ကျွန်တော် ယောင်းရဲ့မျက်နှာနဲ့ ယောင်းကဘယ်လိုဖြစ်တည်မှုပုံစံရှိလဲဆိုတာကို မမှတ်မိတော့ဘူး...
ဒါပေမယ့် သေချာပေါက် ရှင်းရှင်းလင်းလင်းနဲ့ကျွန်တော်နှလုံးသားထဲမှာမှတ်မိနေတာက ယောင်းကို Heather အကြောင်းမေးလိုက်တိုင်း ကျဆင်းလာတဲ့ ယောင်းရဲ့မျက်ရည်တွေပဲ...
ကျွန်တော် Heather ကိုအားကျတယ်...
ဟိုးငယ်ငယ်လေးကတည်းကတိုင်း ကျွန်တော်အဖြစ်ချင်ခဲ့ဆုံး ဆန္ဒက ယောင်းသိပ်ချစ်ရတဲ့ Heather ဖြစ်လာဖို့ပဲ......
Heather ပန်းလေးေတွလိုမျိုးနူးညံ့ပြီးလှပပေမယ့် စစ်သည်တော်တစ်ယောက်ဖြစ်တဲ့ Heather...
တစ်ရက်လောက်များဖြစ်နိုင်ရင် Heather ကဘယ်လိုလူမျိုးလဲဆိုတာ ယောင်းကိုထပ်မေးကြည့်ချင်ပါသေးရဲ့...
ယောင်းပြောပြခဲ့တဲ့ Heather ရဲ့အကြောင်းတွေကိုလည်းကျွန်တော်မမှတ်မိတော့ဘူး ယောင်း...
ကြည့်ရတာ ကျွန်တော် ဒီနေရာမှာ ဆက်ရှိနေဖို့မသင့်တော့ဘူးနဲ့တူပါရဲ့...
နောက်ဘဝများရှိခဲ့ရင်တော့ ယောင်းချစ်ရတဲ့ Heather ဖြစ်လာနိုင်ပါစေလို့ဆုတောင်းပါတယ်ယောင်း...
အခုတော့ ကျွန်တော်ယောင်းရှိတဲ့နေရာကိုလာခဲ့မယ် ကျွန်တော့်ကို ယောင်းမဆူဖို့တော့မျှော်လင့်ပါတယ်...ချောက်ကမ်းပါးအစွန်းမှ ခုန်ချသွားခဲ့တဲ့ လူငယ်လေး...
...
"Hea..Heather?"
"မင်းဟုတ်ပါတယ်နော်...?"
တိုးညှင်းသော အသံသေးသေးလေးတစ်ခု...
မျက်နှာကိုလာထိသော အထိအတွေ့လေးတစ်ခု...ရေစက်ကလေးတွေပါ ကျဆင်းလာသလိုခံစားလိုက်ရတာကြောင့် မိုးရွာနေသလားဟုပင်တွေးထင်လိုက်မိသည်
မျက်လုံးဖွင့်ကြည့်လိုက်မှ မျက်စိရှေ့မှာ အိမ်မက်လိုလို ဒဏ္ဍာရီဆန်တဲ့ အရာတစ်ခုက ရောက်နေလေရဲ့...
လက်တစ်ဝါးစာလောက်ရှိတဲ့ ရွှေရောင် ဆံပင်ကောက်ကွေးလေးတွေနဲ့လူသေးသေးလေး...
ဒါပေမယ့် အတောင်ပံတွေနဲ့ ထိပ်ချွန်နေတဲ့နားသေးသေးလေးတွေနဲ့...
