part-8

117 16 2
                                    

(Uni code)

မနက်မိုးသောက်အလင်းရောက်ချိန်မှာတော့ဝမ်ဘုရင်တို့ဟာတောနက်ပိုင်းအတွင်းကိုဝင်ရောက်လာကြတယ်တောနက်လာသည်နှင့်အမျှတောရိုင်းကောင်များ၏အသံများဟာပိုလို့ပင်ကျယ်လောင်လာသည်။

မြေခွေးမိစ္ဆာများ၏စားကြတ်အားလည်းရှာလို့ပင်မတွေ့သေး။လိုက်ပါလာကြသောရဲမက်များသာမကသက်လုံကောင်းလှပါသည်ဟူသောဝမ်ဘုရင်နှင့်ကိုယ်ရံတော်သုံးဦးတို့မှာလဲဟောဟဲလှိုက်နေကြလေပီသို့သော်လဲတစ်ဦးတ‌စ်မျှမနားပါပဲဆက်၍ခရီးနှင်နေကြသည်။

တနေရာအ‌ေရာက်တွင်တော့ရေသံသဲ့သဲ့လေးအားကိုယ်ရံတော်ကျင်းရီကြားလိုက်ရသည်။ထို့ကြောင့်မောပန်းကာအားအင်များကုန်ခါနီးနေကြပီဖြစ်သောကိုယ်ရံ‌ေတာ် ၊ရဲမက်များနှင့်ရှင်ဘုရင်တို့အားက်ိုယ်လက်သန့်စင်စေလိုသောကြောင့်မင်းကြီးအားလျှောက်တင်လိုက်လေသည်။

"မင်းကြီးဒီအနီးတဝှိုက်မှာရေသံကြားရကြောင်းပါဒါကြောင့်ရေသန့်စင်ဖို့အတွက်နှင့်ခဏတာအနားယူရန်ကျွန်တော်မျိုးကိုထိုရေသံကြားရာနေရာကိုသွားသင့်ကြောင်းပါ"

"အင်းကောင်းပီရဲမက်တွေလဲမောနေကြပီဆိုတော့ကိုယ်တော်တို့ရေသံကြားရာကိုလိုက်ကြတာပေါ့"

"မင်းကြီးဒီရေသံဆိုတာတောခြောက်တာမျိုးများဖြစ်နေမလား"

ပြောပြောဆိုဆိုဖြင့်ရေသံကြားရာအားသွားရန်ပြင်လိုက်စဉ်နောက်မှစစ်ကျွေးကတွေးဆဆဖြင့်ပြောလာသောစကားကြောင့်‌ေရှ့မှသွား‌ နေကြသောရဲမက်များမှာအနည်းငယ်တော့ကြောင် အ သွားကြရသည်။စစ်ကျွေးလဲသူ့အားပြူးကြောင်ကာကြည့်နေကြ‌သူများကိုပြူးပြာသလဲရှင်းပြရလေသည်။

"ဒီလိုပါမင်းကြီး...အခုကျွန်တော်မျိုးတို့ရောက်နေတာတောနက်နေပီဆိုပေမယ်ဒီနေရာကအရမ်းခြောက်သွေ့နေတယ်ဒီအနီးတဝှိုက်မှာရေရှိတယ်ဆိုရင်ရွှံ့ဗွက်အနည်းငယ်တော့ရှိမှာပဲနောက်ပီးရှီနယ်ဘက်မှာကရေတွင်းရေအိုင်အင်မတန်မှရှားပါးလှတဲ့နယ်ပါဒါကြောင့်အခုလိုရေတံခွန်မှစီးကျလာသောရေသံမျိုးဆိုတာမဖြစ်နိုင်ပါဘူးမင်းကြီး"

(ကျန့်ကျန့်ချစ်တဲ့ဝမ်အိမ်ရှေ့စံ)(Z+U)Ongoing Where stories live. Discover now