ချစ်ရပါသော Heather... မင်းအတွက်ဆို အသက်ကိုတောင်းဆိုလာရင်တောင် ငါပေးရဲပါတယ်....🍂
.....
"နတ်သူငယ် Xanthor သေချာစဥ်းစားပါဦး
ဒီအပြစ်လုပ်ထားတဲ့သူတစ်ယောက်အတွက် မင်းရဲ့မျိုးနွယ်နဲ့ နေရပ်ကိုစွန့်လွှတ်ခဲ့ပြီးပြီ အခုထပ်ပြီး မင်းရဲ့အသက်ကိုစွန့်လွှတ်ဖို့အထိ ထိုက်တန်လို့လား..?""ဒီထပ်ပိုတဲ့အရာတွေနဲ့ပိုပြီး ထိုက်တန်ပါတယ် Heather ကကျွန်တော့်အတွက်တော့ ဒီလိုသူမျိုးပါပဲ"
"မင်းက Venus နတ်ဘုရားမရဲ့လွှမ်းမိုးမှုကိုအပြည့်အဝခံနေရတာပဲ နတ်သူငယ် Xanthor မင်းရဲ့ဆုံးဖြတ်ချက်အတွက်နောင်တမရဖို့မျှော်လင့်ပါတယ်"
"စိတ်ချပါ အရှင် Oberno ကျွန်တော်မျိုးနောင်တရတဲ့အဖြစ်မျိုးရှိမလာစေရပါဘူး.."
"သူအသက် ၂၀ ပြည့်တဲ့နေ့မှာ ချမှတ်ထားတဲ့အပြစ်ဒဏ်ကိုပြန်ရုတ်သိမ်းပေးမယ် အဲ့ဒီအစား မင်းရဲ့အသက်ကိုပြန်အလျော်ပေးရမယ် နတ်သူငယ် Xanthor..."
"ကျေးဇူးကြီးမြတ်လှပါတယ် အရှင်..."
ကိုယ့်အသက်ကိုတောင်းဆိုနေတဲ့သူတစ်ယောက်ကို ကျေးဇူးတင်နေတာတဲ့ ...
ယောင်းဆိုတဲ့ Heather တစ်ယောက်တည်းအတွက် အရာရာကိုစွန့်လွှတ်နိုင်တဲ့ နတ်သူငယ်လေးက နတ်သူငယ် Xanthor အဖြစ်နဲ့လည်း ရဲရင့်ပြီးပြတ်သားတဲ့ တောင်းဆုဖြည့်ဆည်းသူလေးဖြစ်ခဲ့တာပေါ့...
"Heather..? မင်း... နတ်သူငယ်ပြန်ဖြစ်နေပြီပဲ!!"
လမင်းဝတ်ရုံကိုဝတ်ဆင်ထားတဲ့ Heather ကိုတွေ့တော့ တုံ့ဆိုင်းခြင်းမရှိပဲပြေးဖက်လိုက်သည်
"လွမ်းလိုက်ရတာ Heather ရယ် ငါ့မှာမင်းကို အခုလိုပြန်ထွေးပွေ့ထားနိုင်ခွင့်ရမယ့်အချိန်ကိုစောင့်ခဲ့လိုက်ရတာ..."
ဒါပေမယ့်... ကံမကောင်းစွာနဲ့ ယောင်းလက်ကလေးထဲမှာပဲ Heather က ပန်းပွင့်ဖတ်လေးတွေအဖြစ်ကိုပြောင်းလဲသွားခဲ့တယ်...
"Heather..? မဟုတ်ဘူး မလုပ်ပါနဲ့! အခုမှတွေ့ခွင့်ရတာ ခေါ်မသွားကြပါနဲ့ Heather Heather!!"
" ယောင်းအဆင်ပြေရဲ့လား...?"
"Heather!!"
"ကျွန်တော် ကုကီပါ ယောင်း Heather မဟုတ်ဘူး"