အပိုင်း(၃)

133 20 0
                                    

နတ်ဘုရားအဖြစ် တတိယရက်

နတ်သူငယ်မျိုးနွယ်က ဒူးထောက်နေသော ပုံရိပ်မှာ အလွန်ကွာခြားလှသည်။

ဒီကမ္ဘာမှ မျိုးနွယ်စုခြောက်ခုတွင် နတ်သူငယ်မျိုးနွယ်သည် အဘက်ဘက်တွင် အထူးချွန်ဆုံးဖြစ်သည်။ သူတို့၏ မှော်အစွမ်းထိန်းချုပ်မှုက အကောင်းဆုံး၊ တိုက်ခိုက်နိုင်စွမ်းကလည်း ထူးချွန်သည်၊ သက်တမ်းကလည်း နဂါးမျိုးနွယ်ပြီးလျှင် ဒုတိယသက်တမ်းအရှည်ဆုံးဖြစ်သည်။ ထို့ပြင် ရုပ်ရည်သွင်ပြင်ကလည်း ထိပ်တန်းပင်။

ထို့ကြောင့် သူတို့သည် ဂုဏ်ယူစွာ မွေးဖွားလာကြသည်။

မွေးရာပါစွမ်းရည်များကြောင့် နတ်သူငယ်မျိုးနွယ်သည် အားနည်းသောမျိုးနွယ်များအား တန်းတူဆက်ဆံရန် ခက်ခဲလှသည်။ မာနနှင့် ကိုယ့်ကိုယ်ကို တန်ဖိုးထားခြင်းကြောင့် အခြားမျိုးနွယ်ကို ဦးညွှတ်ရန် မဖြစ်နိုင်။

နတ်သူငယ်မျိုးနွယ်၏ အုပ်ချုပ်သူဖြစ်သော လူစီ၏နာခံသောအမူအရာသည် ကျန်းစီအတွက် အလွန်ကွာခြားနေသည်။

သူသည် အလွန်လေးစားမှုရှိပြီး နာခံသော်လည်း မေးခွန်းမှာမူ ကျန်းစီ လက်လွတ်စပယ်ဖြေလို့ရသော မေးခွန်းမဟုတ်ပေ။
နတ်သူငယ်မျိုးနွယ်၏အမြင်တွင် လူသားမျိုးနွယ်သည် ပြောဖို့ရာပင် မထိုက်တန်။ လူသားမျိုးနွယ်သည် စိတ်ဝင်စားစရာမရှိအောင် အားနည်းလွန်းသဖြင့် နှစ်ပေါင်းများစွာ အာရုံမစိုက်ခဲ့ကြ။ဒါပေမယ့် လူသားများက နတ်ဘုရား၏ နှစ်သက်​​​ခြင်းခံရပြီး နတ်ဘုရား၏နှလုံးသားတွင် ထူးခြားသောနေရာရှိလျှင် နတ်သူငယ်မျိုးနွယ်များသည် လူသားများကို လုံးဝမတူညီသောအမြင်ဖြင့် မြင်ကြလိမ့်မည်။

အထူးသဖြင့် အာရုံစိုက်ဖို့ စိတ်ရှုပ်ခြင်းကနေ ပစ်မှတ်အဖြစ် နှင့် မကောင်းသောအမြင်ဖြင့် မြင်ကြမည်။

ကျန်းစီက မေးခွန်းကိုကြား၍
စက္ကန့်များစွာကြာသည်အထိ အဖြေပေးမလာသောအခါ ဆံပင်ငွေရောင်နှင့် နတ်သူငယ်က ငြိမ်သက်စွာ ကြည့်လာသည်။

"အရှင်"
လူစီ၏အသံသည် အလွန်နူးညံ့နေသည်။

ထိုအချိန်တွင် system သည် အတော်လေးစိုးရိမ်နေပြီး  သူရဲ့hostသည် ဒီအခြေအနေကို ဘယ်လိုဖြေရှင်းရမလဲ အမှန်တကယ်မသိလောက်ဟု တွေးနေသည်။

ဖန်ဆင်းရှင်၏ အလုပ်သင်လမ်းညွှန်[Myanmar Translation]Where stories live. Discover now