၄၈ လက်သည်းကွဲခြင်း

15 0 0
                                    

လက်သည်းကွဲခြင်းသိကောင်းစရာအဖြာဖြာ 🤚
******************************************

ကျွန်ုပ်တို့ လက်သည်းလေးတွေက ခန္ဓာကိုယ်ရဲ့ ပြသာနာတွေနဲ့ အလေ့အထတွေကို ပြသနေတဲ့ အရာတစ်ခုပါ. ဒါကြောင့်ဒီနေ့မှာ ဒေါက်တာဇီဝက က လက်သည်းပဲ့ခြင်း ကျိုးခြင်းဘာကြောင့်ဖြစ်ရတာလဲ? ဘယ်လိုပြန်ကောင်းအောင်လုပ်မလဲ? နှင့် မဖြစ်အောင်ဘယ်လိုကာကွယ်လို့ရလဲ?ဆိုတာကိုပြောပြမှာပါ.

ဘာလို့ဖြစ်ရတာလဲ???
လက်သည်းကွဲအက်ခြင်းက အမျိုးသားတွေထက် အမျိုးသမီးတွေက အဖြစ်များပါတယ်. ဘာလို့လဲ ဆန်းစစ်ကြည့်လိုက်တော့ အောက်မှာပြောတဲ့ အချက်တွေကြောင့် ဖြစ်တာပါ.

(၁) အသက်အရွယ် !
အသက်ရလာတာနဲ့အမျှ လက်သည်းတွေက ပိုပြီးပါးလာပြီး ကွဲဖို့ပိုလွယ်လာပါတယ်. ခြေသည်းကျတော့ ပြောင်းပြန် အနေနဲ့ ပိုထူလာပါတယ်.

(၂) ရေနဲ့ များများထိခြင်း !
ရေများများကိုင်တွယ်ရတဲ့ အလုပ်လုပ်သူတွေမှာ လက်သည်းကွဲတာ ပိုပြီး အဖြစ်များပါတယ်. လက်သည်းနီခဏခဏဆိုးတာရယ် လက်သည်းဖျက်ဆေး အသုံးများတာက လက်သည်းကို ပျော့လာစေပြီး ကျိုးဖို့ ပိုလွယ်ကူစေပါတယ်.

(၃) မှိုစွဲခြင်း !
လက်သည်းအနီးတစ်ဝိုက်မှာ အနာတစ်ခုခုဖြစ်ရာကနေ လက်သည်းဆီပိုးကူပြီး မှိုစွဲစေပါတယ်. လက္ခဏာတွေက ကွဲခြင်း ပိုထူလာခြင်းနှင့် အဝါရောင်အညိုရောင်တွေ ပြောင်းလာခြင်းတို့ ဖြစ်ပါတယ်. လက်သည်းထက် ခြေသည်းက ရှူးဖိနပ်တွေစီးခြင်းကြောင့် မှိုစွဲတာပိုအဖြစ်များပါတယ်.

(၄) အာဟာရဓာတ်ချို့တဲ့ခြင်း !
ကျန်းမာပြီး လှပတဲ့ လက်သည်းခြေသည်းတွေ ပိုင်ဆိုင်နိုင်ဖို့ သံဓာတ် (iron),ပရိုတင်းနဲ့ ဗီတာမင် ဘီစတဲ့ ဓာတ်တွေလိုပါတယ်. သံဓာတ်ချို့တဲ့ခြင်းက လည်း လက်သည်းကွဲအက်ခြင်းကို ဖြစ်စေတဲ့ အကြောင်းတစ်ခုတည်းပါဝင်ပါတယ်.

(၅) အရေပြားရောဂါ !
အရေပြားပေါ်မှာ ကြမ်းတမ်းတဲ့ အနီအပိန်းများထတဲ့ psoriasisလို့ခေါ်သော အရေပြားရောဂါကလည်း ဖြစ်စေတဲ့ အကြောင်းအရင်းတစ်ခုပါ.

(၆) လည်ချောင်းမူမမှန်ခြင်း !
လည်ချောင်း(thyroid) နဲ့လည်း သက်ဆိုင်ပါတယ်. ခြောက်နေသောလက်သည်းများ ကြွပ်ဆပ်ဆပ်လက်သည်းတွေကို ဖြစ်စေတာ thyroid disorder ကြောင့်ပါ.
.............................................................................
ကုသလို့ရမယ့် နည်းလမ်းတွေကကောဘာတွေလဲ???
ကုရမယ့်နည်းက ဖြစ်တဲ့ အကြောင်းပေါ်မူတည်ပြီး ကွဲပေမယ့်လို့ ဆရာဝန်က ပေးတဲ့ ဆေးက အကောင်းဆုံးပါ. လက်သည်းဆိုးဆေးတွေကြောင့်ဖြစ်တာဆို မှိုသက်ဆေးတစ်မျိုးပေးမှာဖြစ်ပြီး အရေပြားရောဂါကြောင့်ဆို ဗီတာမင် ဒီပါတဲ့ လိမ်းဆေးအဆီတစ်မျိုးပေးမှာပါ. ဆရာဝန်တော်တော်များများကတော့ အလင်းရောင်ပေးပြီးကုတဲ့ ရောင်ခြည်ကုထုံးနဲ့ ကုဖို့ တိုက်တွန်းကြပါတယ်. အရမ်းနာနေပြီ.အနီစက်တွေပေါ်နေပြီ.ကိုင်လိုက်ရင်ပူနေပြီး တော်တော်နဲ့ လက်သည်းကရှည်မလာဘူး. ဖြစ်နေတာကလည်း ရှစ်ပတ်တောင် ကျော်နေပြီဆို ဆရာဝန်နဲ့ လုံးဝသွားပြဖို့လိုအပ်ပါတယ်
.............................................................................
မဖြစ်ခင် ကာကွယ်တာက အထိရောက်ဆုံးမို့ ကာကွယ်လို့ရမယ့် နည်းလမ်းလေးတွေကိုကော မသိချင်ဘူးလား???
- ရေပူနဲ့ အကြာကြီးထိခြင်းကိုရှောင်ပါ.
- လက်ဆေးပြီးတိုင်း moisturizers လေး လူးပေးပါ.
- တံစဉ်းတိုက်တဲ့အခါ ရှေ့တိုးနောက်ဆုတ်မညှိပဲ တစ်ဖက်တည်းတိုက်ပါ.
- acetoneမပါတဲ့လက်သည်းဖျက်ဆေးသုံးပေးပါ.
- လက်သည်းမကိုက်ပါနဲ့.
- လိမ္မော်ရည်,ပေါင်မုန့်နဲ့ နှံစားပြောင်းစတဲ့ ဗီတာမင်သတ္တုဓာတ်ပေါပေါများများပါတဲ့ အစားအစာတွေရွေးချယ်စားပါ.
လက်သည်းကျန်းမာရေးတွက်ထုတ်ထားတဲ့ beauty productလေးတွေလည်း ဆိုင်တွေမှာ ဝယ်လို့ရနေပြီလို့လည်း သိထားပါတယ်. အဲ့တော့ ဆောင်ရမှာနဲ့ရှောင်ရမယ့်နည်းလေးတွေကို ဒေါက်ဆီကနေ စုံစုံလင်လင်သိလိုက်ရမယ်လို့မျှော်လင့်ရင်း တာ့တာ့ပါဗျာ

မြတ်
#DrZiwaka #ဒေါက်တာဇီဝက #လက်သည်းကွဲခြင်း

Secret of BeautyWhere stories live. Discover now