"မင်း..."
လက်ချောင်းရှည်သွယ်သွယ်၏ ထိုးညွှန်ခြင်းကိုခံလိုက်ရသည်
"Webtoon translator ကောဟုတ်ရဲ့လား! "
ဘာမှပြန်မဖြေပဲ ခေါင်းငုံ၍သာ ယုန်လေးတစ်ကောင်လို တုန်ရီနေသည်
"ရား! ဖြေလေ ကိုရီးယားစကားပါ မပြောတတ်တော့တာလား?"
ထအော်လိုက်သောအသံကြောင့် တုန်သွားသောခန္ဓာကိုယ်လေးသည် မျက်လုံးဝိုင်းဝိုင်းကြီးများနှင့် ပြန်စိုက်ကြည့်ကာ မျက်လုံးများကလည်း မျက်ရည်တို့စို့တက်နေသည်
"တောင်း.. တောင်းပန်ပါတယ် လက်ထောက်မန်နေဂျာ ကင် ကျွန်တော် ဒီအလုပ်ကိုတကယ်လိုချင်ခဲ့တာမလို့ပါ ပြီးတော့ အိမ်လခပေးဖို့ပိုက်ဆံလည်းလိုနေခဲ့လို့ပါ ကျွန်တော့်ကိုအလုပ်မဖြုတ်ပါနဲ့နော်"
မျက်ရည်များပါ ကျလာကာ အသံတုန်တုန်ရီရီနှင့် ခြေသလုံးဖက်တောင်းပန်နေသော လူငယ်လေးကြောင့် လက်ေထာက်ကင်တစ်ေယာက်ငါအရမ်းများလွန်သွားလားလို့ တွေးလိုက်မိသည်
"မင်းကို အလုပ်ဖြုတ်လိုက်ရင်လည်း နောက်ထပ်လူကိုအချိန်တိုအတွင်းမှာမရနိုင်ဘူး ပြီးတော့ ပရောဂျက်က စနေပြီး မင်းလက်ထဲကိုတောင်ရောက်နေပြီ အခုမှမင်းကို ဖြုတ်လိုက်လို့ မင်းကမကျေနပ်ဘူးဆိုပြီး ပြိုင်ဘက်ကုမ္ပဏီကို ရောင်းစားလိုက်ရင်ဘယ်လိုလုပ်မလဲ"
"အဲ့..အဲ့ဒါဆို ကျွန်တော်အလုပ်မပြုတ်တော့ဘူးပေါ့နော်"
မျက်ရည်စအနည်းငယ်ရှိနေသေးသော်လည်း ခုနကနှင့်မတူ ပြုံးပျော်သွားသည်မှာ တကယ့်ကလေးလေးလိုပင်
"ဒါပေမယ့် မင်းကိုငါကိုယ်တိုင် အင်္ဂလိပ်စာသင်ပေးမယ် အဲ့ဒီအတွက် အချိန်ပိုဆင်းဖို့တော့ပြင်ထား"
"ဟုတ်..ဟုတ်ကဲ့ပါ လက်ထောက်မန်နေဂျာကင်"
ယုန်သွားလေးများပေါ်လာသည့်တိုင် ကလေးတစ်ယောက်လို ပြုံးပျော်နေသော ဂျောင်ကုရယ်ပါ
'ချစ်စရာကောင်းသားပဲ'
ထိုကလေးကိုကြည့်ရင်း ပေါ်လာသောအပြုံးရိပ်လေးကတော့ ခဏလေးအတွင်းပျောက်ကွယ်သွားတယ်