အပိုင်း(၂.၁)

148 24 0
                                    

နတ်ဘုရားအဖြစ် ဒုတိယရက်

ငွေရောင်ဆံပင်၊ ရွှေရောင်တောက်တောက် ဘယ်ဘက်မျက်လုံး၊ မိုးပြာရောင် ညာဘက်မျက်လုံး နှင့် တောင်ပံခြောက်ခု။ ထူးခြားသော သွင်​ပြင်သုံးရပ်ကိုကြည့်၍ သူ့ရှေ့ရှိ နတ်သူငယ်ဘယ်သူဆိုတာ ကျန်းစီချက်ချင်းသိလိုက်သည်။

"လူစီ"

ကျန်းစီ တစ်ဖက်သူ၏နာမည်ကို သတိလက်လွတ် ခေါ်လိုက်မိ၏။
နတ်ဘုရား၏ ကြင်နာမှုကို သတ္တဝါတိုင်း လိုချင်သည်မှာ သဘာဝပင်။ သက်ရှိသည် သူ့ဖန်ဆင်းရှင်၏ ခေါ်သံကို ခုခံရန် ခက်ခဲသည်။ခေါ်သံကို ကြားသောအခါ လူစီသည် ဘဝသစ်ပင်ဆီ ဆက်ချဥ်းကပ်သွား၍ သင့်တော်သော အကွာအဝေးရောက်သောအခါ ဒူးတစ်ဖက်ထောက်လိုက်၏။

ဦးခေါင်းညွှတ်ပြီး ဖြေလိုက်သည်၊

"ကျွန်တော့်အရှင်"

ကျောမှ အဖြူစွတ်စွတ်တောင်ပံခြောက်ခုသည် သဘာဝကျကျနိမ့်ကျသွားပြီး အဖျားများသည် လေးစားမှု၊နာခံမှုကို ပြသဟန် မြေကြီးကို ထိနေသည်။

ကျန်းစီ လန့်သွားသည်။ ထိုအချိန်မှာ ခပ်လှမ်းလှမ်းမှ နတ်သူငယ်သုံးယောက်သည် ဘဝသစ်ပင်ဆီ အပြေးရောက်လာပြီး သူ့ကို အရိုအသေပြုကြ၏။

"အရှင်"

လူစီရဲ့ အသံနိမ့်နှင့် ယှဥ်လျှင် နတ်သူငယ်သုံးယောက်၏ အသံမှာ ပျော်ရွှင်၊စိတ်လှုပ်ရှားနေကြသည်။ပျော်ရွှင်မှုမှာ လျှံကျမတတ်ပင်။

ကျန်းစီ နှုတ်ခမ်းကို ဖွင့်လိုက်ပိတ်လိုက် လုပ်သည်။ ဒီလို မလုပ်ပါနဲ့။ ဒါက အဆင်ပြေမနေဘူး။သူဒါကို မခံယူဝံ့ပါဘူး။

"ဒူးထောက်စရာ မလိုပါဘူး"

ကျန်းစီ အလောတကြီး ပြောလိုက်သည်။

ကျန်းစီသည် လူစီရဲ့နောက်တွင် ရပ်နေသော နတ်သူငယ်သုံးယောက်၏ စူးရှသောအကြည့်များနှင့် ဆုံသွားသည်။
သူတို့အကြည့်မှာ အလွန်ကိုင်းရှိုင်းသည်။စစ်မှန်သော ကြည်ညိုလေးစား​ခြင်းကြောင့် ကျန်းစီထံမှ အကြည့်မလွှဲနိုင်​ကြပေ။ သူတို့စိတ်ထဲတွင်လည်း နတ်ဘုရားထံမှ အသိမှတ်ပြုခံချင်နေသည်။ နတ်ဘုရားမှ သူတို့အားသတိပြုမိစေချင်၏။နတ်ဘုရားမှ သူတို့အား အကြည့်တစ်ချက်လောက် ပေးစေချင်၏။

ဖန်ဆင်းရှင်၏ အလုပ်သင်လမ်းညွှန်[Myanmar Translation]Where stories live. Discover now