(uni code) 🌿
ရှောင်ကျန့်ဝေါယာဉ်ပေါ်ကဆင်းလာသည်နှင့်တပြိုင်နက်ဘေးမှကြိုဆိုနေကြသောသူများမှာမျက်တောင်မခတ်တမ်းငေးမောမိသွားကြသည်။
နို့စိမ်းရောင်ဝတ်ရုံရှည်ကိုဝတ်ဆင်ထားပီးဆံနွယ်ရှည်တို့ကိုပိုနီတေးပုံစံစုစည်းထားပီးနို့စိမ်းရောင်ဝတ်ရုံရှည်ကိုဝတ်ထားလေသည်။
လက်တဖက်စီတွင်ယပ်ေတာင်တချောင်းနှင့်သူ၏လက်ဆွဲတော်ဖြစ်သည့်ဆင်စွယ်ရောင်ကြာပွတ်ကိုကိုင်ဆောင်ထားပီးခါးတွင်ချန်ချင်(ပုလွေ)ကိုချိတ်ထားသည်။
ရှောင်ကျန့်ကထိုပစ္စည်းများကိုတခုမှမသုံးတတ်ပါသို့သောမူလကြင်ယာတော်ေရှာင်ကထိုပစ္စည်းများကိုတခုမဟုတ်တခုသယ်ဆောင်သွားတတ်သည်ဟုဆိုတာကြောင့်ယူလာခြင်းဖြစ်လေသည်။
ယခုလဲသူ့ကိုကြည့်နေသောသူများအားအပြုံးလေးတခုဖြင့်တုန့်ပြန်လိုက်လေတော့လူတိုင်းမှာဟာခနဲဟင်ခနဲကရဖြစ်နေကြသည်။သူတို့စိတ်ကူးထဲမှာလဲသူတို့ကိုယ်တိုင်သာဝမ်အိမ်ရှေ့စံဖြစ်လိုက်ချင်စမ်းပါဘိသနဲ့ဟုကြုံးဝါးနေကြသည်။
ခရီးပန်းလာတာကတကြောင်းညကကုကုရဲ့ေဟာက်သံကောင်းမှုကြောင့်မအိပ်လိုက်ရတာကတကြောင်းကြောင့်အခုအချိန်တွင်မျက်ဝန်းများကလေးလံနေသည်။
ဝေါယာဉ်ပေါ်မှာလဲတလမ်းလုံးရ
ဆင်းလာတော့လဲပုရိသယောက်ျားများ၏မျက်ဝန်းအစုံတို့ဟာလိုချင်တပ်မက်မှုကြောင့်ကြည့်နေကြသည်မှန်းသိတာကြောင့်အပြုံးတပွင့်စွန့်ကြဲချလိုက်တော့ဟာခနဲဟင်ခနဲဖြစ်သွားကြသည်မှာအံ့ဩစရာတကယ့်နှာဘူးအကြီးစားများဖြစ်သည်။
ရှောင်ကျန့်လဲသူ့အတွက်စီစဉ်ပေးထားပုံရသောနန်းဆောင်ကိုလာခဲ့လိုက်သည်။ရှင်ဘုရင်နဲ့အိမ်ရှေ့စံကိုသွားနှုတ်ဆက်ဖို့ကနောက်ထားအခုသူအိပ်ချင်နေပီဒါကြောင့်နောက်မှနှုတ်ဆက်မည်ဟုတွေးထားလိုက်သည်။
နန်းဆောင်ရောက်တော့နန်းဆောင်ရဲ့အပြင်အဆင်ကိုအရင်ကြည့်ရသည်။နဂိုထဲကေရှာင်ကျန့်ဆိုတာအကောင်းအရမ်းကြိုက်တာတကယ်နာမည်ကြီး Brand ဖြစ်တဲ့ channel တို့ Gucci တို့လိုအကြီးစား brand တွေသာသုံးတာဖြစ်သည်။
YOU ARE READING
(ကျန့်ကျန့်ချစ်တဲ့ဝမ်အိမ်ရှေ့စံ)(Z+U)Ongoing
Fanfictie"ငါယိုးမ system ကောင်ငါကအကွေးမဟုတ်ဘူးကွ" "နောက်တော့ကွေးသွားမှာပါhostရယ်" "ဒီဖေ!!" "တိမ်လွှာနန်းမြိုင်အတွင်းပိုင်းတွင်ဆူညံခြင်းမပြုရ" "ဆီလျော်မှုမရှိလိုက်တာ" "???" Start Date-13.4.2022(April)🌿
