Ep (14)
ရိပေါ် ပုံမှန်နိုးနေကျအတိုင်း မနက် ၄ နာရီမှာနိုးလာခဲ့တယ်။ မနေ့ညက ငိုရင်းအိပ်ပျော်သွားခဲ့တာကြောင့် ခေါင်းကအလွန်ကိုက်နေလေတယ်။
ခေါင်းကို အသာယာဖိနှိပ်နယ်ကာ ထပြီး လူကြီး အတွက် အရာရာပြင်ဆင်ပေးဖို့ ထလိုက်တယ်။
မျက်နှာအမြန်သစ်ကာ ရေနွေးပူပူစပ်ပြီး အောက်ထပ်ဆင်းကာ မနက်စာပြင်ရတယ်။လူကြီးကတော့ ထိုမိန်းမနဲ့ တစ်ညလုံး အောက်ထပ် Guest Room မှာနေပါတယ်။
နာကြင်ရတာတွေများလာတဲ့အခါ အဝေးကြီးကိုထွက်သွားလိုက်ချင်တယ်။ ဒါပေမဲ့ အဲ့လိုလွပ်လပ်ခွင့်တွေတောင် ရိပေါ်ဆီမှာမရှိခဲ့ပါဘူး။ ရှေ့ကြည့် ရင် ပါးနဲ့တီမု ရှိနေသလို နောက်ကိုကြည့်ရင် ကလေးတွေရဲ့ အနာဂတ်...။ ထိုနှစ်ခုကို ထားပစ်ခဲ့ပြီး ရိပေါ် တစ်ကိုယ်ကောင်းဆန်ပြီး ထွက်သွားဖို့ မဖြစ်နိုင်ဘူးလေ...။ရိပေါ်စားပွဲပေါ်က cake နဲ့ မနေ့ညက ပြင်ဆင်ထားတာတွေရှင်းဖို့ စားပွဲဆီရောက်တော့ တစ်ဝက်လောက်လျော့နေတဲ့ကိတ်က ဖရိုဖရဲနဲ့ လက်ဆောင်ဘူးလေးကတော့ရှိမနေတော့ပေ။ ခေါက်ဆွဲပန်းကန်ကတော့ ပွကုန်လို့ အရာတော့မယွင်း....
စိတ်အစုံက တစ်ချက်ပျော်သွားသလိုပင် ဘာကြောင့်ဆိုတော့ ကိတ်ကို လူကြီးစားလိုက်တာလားဆိုတဲ့အတွေးကြောင့်ပေါ့....
အပျော်တွေမဆုံးလိုက်ပါ ရိပေါ် နားထဲဝင်လာတဲ့ ကန့်လန့်သံကြီးနဲ့အတူ ရိပေါ် နာကြင်ရခြင်းတွေ ပြန်အစပြုတယ်။လုလု....... အာ...ဒီက ကောင်လေး ။ Cake ကလေ တို့ ညတုန်းက ပင်ပန်းသွားပြီး ဗိုက်ဆာလာတာကြောင့် မောင်က စားလိုက်ဆိုလို့ စားလိုက်တယ်။ရတယ်မလား...။
စားပြီးမှ ရတယ်မလားမေးတာက ဘယ်လောက် စိတ်ပျက်စရာကောင်းလိုက်သလဲ...။
ရိပေါ်လှည့်ကြည့်တော့ bathode နဲ့ ထွက်လာတဲ့သူမက မရှက်တတ်တာလားပဲ...။ ယောက်ကျားလေးပဲ ရှိတဲ့အိမ်မှာ ယခုလိုနေရဲတာ တော်ရုံ အရှက်မဲ့တာမျိုးတော့မဟုတ်....။Yb....... ရပါတယ် စားပါ။ မဟုတ်လဲ ကျနော်က မနက်ရောက်ရင် ပစ်ဖို့စဥ်းစားထားတာ အမ စားလိုက်တယ်ဆိုတော့ ကောင်းတာပေါ့ ။ ကျန်နေသေးတာ Breakfast ထပ်စားဦးမလား။
YOU ARE READING
မင်းနဲ့မှ...ချစ်တတ်ခဲ့ပြီ....♥💛(Complete )
Fanfictionလူကြီး ကို မမုန်းခဲ့ပါဘူး.... ကျနော်ချစ်ခဲ့တာ မုန်းဖို့မှ မဟုတ်ပဲလူကြီးရယ်..... Yibo သိပ်ချစ်သလို သိပ်လဲမုန်းမိတယ် ချာတိတ်။ မင်းက ငါသိပ်မုန်းတဲ့လူရဲ့သွေးသားဘာကြောင့်ဖြစ်နေခဲ့ရတာလဲ.... ဒါပေမဲ့ ငါအမုန်းတွေ မပြောင်းလဲပေးနိုင်ဘူး မင်းရဲ့ကံကြမ္မာကိုပဲ...