၉၃ UV Index

14 0 0
                                    

" ခရမ်းလွန်ရောင်ခြည်ညွှန်းကိန်း (UV Index) "
========
အခုတစ်လောမှာ ခရမ်းလွန်ရောင်ခြည်ညွှန်းကိန်းနဲ့ ပတ်သက်ပြီးတော်တော်များများပြောနေကြပါတယ်။
မြန်မာနိုင်ငံမှာUV Index ဆိုတဲ့ ခရမ်းလွန်ရောင်ခြည် ညွန်းကိန်းတွေ အရမ်းမြင့်နေတယ်၊
အန္တရာယ်ရှိတဲ့အဆင့်ကိုရောက်နေတယ် စသဖြင့် လူတွေတော်တော်များများပြောကြဆိုကြ
ကြောက်ရွံ့ကြဖြစ်နေကြပါတယ်။
ဆေးခန်းမှာလည်းအရေပြားကင်ဆာကိုကြောက်လို့ဆိုပြီးလာပြကြတဲ့သူတွေကိုလည်း ထူးဆန်းစွာတိုးပွါးလာပါတယ်။ နေပူထဲကိုထွက်မိလို့ အရေပြား ကင်ဆာဖြစ်များ ဖြစ်တော့မှာလားပေါ့။

     ကြည့်ပါအုံးဆရာရယ်ဒီအကွက်က အရေပြားကင်ဆာလား၊ ဘာလားဆိုပြီး စိုးရိမ်စွာနဲ့လာပြကြပါတယ်။ တစ်ကယ်တော့မိုးလေဝသနဲ့ဇလဗေဒကနေသူ့ရဲ့ နေ့တဓူဝအလုပ်အတိုင်းပဲ ဒီခရမ်းလွန်ရောင်ခြည်အညွန်းကိန်းကိုထုတ်ပြန်တာပါ။

မြင့်လာတော့လည်း မြင့်လာတဲ့အလျောက် လူထုကို ထုတ်ပြန်ကြေငြာရတာပေါ့။
စိုးရိမ်စရာ၊ အန္တရာယ်ရှိနိုင်စရာ အချိန်တွေမှာလူထုအတွက် ထုတ်ပြန်ပေးနိုင်တာကိုက
ကျေးဇူးတင်စရာပါ။  သို့သော်လည်းလူထုကဒီအကြောင်းတွေကိုဂဃနဏ မသိလေတော့မျက်ပြူးဆံပြာဖြစ်ကုန်ကြပါတယ်။

     အခုပဲ နေရောင်ထဲ ထွက်လိုက်ရင် အရေပြားကင်ဆာ ဖြစ်တော့မလို ဖြစ်ကုန်ကြပါတယ်။
ဒီတော့ဒီအကြောင်းကို နည်းနည်းတော့ရေးသင့်ပြီလို့ ထင်လို့ရေးသားလိုက်ရခြင်းဖြစ်ပါတယ်။

ခရမ်းလွန်ရောင်ခြည်ညွှန်းကိန်း (UV Index)ဆိုတာ...

UV Index ကိုမြန်မာလိုပြန်လိုက်ရင်တော့
ခရမ်းလွန်ရောင်ခြည်ညွန်းကိန်းလို့ပဲပြန်ဆို ရမှာပါ။ ခရမ်းလွန်ရောင်ခြည်ရဲ့ပြင်းအားကိုတိုင်းတာတဲ့
စံနှုန်းတစ်ခုပါ။
နေ့စဉ် ရာသီဥတုဆိုင်ရာ သတင်းထုတ်ပြန်ချက်တွေမှာ ခရမ်းလွန်ရောင်ခြည်ရဲ့ ပြင်းအားဘယ်လောက်ရှိတယ်ဆိုတာကို အများပြည်သူတွေကို သိရှိအောင် တင်ပြဖို့အတွက် သုံးစွဲတဲ့ အတိုင်းအတာတစ်ခုပါ။
နေရောင်ခြည်မှာပါတဲ့ ခရမ်းလွန် ရောင်ခြည်တွေရဲ့ မြေပြင်အပေါ်ကို ရောက်ရှိသက်ရောက်နေတဲ့ပြင်းအားကို ကိန်းဂဏန်းနဲ့ ညွန်းဆိုပြသလိုက်ခြင်းပါ။

Secret of BeautyWhere stories live. Discover now