Intro

3.9K 115 2
                                    

ဒါလေးကို ပိုးစီမှာတင်ပေးဖို့လာပြောနေကြလို့ တင်ပေးလိုက်ပါပြီရှင့်။
သိမ်းထားချင်တဲ့ငယ်လေးတို့ ရပါပြီလို့နော်...🙂🙂

Xiao Zhan

အသက်၃၀ နှစ်အရွယ် အောင်မြင်ကျော်ကြားတဲ့ သူဌေး xiao Xiao Zhan ဟာ ငယ်စဥ်က စိတ်ဒဏ်ရာတစ်ခုကြောင့် အချစ်ဆိုတာကို လုံးဝအယုံကြည်မရှိတော့ပေ။ သို့ပေမဲ့ ပွေရူပ်လွန်းတဲ့နေရာမှာ နာမည်ကြီးသလို အထာကျလွန်းတဲ့သူတစ်ယောက်။ တစ်ပါတ်တစ်ယောက်နူန်းတွဲတယ် တွဲသမျှမိန်းမတိုင်းကို ငွေပေး ခွာတယ်။ သူထင်တာက မည်သူကမှ သူ့ကိုအတည်ချစ်တာမဟုတ်ပဲ သူ့ဆီကငွေကိုမက်မောကြလို့ သူပြုသမျှနုကြရသည်၍သာ။

Yibo...

အသက် ၂၂ နှစ်အရွယ် Wang Yibo ဆိုသည့်ကောင်လေးကတော့ ကျောက်ကပ်ရောဂါသည်အဖေကြီးနှင့် နေထိုင်ကာ ဘဝကို ခက်ခဲစွာ သာမန်ဖြတ်ကျော်နေသူတစ်ဦးပင်။ အလုပ်လျှောက်ထားရင်း အလုပ်မရခင် အချိန်ပိုင်းအလုပ်များစွာဖြင့် ငွေရှာကာ ဖခင်၏ဆေးဖိုး စားစရိတ်ကို တာဝန်ယူထားရလေတယ်။

ဟောက်ရွမ်း/ကျန်းချန်

ရှောင်ကျန့်ရဲ့ငယ်သူငယ်ချင်းဖြစ်သူ ကျန်းချန်နဲ့ဟောက်ရွမ်းကတော့ ရှောင်ကျန့်အတွက် ဘယ်လက်ရုံး ညာလက်ရုံးလဲဟုတ် သူငယ်ချင်းလဲဟုတ် မိသားစုဝင်သကဲ့သို့ ရှောင်ကျန့်ဘဝရဲ့ယုံကြည်ရဆုံးသူနှစ်ဦး.....

ကျိယန်

ရိပေါ်ရဲ့ ငယ်ပေါင်းကြီးဖော် သူငယ်ချင်းလေးကျိယန်ဟာလဲ ရိပေါ်နည်းတူ ဘဝကို သာမာန်ဖြတ်သန်းနေသူတစ်ဦး ။ သူကတော့ စိတ်ညစ်စရာမရှိပေမဲ့ ရိပေါ်နဲ့ပက်သက်သမျှကတော့ သူ့ဘဝပေါ်လဲ သက်ရောက်သည်ဟုခံယူထားသူ

ရှောင်ကျန့် အသက် ၈ နှစ်အရွယ်မှာ မိဘနှစ်ပါးဟာ ကွဲကွာသွားခဲ့တယ်။ သူ့မျက်စိရှေ့မှာတင် သူ့အမေဟာ သူ့အဖေကို ဆင်းရဲလွန်းတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ သားဖြစ်သူမျက်နှာကိုတောင်တစ်ချက်ငဲ့မကြည့်ပဲ ချမ်းသာတဲ့ယောက်ကျားတစ်ယောက်နဲ့လိုက်သွားခဲ့တယ်။ အဖေက ငိုယိုကာ ဒူးထောက်မတတ်တောင်းပန်နေခဲ့တာကို လျစ်လျူရူ့ကာ ထွက်သွားခဲ့တဲ့ အမေဆိုသူကို သိပ်မုန်းတယ်။ အဖေ့ကို ရိုက်နှက်ကာ အမေ့လက်ဆွဲကာခေါ်သွားတဲ့ထိုလူ့ကိုလဲ သိပ်မုန်းတယ်။ တစ်နေ့ သူမသိပ်ကြိုက်တဲ့ပိုက်ဆံတွေကို ပုံအောပေးလို့ သူမကို အမေအဖြစ်ကစွန့်ပစ်မယ်။
အမေ့ကိုနာကြည်းလွန်းတာကြောင့် ဘဝကိုရုန်းကန်ကြိုးစားကာ ချမ်းသာအောင်ကြိုးစားခဲ့လေတယ်။ ကံကောင်းချင်တော့ အဖေ့ကိုအမွေဖြတ်ထားတဲ့အဖိုးက ပြန်လည်ခေါ်ယူကာ အမွေတွေပေးခဲ့တာကြောင့် ပို၍ပင်ချမ်းသာလာခဲ့တယ်။
ခုသူ အမေဆိုသူနဲ့ အမေကိုခေါ်သွားတဲ့ ထိုလူကြီးကို ရှာကာ ကောင်းကောင်းလက်စားချေမယ်။
.........
မထင်မှတ်ပဲ play boy လေး ရှောင်ကျန့်ဟာ ရိပေါ်နဲ့တွေ့ဆုံပြီး မဖြစ်ဖူးတဲ့ အချစ်တွေ အစပြိုးလုဆဲဆဲမှာ ရိပေါ်ဟာ သူသိပ်မုန်းတဲ့ ထိုသူနှစ်ယောက်ရဲ့သားမှန်းသိသွားတဲ့အခါ ဘာတွေဆက်ဖြစ်မလဲ....။
ရှောင်ကျန့်ထင်သလို တစ်ကယ်ပဲရိပေါ်ဟာ သူ့အမေ လိုက်ပြေးသွားတဲ့ သူနဲ့ရတာလား ဒါမှမဟုတ် သူမသိတဲ့ အကြောင်းရာတွေက ဘာတွေဖြစ်ခဲ့မလဲ....။ ရိပေါ်ကို ဘယ်လိုတွေနှိပ်စက်မလဲ ချစ်နေရက်နဲ့ ချစ်ရသူကို နှိပ်စက်ရတဲ့ ရှောင်ကျန့်ကရော ပျော်နိုင်ပါ့မလား။ .....?
ရှောင်ကျန့်မသိတဲ့ သူ့အမေနဲ့ ရိပေါ် အဖေကြားမှာ ဘာတွေရှိခဲ့လဲ။ သူ့အမေကိုရော ပြန်လည်ခွင့်လွတ်နိုင်ပါ့မလား........?ဆိုတာကို #မင်းနဲ့မှချစ်တတ်ခဲ့ပြီ#ဆိုတဲ့ Fic လေးမှာ ဆက်လက်အဖြေရှာရအောင်
....... ....... ........ ........ ......... ........

မင်းနဲ့မှ...ချစ်တတ်ခဲ့ပြီ....♥💛(Complete )Where stories live. Discover now