူးပါ(မျက်လုံးစပ်ကနုနယ်တဲ့နေရာလေးတွေကိုရှောင်ပြီးလူးပေးပါ).၁၅မိနစ်လောက်နေပြီးရင် ရေအေးနဲ့ဆေးချလို့ရပါပြီ. မျက်နှာသုတ်ပဝါလေးနဲ့ ညင်သာစွာသုတ်လိုက်ပါ။ "တစ်ပတ်နှစ်ခါလုပ်ပေးပါ"
ဘာလို့လုပ်ပေးသင့်တာလဲ?
........................................
နှစ်ခုလုံးက တောက်ပပြီး အသားဖြူစေပါတယ်. ချွတ်နိုင်တဲ့ဂုဏ်သတ္တိရှိလို့ နေလောင်ကွက်၊ အညိုကွက်နဲ့အမည်းစက်တွေကို ပါးပါးသွားစေပြီး နဂိုအသားရေလေးဖြစ်စေမှာပါ.လိုင်ကိုပင်း(lycopene) လို့ခေါ်တဲ့ အရွယ်တင်စေတဲ့ဓာတ်ပါလို့ အိုမင်းရင့်ရော်မှုကို နှေးကွေးစေပြီး UVကြောင့်ဖြစ်တဲ့ ပျက်စီးမှုတွေကိုလည်း တားဆီးကာကွယ်ပေးနိုင်တယ်လေ။

🍋:🍯 ရှောက်သီးနဲ့ပျားရည်သုံးပြီးဂလိုးကြမယ်
လိုအပ်သည့်ပမာဏ
.............................
.ရှောက်သီးတစ်ဝက်မှ ညှစ်ထားသောအရည်၊ .ပျားရည်စားပွဲတင်ဇွန်း တစ်ဇွန်း၊ .မျက်နှာသုတ်ပုဝါတစ်ထည်
လုပ်ပုံလုပ်နည်း
.......................
တသားတည်းရတဲ့ထိ နှစ်ခုကိုရောပါ.မျက်နှာသစ်ပါ. မျက်နှာပေါ်လူးပါ(မျက်လုံးစပ်ကနုနယ်တဲ့နေရာလေးတွေကိုရှောင်ပြီးလူးပေးပါ).မိနစ် ၂၀ခန့်နေပါ.ရေနွေးနွေးနဲ့အရင်သစ်ချပြီးမှ ရေအေးအေးနဲ့သစ်ပါ.ပြီးရင်တော့မျက်နှာသုတ်ပဝါလေးနဲ့ ညင်သာစွာသုတ်လိုက်ပါ။ "တစ်ပတ်တစ်ခါလုပ်ပေးပါ"
ဘာလို့လုပ်ပေးသင့်တာလဲ?
........................................
သဘာဝကရတဲ့ သကြားနဲ့ သစ်သီးပါအက်စစ်တွေပေါပေါများပါဝင်တဲ့ရှောက်သီးဟာ ဗီတာမင် ဆီလည်းပါလို့ အရေပြားကျန်းမာရေးတွက်မရှိမဖြစ်ပါ. သေနေသောဆဲလ်တွေကိုဖယ်ရှားပေးပြီး အသားဖြူစေလာပါတယ်.အဆီထုတ်ခြင်းကို ဟန်ချက်ညှိပေးပြီးနောက် pHကိုလည်းထိန်းထားပေးနိုင်ပါတယ်

🍌:🍯ငှက်ပျောသီးနဲ့ပျားရည်သုံးပြီးဂလိုးကြမယ်
လိုအပ်သည့်ပမာဏ
.............................
.ငှက်ပျောသီးမှည့်တစ်လုံး၊ ..ပျားရည်စားပွဲတင်ဇွန်း တစ်ဇွန်း၊ ရှောက်ရည်စားပွဲတင်ဇွန်း တစ်ဇွန်း၊ .မျက်နှာသုတ်ပုဝါတစ်ထည်
လုပ်ပုံလုပ်နည်း
.......................
ငှက်ပျောသီးကို ညက်နေအောင်ခြေပါ.ပျားရည်နဲ့ရှောက်ရည်ရောပါ.မျက်နှာသစ်ပြီးနောက်မျက်နှာပေါ်လူးပါ(မျက်လုံးစပ်ကနုနယ်တဲ့နေရာလေးတွေကိုရှောင်ပြီးလူးပေးပါ).၁၅မိနစ်ခန့်နေပါ.ရေနွေးနွေးနှင့်ဆေးချပြီး တဘက်နှင့်သုတ်ပါ။ "တစ်ပတ်တစ်ခါလုပ်ပေးပါ"
ဘာလို့လုပ်ပေးသင့်တာလဲ?
........................................
ဒီ maskလေး အမည်းကွက်နဲ့အဖုတွေကို ပျောက်အောင်ကူပေးပြီးနောက် အသားရောင်ကိုတောက်ပဝင်းလက်စေမှာပါ.ပျားရည်နဲ့ရှောက်ရည်ရောနှောပြီးသုံးလိုက်သောခါ အသားလေးဖြူပြီး မျက်နှာတင်းရင်းလာပါလိမ့်မယ်.ငှက်ပျောသီးကတော့ မျက်နှာလေးကိုရေဓာတ်ထိန်းသိမ်းပေးပြီး အာဟာရဖြည့်တင်းပေးပါတယ်. အားလုံးပေါင်းလိုက်တော့ အရေပြားက အရင်ကထက် ပြေလျော့မှုသတ္တိတွေပိုတိုးလို့လာပြီပေါ့

❤️ကဲ အချောလေးတို့ လုပ်ကြည့်ပြီးရင် glow ကြောင်းကို comment မှာ reviewလေးတွေလာရေးပေးပါဦးနော်❤️

မြတ်
#DrZiwaka #ဒေါက်တာဇီဝက #honey #diy #ပျားရည်

Secret of BeautyWhere stories live. Discover now