အပိုင်း(၅)

111 20 2
                                    

နတ်ဘုရားအဖြစ် ၅ရက်မြောက်နေ့

အရိပ်မျိုးနွယ်မှ အာ(ရ်)ဆင်ကို မလာရောက်ခင်မှာ နတ်သူငယ်မျိုးနွယ်သည် မြို့တော်အားပြုပြင်ရန် ပျော်ပျော်ရွှင်ရွှင် ဆွေးနွေးနေကြပြီး လေ့ကျင့်မှုများကိုပင် စနေကြပြီဖြစ်သည်။နတ်ဘုရားသည် အာ(ရ်)ဆင်ဆီ ဆင်းသက်ကတည်းက ကောင်းကင်မြို့တော်တွင် နေထိုင်ကြသောနတ်သူငယ်များသည် ပန်းတိုင်တစ်ခုတည်းအတွက် အရင်ကမရှိခဲ့သောညီညွတ်မှုဖြင့် စိတ်အားထက်သန်မှုသည် အမြင့်ဆုံးရောက်နေ၏။
နတ်သူငယ်များသည် သူ့အတွက် မြို့တော်ပြုပြင်ရေးနည်းလမ်းများကို လေ့ကျင့်နေကြသည်ကို ကြားသောအခါ ကျန်းစီသည် မျက်ခုံးပင့်လိုက်မိသည်။

"အာ(ရ်)ဆင်က ဒီအတိုင်းအဆင်ပြေပါတယ်၊ ပြီးတော့ စိတ်တိုင်းမကျတာလည်း မရှိပါဘူး"
နောက်ထပ်လည်း ပြောလိုက်၏။
"အဲ့တာကြောင့် အထူးတလည် ဘာမှမလုပ်နဲ့"

အခု ကျန်းစီသည် မြို့တော်၏အပေါ်ထပ်ရှိ ကြီးမားသော အဖြူရောင်နာရီမျှော်စင်သို့ရောက်နေပြီး မျှော်စင်ကိုပြုပြင်နေသော နတ်သူငယ်များကို မြင်နေရသည်။
"အကုန်လုံးက ဒါကို ဆန္ဒအလျောက် လုပ်ချင်နေကြတာပါ"

"ကျွန်တော်တို့က အရှင့်ကို ပိုပြီးလှပတဲ့မြို့တော်ကို မြင်စေချင်တာပါ"

ဒါက အဓိကအကြောင်းရင်းဖြစ်သည်။ အဲ့ဒါအပြင် နောက်ထပ်အကြောင်းရင်းလည်း ရှိသေးသည်။

သူတို့သည် ပိုကြီးပွားတိုးတက်
သည့်မြို့တော်ကို တည်ဆောက်ပြီး နတ်ဘုရားသည် နတ်သူငယ်မျိုးနွယ်ကို ပုံမှန်အတိုင်းရွေးချယ်လိမ့်မည်ဟု အခြားမျိုးနွယ်များအား ကြေညာလိုခြင်းဖြစ်သည်။
နတ်သူငယ်မျိုးနွယ်သည် စိတ်အခြေအနေကောင်းနေကြပုံရပြီး ကျန်းစီလည်း တားမနေတော့ပေ။

ကျန်းစီသည် လူမှုဆက်ဆံရေးများတွင် အလွန်အဆင်ပြေသော်လည်း အခြားသူများမှ ရွေးချယ်စရာတစ်ခုတည်းပေးလာသည်များကိုတော့
မကိုင်တွယ်တတ်ပေ။ယခုလိုမျိုးတစ်စုံတစ်ယောက်ကို ပျော်ရွှင်စေရန်အလို့ငှာ အကျိုးမမျှော်ကိုးဘဲပေးခြင်းသည် ရှားပါး၊တန်ဖိုးကြီးပြီး ရရှိနိုင်သူများမှာလည်း ကံကောင်းလှ၏။

ဖန်ဆင်းရှင်၏ အလုပ်သင်လမ်းညွှန်[Myanmar Translation]Where stories live. Discover now