part-9

126 13 0
                                    

(Unicode)

ဒီနေ့ထူးဆန်းနေတယ်ရှောင်ကျန့်ရဲ့အဆောင်ကိုယင်ယန်မလာဘူးနောက်ပီးကုကုကလဲထွက်သွားတာကြာပီသူတို့ upgrade ကမပီးသေးတာလားမသိပြန်လာမှကောင်းကောင်းကြီးကိုရိုက်ပစ်ဦးမယ်ဟုရှောင်းကျန့်တေးထားလိုက်သည်။

“ပျင်းလိုက်တာနော်ဟူးးး”

ရှောင်ကျန့်သူ့ရှေ့ကကျောက်စားပွဲကြီကိုတတောက်တောက်ခေါက်ရင်း‌ မှေးထောက်ကာပျင်းရိစွာတစ်ယောက်တည်းရွတ်ဆိုနေလေသည်။

နောက်တော့မှေးထောက်ထားရင်းမှာအကြံရသွားဟန်ဖြင့်မတ်တပ်ရပ်လိုက်ကာတစ်နေရာသို့ဦးတည်လိုက်သည်။ထိုနေရာကတော့အိမ်ရှေ့စံတစ်ဦးတည်းသာဝင်ထွက်ခွင့်ရှိသောနန်းဥယာဉ်ဖြစ်၏။

ရှောင်ကျန့်အဲ့နေရာကိုသွားချင်တဲ့ရည်ရွယ်ချက်ကအဲ့ဒီဥယာဉ်တော်မှာတိရိစ္ဆာန်လေးတွေမျိုးစုံစွာရှိတယ်

ရွေသမင်လေးတွေဆိုအရမ်းလှ ၊ပန်းခင်းကြီးဆိုတာလည်းတကယ်ကိုအကျယ်ကြီးနှင်းဆီပန်း၊စံပယ်ပန်း၊သစ္စာပန်း၊သဇင်ပန်း၊ခွာညိုပန်း၊သစ်ခွပန်း၊ဂန္ဓမာပန်း၊    အို...ပန်းတွေဆိုတာအမျိုးစုံနေပါရောလား

ထိုထဲတွင်ရှောင်ကျန့်ကဂန္ဓမာပန်းအဖြူလေးအားအလွန်နှစ်သက်သူဖြစ်သည်။
တခြားပန်းတွေကိုကြည့်ပီးရှောင်ကျန့်စိတ်ထဲမှ‌ေတွးမိတာက

‘ဒီပန်းခင်းထဲကပန်းတွေသားရောင်းလိုက်ရရင်ရွေစတွေမနည်းမနောရမှာတောက်ခ်’

(A.N,ကျန့်ကောမဆိုးဘူးတခါထဲရောင်းပစ်😏)

ရှောင်ကျန့်လဲဥယာဉ်အပြင်ဘက်ကနေကြည့်နေရင်းမှအိမ်ရှေ့စံ၏နန်းဥယာဉ်ထဲသို့ဝင်ရန်အကြံထုတ်နေရလေသည်။

‘အင်းးးးအရှေ့ဂိတ်ကဝင်ရင်လည်းရဲမက်တွေရဲ့ဖမ်းတာကိုခံရမယ်..အနောက်ဂိတ်ကဝင်ပြန်ရင်လည်းအပျိုတော်တွေရေချိုးနေတာနဲ့သွားတိုးနေရင်ဒုက္ခ’

(A.N,ဒီနေရာမှာနားမလည်တာရှိမလားမသိဘူးအနောက်ဂိတ်သွာစရင်အပျိုတော်တွေရေချိုးတာနဲ့တိုးမယ်ဆိုတာကအနောက်ဂိတ်ရဲ့အနားမှာအပျိုတော်တွေအတွက်ရေချိုးဆောင်လုပ်ထားတာမို့လို့ပါနော်😁မရှင်းတာရှိရင်မေးနိုင်ပါတယ်)

(ကျန့်ကျန့်ချစ်တဲ့ဝမ်အိမ်ရှေ့စံ)(Z+U)Ongoing Where stories live. Discover now