The Snow Flake

34 3 1
                                    

"အိမ်ရှေ့စံမင်းသား... ဆရာရောက်ပါပြီ"

အေးမြတဲ့ ဆောင်းဦးရာသီမနက်ခင်းက မြူနှင်းမှုန်တို့ဖြင့် အလှချယ်သခြင်းခံထားရသည်...

ပန်းနုရောင်ဝတ်ရုံကိုဝတ်ဆင်ထားတဲ့ အသက်ခပ်ငယ်ငယ် ကောင်လေးတစ်ယောက်...

လေပြေတစ်ချက်တိုက်ခတ်တိုင်း သစ်ရွက်ဝါတွေကြွေနေသော ချယ်ရီပင်ကြီးအောက်က လသာဆောင်လေးမှာ လက်ဖက်ရည်ကြမ်းလေးတစ်ခွက်ကိုနှစ်ခြိုက်နေသော လူငယ်လေး...

ပါးမို့မို့လေးနဲ့ အိစက်ပြီးဖူးကြွနေသော နှုတ်ခမ်းတစ်စုံ၏ပိုင်ရှင်...
ပုလဲလုံးလေးလိုဖြူဥနေသောအသားအရည်ပိုင်ရှင်လေးက မျက်ဝန်းလှလှလေးတစ်စုံကိုလည်းပိုင်ဆိုင်ထားသေးသည်

"လာခဲ့ပါမယ်..."

သောက်လက်စ လက်ဖက်ရည်ခွက်ကလေးအား စားပွဲပေါ်သို့အသာချကာ အထုပ်ကလေးတစ်ထုပ်ဆွဲရင်းဆရာရှိရာသို့ထွက်လာခဲ့တော့သည်

လသာဆောင်မှတစ်ဆင့် ပင်မအိပ်ဆောင်သို့ဖြတ်ကာ စာသင်ဆောင်သို့သွားရသည်

ဒီလသာဆောင်လေးက အိမ်ရှေ့စံဆိုသော လူငယ်လေးတစ်ယောက်တည်းဖို့ပင်...

လသာဆောင်ထဲသို့ အိမ်ရှေ့စံမှလွဲဘယ်သူမှမဝင်ရ အိမ်ရှေ့စံအားခစားရသော အစေခံများတောင် လသာဆောင်အပြင်မှရပ်စောင့်ကာ အိမ်ရှေ့စံမင်းသား လသာဆောင်က ထွက်မှ အနောက်က လိုက်ကြရသည်

စာသင်ဆောင်သို့ရောက်သောအခါ အသက်ခပ်ငယ်ငယ်လူလတ်ပိုင်း အမျိုးသားတစ်ယောက်သာထိုနေရာတွင်ထိုင်နေလေသည် ဆရာကိုတော့ရှာမတွေ့

အိမ်ရှေ့စံလေးလည်း ထိုအမျိုးသားရှေ့ရှိ စားပွဲတစ်ဖက်စွန်း၌ နေရာယူကာ စာအုပ်များကို အသာချရင်း ဟိုကြည့်ဒီကြည့်နှင့်ဆရာအားရှာဖွေနေသည်

"အဟမ်း..."

ထိုအမျိုးသား၏ချောင်းဟန့်သံကြောင့် အိမ်ရှေ့စံတစ်ချက်မျှ ကြောင်ကြည့်မိသွားသည်

'ဒီလူနေမကောင်းဘူးလား?'

ထို့နောက် ဆက်၍ဟိုကြည့်ဒီကြည့်လုပ်နေလိုက်သည်

My Shot StoriesWhere stories live. Discover now