အပိုင်း(၂.၂)

127 24 0
                                    

နတ်ဘုရားအဖြစ် ဒုတိယရက်

"တွေ့ရတာဝမ်းသာပါတယ် လေးစားရတဲ့ host၊ system A508 က တင်ပြနေတာပါ"

ကျန်းစီရဲ့ မျက်တောင်များ လှုပ်သွားပြီး ဒီကမ္ဘာကို ရောက်လာတာ တစ်ဖက်သူကြောင့်မှန်း သိလိုက်သည်။

တာဝန်ရှိသူမှာ ရှောင်လို့မရတော့မှန်း သိသော​ကြောင့်

"အမှန်ပါပဲ၊ စနစ်ကမင်းကို ဒီကမ္ဘာဆီ ခေါ်လာတာပါ"

"ဘာလို့လဲ?"

ကျန်းစီ မေးလိုက်၏။

"မင်းရဲ့ စိတ်က အလွန်စွမ်းအား​​ကြီးတာကြောင့် ဂိမ်းကစားတုန်းက မင်းကိုယ်တိုင်တောင် မသိလိုက်ဘဲ ကမ္ဘာတစ်ခုကို ဖန်တီးမိလိုက်တာ"

အဲ့လိုလူမျိုး တစ်သန်းတွင် တစ်ယောက်သာ ပေါ်ထွက်နိုင်သည်။ပေါ်ထွက်လာချိန်တိုင်းလည်း စနစ်အလုပ်လုပ်ရမည့် အချိန်ပင်။

"ကမ္ဘာကပျက်စီးနေပြီ၊ အဲ့ဒါကို မင်းပဲတားနိုင်မှာ၊ စနစ်ရဲ့တာဝန်က ကမ္ဘာ့အစိတ်ပိုင်းတိုင်းကို ဖြစ်နိုင်သမျှ ထိန်းသိမ်းဖို့ပဲ၊အဲဒါကြောင့် မင်းကို ဒီခေါ်လာတာ"
ကျန်းစီသည် ချက်​​ကောင်းကို အလျင်မြန် ဆုပ်ကိုင်လိုက်သည်။

"ကမ္ဘာရဲ့ပျက်စီးမှုက ဘာကြောင့်ဖြစ်တာလဲ? ကိုယ်ကပဲ တားနိုင်တယ်လို့ ဘာလို့ပြောတာလဲ?"

system ကရှင်းပြလာသည်။

"host ကြောင့်ပါ၊ ကမ္ဘာကိုဖန်တီးတုန်းက နတ်ဘုရားရဲ့ကောင်းချီးပေးခြင်းမခံရတဲ့ ကမ္ဘာက သဘာဝဘေးအမျိုးမျိုး ကျရောက်နိုင်ခြေရှိတယ်လို့ စည်းမျဥ်းရေးဆွဲခဲ့တယ်လေ၊ မင်းကအကြာကြီး ပျောက်ကွယ်နေရင် ကမ္ဘာက ပိုပိုပြီး သဘာဝဘေးကို ခံစားရလိမ့်မယ်"

သူပထမဆုံး လေထဲမှ ကျလာချိန် ကျန်းစီသည် အမဲရောင်ကောင်းကင်ကို မြင်ခဲ့ရသည်။ မျက်စိမြင်နိုင်သ၍ ရာသီဥတုဘယ်လောက်ဆိုးကြောင်း မြင်နိုင်သည်။အခု သူကောင်းကင်ကို သေချာကြည့်လိုက်သောအခါ အကာအကွယ်နှင့်တူသော ကြည်လင်သောအဖုံးအကာကို မှိန်မှိန်လေးမြင်ရ၏။

မြို့တော်ကို ကာကွယ်ထားခြင်း။
မြို့တော်အပြင်မှ အရေအတွက်မသိရသော နယ်မြေများသည် သဘာဝဘေးကို ခံစားနေရမည်။

ဖန်ဆင်းရှင်၏ အလုပ်သင်လမ်းညွှန်[Myanmar Translation]Where stories live. Discover now