Heather 3

7 1 0
                                    

..

"ဘာ!! အဲ့ဒီတော့ မင်းက လူသတ်လိုက်တယ်ပေါ့!"

"မှန်ပါတယ် အရှင်.."

‌ငွေရောင် အရောင်အဝါတို့နှင့်တောက်ပနေသော ပုလ္လင်ထက်မှ သူအား ဒူးထောက်ခစားကာ လျှောက်တင်လိုက်သည်

'သူက နတ်သူငယ်တို့ရဲ့ ဘုရင်လား...?'

"အရှင် Oberon! ကျွန်တော်မျိုးရှင်းပြပါရစေ..."

ဘေးနားမှ ခစားနေသော ယောင်းကစိုးထိတ်မှုအပြည့်နှင့်ထပြောလိုက်သည်

အရှင်‌က Heather ကိုအကြီးအကျယ် ဒေါသထွက်နေလေပြီ...

"တိတ်စမ်း! ဒီနေရာမှာ မင်းတို့ပြောချင်တိုင်းပြောခွင့်ရမယ်လို့ထင်နေတာလား?"

"ပြောစမ်း Heather မင်းဘာကြောင့် အခုလိုလုပ်လိုက်ရတာလဲ"

"တောင်းပန်ပါတယ် အရှင် ဒါပေမယ့်သူက ‌နတ်သူငယ် Xanthor ကိုအရင်ရန်ပြုခဲ့တာကြောင့် အခုလိုတုံ့ပြန်လိုက်ရတာပါ.."

"ခိုင်လုံတဲ့အကြောင်းပြချက်တော့ မဟုတ်ဘူးပဲ Heather! နတ်သူငယ်တွေရဲ့အလုပ်က လူသားတွေကိုစောင့်ရှောက်ဖို့ သူတို့ကနာကျင်စေခဲ့ရင်တောင် သူတို့ကိုတော့ပြန်နာကျင်အောင်လုပ်ခွင့်မရှိဘူး "

'ဘယ်လိုအကြောင်းပြချက်ကမှ ခိုင်လုံနိုင်မှာလဲ? ယောင်းကိုထိခိုက်အောင်လုပ်လို့ပြန်လုပ်တာက မဖြစ်သင့်ဘူးတဲ့လား...?'

ယောင်းကိုလှည့်ကြည့်လိုက်မိတော့ ယောင်းရဲ့မျက်နှာလေးက ငုံလို့.. နားလေးတွေလည်း နီမြန်းလို့...

'ယောင်းငိုနေတာများလား?'

"ဒါပေမယ့်... ဒါပေမယ့် အဲ့ဒီလူသားတွေက သူတို့ရဲ့လောဘနဲ့လိုအင်ဖြည့်ဆည်းဖို့အတွက် ‌နတ်သူငယ် Xanthor ကိုနာကျင်အောင်လုပ်ဖို့..."

"တော်သင့်ပြီ! မင်းလူသားတွေအကြောင်းကို ဘာမှမသိပါဘူး အဲ့ဒီလောဘတွေက လူသားတွေတည်ရှိနေရတဲ့အကြောင်းအရင်းပဲ ပြီးတော့ငါတို့ရဲ့တာဝန်က အဲ့ဒီလိုအင်လောဘတွေကိုဖြည့်ဆည်းပေးဖို့ပဲ မင်းကိုယ်တိုင်လူသားအဖြစ်မွေးဖွားလာမှ လူသားတွေအကြောင်းကို ပိုနားလည်လာလိမ့်မယ် Heather!"

My Shot StoriesTempat cerita menjadi hidup. Temukan sekarang