အပိုင်း(၆.၁)

113 17 0
                                    

နတ်ဘုရားအဖြစ် ၆ရက်မြောက်နေ့

အလင်း​ရောင်သည် ထိုလူ၏ နောက်သို့ လိုက်နေသလိုဖြစ်နေပြီး သက်တောင့်သက်သာရပ်နေလျှင်တောင် တစ်ယောက်ယောက်သည် မတတ်နိုင်ဘဲ သဘောတူကြမည့် ပုံရိပ်ကလေးဖြစ်သည်။လူငယ်လေးသည် မည်သည့်မျိုးနွယ်၏ အလှအပစံနှုန်းနှင့်မဆို ကြည့်ကောင်းလှ၏။

သူ့မျက်ခုံးများသည် လှပသည်၊ မျက်တောင်ရှည်များက မျက်လုံးများအောက် အရိပ်ငယ်လေးထင်နေစေပြီး သူ့နှုတ်ခမ်းများသည် ဖွဖွလေးပြုံးနေသည်ဟု ထင်ရသည်။ဖြူသောအသားရေနှင့် ရှည်ရှည်သွယ်သွယ် ပုံသဏ္ဌာန်လေးကို ထင်မြင်ချက်ထဲ ထည့်ပေါင်းပြီး မည်သည့်လိင်မဆို အိုင်ဗီရှေ့မှ ဆံပင်အနက်ရောင်နှင့်လူငယ်လေးသည် လှပမှု၏စံနမူနာပင်။

ထေ့ငေါ့နေသော အိုင်ဗီ၏ နှုတ်ခမ်းကွေးလေးများသည် ရုတ်တရက်ရပ်တန့်သွားသော သူ့အသံနှင့်အတူ ပျောက်ကွယ်သွားပြီး သူသည်ခဏတာ နှုတ်ခမ်းစွန်းလေးများကို ပြန့်လိုက်သည်။သို့သော် လူငယ်လေး၏နောက်မှလိုက်ပါလာသော ငွေရောင်ဆံပင်နှင့်နတ်သူငယ်ကို ဖျတ်ခနဲမြင်လိုက်သောအခါ သူ့မူရင်းပုံစံကို အလျင်မြန် ပြန်ပြောင်းသွားသည်။

ယခုလေးတင် ရုတ်တရက် စကားပြောရပ်သွားသော အချက်မှလွဲ၍ သူ့အမူအရာသည် မည်သည့်စိတ်ခံစားချက် ပြောင်းလဲမှုကိုမှ မမြင်နိုင်ပေ။

ကျန်းစီသည် ခြေလှမ်းအနည်းငယ်လှမ်းလျက် ပိုနီးကပ်လာသောအခါ မျက်မှောက်ကြုပ်နေသော အိုင်ဗီကို မြင်လိုက်ရ၏။ အခု ထိုအရာသည် မြင်သာသောခုခံမှုဖြစ်ပြီး ကျန်းစီသည် သဘောပေါက်လိုက်၍ ခြေလှမ်းများကို ရပ်လိုက်သည်။

အရိပ်မျိုးနွယ်၏အုပ်ချုပ်သူသည် သူ့အပေါ် ခါးသီးချက်တစ်ချို့ ရှိသည်နှင့်တူသည်။

ကျန်းစီ၏အတွေးများကို အတည်ပြုသကဲ့သို့ အိုင်ဗီသည် သူ့အာရုံကို သူတို့ဆီမှ အနည်းငယ် လွှဲလိုက်ပြီး မျက်နှာဖုံး မတပ်ထားသော မျက်နှာတစ်ဖက်ခြမ်းသည် မြင့်မြတ်၍အေးစက်ပုံ ပေါ်နေသည်။
"နတ်သူငယ်တွေ ပုံရိပ်ယောင်မြို့တော်ထဲ ဝင်လို့ရတယ်လို့ မင်းကို ဘယ်သူက​ပြောလဲ?"

ဖန်ဆင်းရှင်၏ အလုပ်သင်လမ်းညွှန်[Myanmar Translation]Where stories live. Discover now