25+26

1.9K 97 7
                                    

Ep (25)+(26)

ရိပေါ် နောက်လှည့်မကြည့်တမ်းပြေးထွက်ခဲ့တယ်။ ရှင်းလေး ငိုပြီးအော်နေပေမဲ့ လှည့်မကြည့်မိတော့ဘူး။

ဘာလို့ပြေးနေမိမှန်းလဲ ရိပေါ်မသိတော့ဘူး။ အမှန်ဆို လူကြီးကို ရိပေါ် သတိရနေတယ်မဟုတ်လား။ ဒါပေမဲ့ လူကြီးမျက်နှာကို တွေ့ရတာ အတိတ်က ဖြစ်ရပ်တွေက ခေါင်းထဲမှာ အနှေးကွက်နဲ့ တစ်ခုချင်းဆီတိုင်းကို မြင်ယောင်လာတာမို့ ရင်ဘတ်ထဲက အောင့်သက်ကာ တဆစ်ဆစ်ပါပဲ ။

ဦးတည်ရာမဲ့ပြေးထွက်လာခဲ့တာ ရိပေါ်အိမ်ကို အတော်လေးကျော်သွားပြီ.... ထိုအချိန် နောက်ကနေ လက် မောင်းကဆောင့်ဆွဲခံလိုက်ရတာမို့ ရိပေါ်က ထိုလူရင်ခွင်ထဲ ပြိုလဲကျရတယ်။

အတင်းရုန်းနေသည့်အခါ....

XZ........ မရုန်းပါနဲ့.... ။ ကိုကို မင်းကို အရမ်းလွမ်းနေလို့ပါ...ဟင့်...အင့်....။ ဘာလို့ ကိုကို့ကို ထားခဲ့ရတာလဲ...။ ကိုကို... ကိုကို မင်းကို ရှာမတွေ့တော့ဘူးထင်နေမိတာ...။ အင့်... ....

ရိပေါ် ကြောင်အမ်းစွာ မရုန်း တော့ပဲ ငြိမ်သက်နေမိ​တယ်။ ခု... ခု... လူကြီးက ရိပေါ်ကို လွမ်းတယ်ပြောပြီး ငိုနေတာတဲ့လား...။ အိမ်မက်များလား... နောက်ပြီး သူ့ကိုယ်သူ ကိုကိုတဲ့လား. ဘာတွေလဲ ရိပေါ် နားမလည်တော့ဘူး.......

တစ်ခနလောက်ကြာသည့်အခါ....

Yb........ ဖယ်... ဖယ်ပေး...။ လွတ်....

အတင်းရုန်းကာ လူကြီးရင်ခွင်ထဲကနေ ထွက်လို့ တစ်ဖက်လှည့်လိုက်တော့ နောက်ကြောကနေ သိုင်းဖက်လာပြန်တဲ့ လူကြီး....

ရိပေါ်ရင်တွေ ခုန်နေတာများ ပရမ်းပတာကို ဖြစ်လို့ရယ်....

Yb....... ဘာလုပ်တာလဲ ။ လွတ်ပေး...။ လူမြင်ကွင်းကြီးထဲမှာ မရှက်ဘူးလား....။

နားရွက်ဖျားလေးတွေ ရဲပလောင်းခတ်ကာ အတင်းရုန်းနေပြန်တဲ့ အကောင်ပေါက်လေးကို နောက်ကနေ ဖက်လျက်သားဖြင့် ပါးကို ဖျတ်ခနဲ နမ်းလိုက်တော့ ဇတ်ကလေးပုဝင်သွားတာများ သိပ်ကိုအသဲယားစရာ ကောင်းလွန်းလှတယ်.....

ရှောင်ကျန့် ခုနတုန်က ဦးမင်ရန်အိမ်မှာ ရိပေါ်ကိုရုတ်တရက်တွေ့လိုက်တော့ လူကတစ်ကိုယ်လုံး ပျော်တာရော မယုံကြည်နိုင်တာရောပေါင်းကာ ထုံထိုင်းသွားသလိုခံစားလိုက်ရတယ်။

မင်းနဲ့မှ...ချစ်တတ်ခဲ့ပြီ....♥💛(Complete )Where stories live. Discover now