(Uni code)
ရှောင်ကျန့်မက်မွန်သီးထုပ်အားပိုက်ကာမြောက်ကြွမြောက်ကြွဖြင့်ရှင်းယင်ယန်၏နန်းဆောင်နားသို့ရောက်လာသည်။
ယင်ယန်၏အစ်မဟာနတ်နန်းသခင်မဖြစ်တာကြောင့်နန်းတော်ထဲတွင်သာနေရသည်။
ညီမဖြစ်သူယင်ယန်အားစိတ်မချသောကြောင့်တစ်ဦးတည်းသောညီမလေးအားနန်းတော်တွင်းသို့တစ်ပါတည်းအပါခေါ်လာခဲ့ခြင်းကြောင့်ရှောင်ကျဲကျဲရှင်းယင်ယန်မှာနန်းတော်တွင်ကောင်းစားနေခြင်းဖြစ်ပေ၏။
ယင်ယန်၏နန်းဆောင်ပေါက်ဝသို့ရောက်သောအခါအခန်းပြင်ရှိရဲမက်နှစ်ဦးကတားသည်။ရှောင်ကျန့်လဲယင်ယန်အားတွေ့ချင်တာကြောင့်လာခဲ့တာဟုပြောလိုက်တော့မှရဲမက်နှစ်ဦးကယင်ယန်အားအသိပေးလိုက်လေသည်။
“ကြင်ယာတော်လောင်းရောက်ရှိကြောင်းပါ”
ယင်ယန်အခန်းထဲတွင်အမတော်ပေးထားသောအပြစ်ဖြစ်သည့်နတ်နန်းစည်းကမ်းများအားကူးရေးနေရင်းရှောင်ကျန့်ရောက်လာသည်ဟုဆိုသောကြောင့်စာပုံကြားထဲထိုးအိပ်နေရာမှခေါင်းထောင်လာခဲ့လေသည်။
ရှောင်ကျန့်လဲရဲမက်နှစ်ဦးအားမျက်စောင်းထိုးကာယင်ယန်၏အဆောင်တွင်းသို့ဝင်လာခဲ့လေသည်။
ရှောင်ကျန့်အဆောင်ထဲဝင်တော့ယင်ယန်ကပြူးတူးပြဲတဲနှင့်သူ့အားကြောင်ကြည့်နေလေသည်။
“ဘာကြည့်နေတာလဲငါအရမ်းတွေချောမောခန့်ညားလာလို့လား”
“အံ့ဩစရာ”
“နင်နော်”
“စတာပါဟာနင်ကလဲလာထိုင်”
“ဟွန့်!!”
ယင်ယန်ကပြောရင်းဘေးနားကကျွန်းခုံလေးအားပုတ်ပြကာထိုင်ရန်ပြောလေတော့ရှောင်ကျန့်လဲဆူပုတ်ပုတ်ဖြင့်ထိုင်လိုက်လေသည်။
“ရော့နင့်အတွက်ငါ ခူးလာတာ”
“ဘာကြီးလဲဟ”
“အထုပ်ကိုဖြည်ကြည့်ပေါ့ဟ”
ယင်ယန်လဲအထုပ်အားဖြည်ကြည့်လိုက်တော့မက်မွန်သီးမျာအားတွေ့လိုက်ရသောကြောင့်ဘာကိုမျှမစဉ်းစားတော့ပဲစားလိုက်တော့သည်။
YOU ARE READING
(ကျန့်ကျန့်ချစ်တဲ့ဝမ်အိမ်ရှေ့စံ)(Z+U)Ongoing
Фанфикшн"ငါယိုးမ system ကောင်ငါကအကွေးမဟုတ်ဘူးကွ" "နောက်တော့ကွေးသွားမှာပါhostရယ်" "ဒီဖေ!!" "တိမ်လွှာနန်းမြိုင်အတွင်းပိုင်းတွင်ဆူညံခြင်းမပြုရ" "ဆီလျော်မှုမရှိလိုက်တာ" "???" Start Date-13.4.2022(April)🌿
