Ep (4) +(5)
ရုတ်တရက်ကြီး ရာထူးတိုးသွားတဲ့ရိပေါ်ဟာ အိမ်ပြန်ရောက်သည့်ထိ မယုံကြည်နိုင်။
ဝမ်ပါးက သားဖြစ်သူတစ်ပြုံးပြုံးဖြစ်နေသည်ကိုကြည့်ကာ....
W..pa....... သား... ဘာတွေစိတ်ချမ်းသာစရာတွေရှိလို့ ပြုံးနေရတာတုန်း.....။
ပါး အမေးကို ရိပေါ်က ဖြစ်ကြောင်းကုန်စင်ပြောပြသည့်နောက်...
W..pa...... အင်း.... ပါး သားလေးက မိဘအပေါ်သိတတ်လွန်းလို့ ဘုရားသခင်က ကူညီစောင့်ရှောက်တာပေါ့ကွယ်....။ ဒါနဲ့ သားသူဌေးကို ကျေးဇူးတင်စကားပြောလိုက်ဦး....။
ပါး ပြောမှ ရိပေါ် သတိရသွားတယ်။ ဟုတ်သားပဲ လူကြီး ကို ရိပေါ် ကျေးဇူးတင်စကားပြောရဦးမည်လေ....။ဘယ်လိုပဲဖစ်ဖြစ် လူကြီးက ရိပေါ် ကျေးဇူးရှင် ဖြစ်သွားပြီပဲ....။
..................
နောက်တစ်နေ့ လုပ်ငန်းခွင်ရောက်သည့်အခါ.....
ရှောင်ကျန့် ရုံးခန်းထဲဝင်လာသည့်အခါ စားပွဲပေါ် ထိုင်ရုံရှိသေး ဟောက်ရွမ်းက ချာတိတ်က တွေ့ခွင့်တောင်း သည်ဆိုတာကြောင့် စိတ်ထဲ အနဲငယ်လေးတော့ လူပ်ရှားသွားတယ်။ ဘယ်လို အဓိပ္ပါယ်ဖွင့်ရမလဲတော့ ရှောင်ကျန့်မသိဘူး......
XZ...... ဝင်ခိုင်းလိုက်....။
ရိပေါ် လူကြီးရုံးခန်းထဲ ရောက်သည်နှင့် လူကြီးကို ကြည့်မိတော့ suite အနက်ရောင်နှင့် အရမ်းကို ခန့်ညားလွန်းနေတယ်။ Laptop ကို အာရုံစိုက်နေတဲ့ လူကြီးက သိပ်ကို ပြည့်စုံလွန်းတယ်။ ရှည်သွယ်သွယ် လက်ချောင်းလေးတွေကအစ ပြည့်စုံလွန်းတယ်။ ပိုပြီး ယောက်ကျားပီသစေသည်က လက်ခုံပေါ်က သွေးကြောစိမ်းစိမ်းလေးတွေ.......
ပိရိသေသပ်တဲ့ မှေးရိုးအကျ တင်းတင်းစေ့ထားတဲ့ နူတ်ခမ်းနီရဲရဲပါးပါးလေးနှင့် အဲ့နုတ်ခမ်းအောက်က မှဲ့နက်လေး..... အား.... အဲ့လောက် ပြည့်စုံရသလား လူကြီးရယ်.....။ ယောက်ကျားချင်းတောင် မနာလိုစရာ ကောင်းလိုက်တာ....
XZ....... ငေးလို့ ဝပြီလား ချာတိတ်...။ ငေးလို့ ပြီးရင် လိုရင်းပြော....။
လူကြီး က နတ်မျက်စိရှိသလားပဲ....။ သူကြည့်နေတာ ဘယ်လိုသိပါလိမ့်....။အရှက်ပြေချောင်းဟန့်ကာ...
YOU ARE READING
မင်းနဲ့မှ...ချစ်တတ်ခဲ့ပြီ....♥💛(Complete )
Fanfictionလူကြီး ကို မမုန်းခဲ့ပါဘူး.... ကျနော်ချစ်ခဲ့တာ မုန်းဖို့မှ မဟုတ်ပဲလူကြီးရယ်..... Yibo သိပ်ချစ်သလို သိပ်လဲမုန်းမိတယ် ချာတိတ်။ မင်းက ငါသိပ်မုန်းတဲ့လူရဲ့သွေးသားဘာကြောင့်ဖြစ်နေခဲ့ရတာလဲ.... ဒါပေမဲ့ ငါအမုန်းတွေ မပြောင်းလဲပေးနိုင်ဘူး မင်းရဲ့ကံကြမ္မာကိုပဲ...