Ep (19) + (20)
ပါးနဲ့ လူကြီးအဖေတို့ရဲ့ အဓိက အရင်းမြစ်က တီမု မှန်းသိလိုက်ရတဲ့အခါ ရိပေါ် အံသြတုန်လူပ်သွားမိတယ်။ သူလုံးဝ ထင်မထားခဲ့ဘူး အဲ့သူမက တီမုပါလို့။
ဒါ...ဒါဆို.. လူကြီးရဲ့ မားက... တီမုပေါ့။ ဒါဆိုရင် ကိုကို ရှောင်းလေးက လူကြီးပဲ။ သေချာပေါက် လူကြီးပဲ။ ဒါပေမဲ့ ဘာလို့ သေသွားပြီ ပြောရတာလဲ။ လူကြီးနဲ့ တီမုတို့ကြားထဲမှာ အကြီးကြီးတော့လွဲနေပါပြီ။
ရှောင်းရှောင်... ရှောင်းရှောင်ကျန့်..ဟုတ်တယ် လူကြီးက ကိုကို ရှောင်းလေးပဲ။
ရိပေါ်တွေဝေနေမိတယ် သူတီမုကို လူကြီးက ကိုကို ရှောင်းလေးပါလို့ ပြောပြသင့်လား ။ တီမုက အရမ်း shock ရသွားမှာလဲ ကြောက်ရတယ်။ ဟူး..... တစ်ကယ်ပဲ ဘာလုပ်သင့်လဲ။
လူကြီးကိုရော ဒီအကြောင်းတွေဘယ်လိုပြောရမလဲ ။ လက်ကော လက်ခံနိုင်ပါ့မလား။ တစ်ယောက်တည်းတွေးရင်း ရိပေါ် ရူးချင်လာမိတယ်။
Yb....... တီမု... ဟိုလေ...ကိုကို ရှောင်းလေး အဖေနဲ့ တီမုက တွေ့ဖြစ်ကြသေးလား။
TM...... ဟင့်အင်း.... ရှောင်းလေး စျာပန ပြီးကတည်းက မတွေ့တော့တာ ယနေ့ထိပဲ ။ သေလားရှင်လားတောင်မသိတော့ဘူး။
ရိပေါ် အတော်စိတ်လေပါတယ်။ ဘယ်ကနေ အစန လိုက်ကောက်ရမှန်းကိုမသိတော့ပါဘူးတစ်ကယ်။
W..pa......သား... ပါးမေးတာဖြေဦး ။ သားကို ဒီအကြောင်းတွေ ဘယ်သူပြောပြတာလဲ။
ရိပေါ် တီမုနဲ့ပါးကို ကြည့်တော့ ရိပေါ်အဖြေကို စောင့်နေကြတယ်။
ရိပေါ်လဲ မထူးဇတ်ခင်းကာ ပါးနဲ့တီမုကို အရမ်းမလန့်သွားကြဖို့ မှာပြီး လူကြီးနဲ့ရိပေါ်ရဲ့ဖြစ်ကြောင်းကုန်စင်ကိုပြောပြလိုက်တယ်။
ရိပေါ်ပြောတဲ့ထဲ မှာတော့ လူကြီးရိပေါ်ကို နှိပ်စက်တာတွေ အရမ်းမုန်းတာတွေ ထည့်မပြောခဲ့ပါဘူး။.ရိပေါ်ချစ်တဲ့ လူကြီးကို ပါးတို့ စိတ်ကွက်သွားမှာ မလိုလားဘူး။
အချစ်က ဝင်ကဘာ လိုပဲ အဝင်ပဲရှိပြီး ပြန်ထွက်ဖို့လမ်းမရှိဘူး။ အဲ့လိုပဲ ရိပေါ် လူကြီးကို ချစ်မိတဲ့အချိန်ကစပြီး အရာရာ လူကြီးအတွက်ပဲ ပေးဆပ်ချင်တာ။ တန်ပြန် အချစ်ကို မမျှော့်လင့်ပဲ ရိပေါ်ကပဲ ပေးဆပ် ချစ်နေဦးမှာ။
YOU ARE READING
မင်းနဲ့မှ...ချစ်တတ်ခဲ့ပြီ....♥💛(Complete )
Fanfictionလူကြီး ကို မမုန်းခဲ့ပါဘူး.... ကျနော်ချစ်ခဲ့တာ မုန်းဖို့မှ မဟုတ်ပဲလူကြီးရယ်..... Yibo သိပ်ချစ်သလို သိပ်လဲမုန်းမိတယ် ချာတိတ်။ မင်းက ငါသိပ်မုန်းတဲ့လူရဲ့သွေးသားဘာကြောင့်ဖြစ်နေခဲ့ရတာလဲ.... ဒါပေမဲ့ ငါအမုန်းတွေ မပြောင်းလဲပေးနိုင်ဘူး မင်းရဲ့ကံကြမ္မာကိုပဲ...