မနက်ခင်း နေရောင်ခြည်က အကောင်းဆုံးပဲ အရမ်းမပူသလို အရမ်းလည်းမအေးဘူး
ဒီအချိန်က exercise လုပ်လို့ကောင်းတယ် ခန္ဓာကိုယ်အတွက် oxygen လည်းကောင်းကောင်းရတယ်
exercise လုပ်ပြီးတာနဲ့ ကော်ဖီတစ်ခွက်ရယ် စာအုပ်တစ်အုပ်ရယ်ရှိရင်ကျွန်တော့်ရဲ့မနက်ခင်းကပြည့်စုံပြီ
ပြီးရင် ရေမိုးချိုးပြီး အလုပ်သွားဖို့ပြင်ရမယ် လစာကောင်းကောင်းရတဲ့ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်ရတာမလို့ အချိန်ကိုလည်းတိကျရမယ်လေ
Breakfast ကတော့ ပေါင်မုန့်မီးကင်ကို ထောပတ်သုတ်ပြီး ကြက်ဥကြော် တစ်ခု ကြက်ဥချောင်းတစ်ချောင်း တစ်ခါတစ်လေတော့ အရွက်သုပ်ပါတယ်
နေ့လည်စာကိုလည်း အလုပ်မသွားခင်တစ်ခါတည်းပြင်ဆင်ပြီး ရုံးကိုထမင်းဘူးယူသွားတယ်
ညစာကိုလည်းအိမ်ပြန်ရောက်တာနဲ့ကိုယ်တိုင်ချက်ရတာပေါ့
Healthy meal is a blessing မလား ကျွန်တော်က အဆီအစိမ့်တွေလည်းအရမ်းမစားနိုင်သလို အစပ်လည်းမစားနိုင်ပါဘူး ဒီကအစားအစာတော်တော်များများကကျွန်တော်နဲ့မအပ်စပ်ဘူးဗျ
အကြောင်းကတော့ ကျွန်တော်ကငယ်ငယ်ကတိုင်း နိုင်ငံခြားမှာကြီးပြင်းလာတာမလို့
နိုင်ငံခြားမှာကျ အသင့်စားအစားအစာတွေစားလားမေးရင် မစားပါဘူး အိမ်က မာမားက စားဖိုမှူးတစ်ယောက်ပီပီ ကျွန်တော်ကြိုက်တတ်တဲ့အစားအစာတွေကို သူကိုယ်တိုင် ချက်ကျွေးတာဗျ
ဒီရောက်တော့ မာမားမပါလာတာမလို့ ကျွန်တော့်ဘာသာချက်စားနေရတာပေါ့
ကျွန်တော့်နာမည်က ကင်မ်ထယ်ယောင်းပါ
အသက်ကတော့ ၂၇ နှစ်ရှိပါပြီ
ကျွန်တော်က ဩစတြေးလျမှာ ငယ်ငယ်ကတိုင်းကြီးပြင်းလာတဲ့ ဩစတြေးလျ-တောင်ကိုရီးယား ကပြားလေးပါ
မာမားက ဩစတြေးလျသူဖြစ်ပြီး ဒယ်ဒီကတော့ တောင်ကိုရီးယားသားပါပဲ
ကျွန်တော်အသက် ၂၃ လောက်မှာ တောင်ကိုရီးယားကိုကျောင်းလာတက်ပြီး Seoul National University ကနေ Business မေဂျာနဲ့ကျောင်းပြီးထားပါတယ်
အခုတော့ ကျွန်တော်က တောင်ကိုရီးယားရဲ့ထိပ်တန်းကုမ္ပဏီတစ်ခုမှာ လက်ထောက်မန်နေဂျာအဖြစ်တာဝန်ထမ်းဆောင်နေပါတယ်