ရိပေါ် ကိုယ့်နားကိုယ်တောင်မယုံနိုင်... အခု လူကြီးက သူ့ကိုလက်ထပ်ပါလို့ပြောလိုက်တာတဲ့... ။ ရိပေါ် ရင်တွေအစမတန်ခုန်နေသလို မယုံကြည်နိုင်တာကော ရောကာ လူကြီးကိုသာ မျက်ဝန်းဝိုင်းဝိုင်းလေးတွေနဲ့မော့ကြည့်နေမိတယ်။
သေချာပေါက် အဲ့နေ့ညက လူကြီးက ရိပေါ်ကို မချစ်ဘူးလို့ပြောခဲ့တယ်မလား...။ အခုကရော ဘာစကားလဲ လူကြီးဘာဖြစ်ချင်နေတာလဲ။
ရှောင်ကျန့် သူ့ကိုမော့ကြည့်နေတဲ့ မျက်ဝန်းဝိုင်းလေးတွေကို ပြန်ငေးကြည့်နေမိတယ်...
သိပ်ပြီးမဖြူစင်ပြနဲ့ ချာတိတ်ရယ် ကိုယ်မင်းကို မုန်းချင်လို့ပါ....။XZ........ ဘယ်လိုလဲ...ကိုယ်ပြောတာ လုပ်ပေးနိုင်မလား....။
Yb........ မ... မနောက်... မနောက်ပါနဲ့ လူကြီးကလဲ..။ အဲ့.. အဲ့ဒါမျိုးက မနောက်ကောင်းဘူးဗျ....။
ရိပေါ်ခင်မျာ စကားတွေအထစ်ထစ် အငေါ့ငေါ့နဲ့ မျက်နှာလွဲလို့ဖြေရတယ်။ ခုချိန်ထိ ရိပေါ်က လူကြီးနဲ့ တိုင်ကြားထဲ ညှပ်နေတုန်း...။
XZ........ ကိုယ်မနောက်ဘူး....။ ကိုယ် မင်းဆီက ကျေးဇူးကြွေးကို တောင်းနေတာ...။ မင်း ကတိတည်မယ်လို့ထင်ပါတယ်။
Yb........ ဘာလို့လဲ...။ အကြောင်းပြချက်က ဘာလဲ လူကြီး...။ ကျေးဇူးကြွေးဆပ်ချင်တာမှန်ပေမဲ့ အိမ်ထောင်တစ်ခုပြုတာ ကလေးကစားစရာမှ မဟုတ်တာ... နောက်ပြီး ဘဝတစ်ခုလုံးဗျ....။
ရှောင်ကျန့် နုတ်ခမ်းတစ်ဖက်တွန့်ပြုံးလိုက်တယ်။ ချာတိတ်က ဘဝ တစ်ခုလုံး သူ့ကို ရည်ရွယ်တာတဲ့လား... ဟက် သနားစရာတော့ကောင်းနေပြီ...။
XZ......... အကြောင်းပြချက်မရှိဘူး ဒီအတိုင်း မင်း ကိုယ့်ကို လက်ထပ်ရမယ်။
ရက်စက်တာလား အသဲမာလွန်းတာလားပဲ လူကြီးရယ်။ ကျနော့်ဘဝက လူကြီး အတွက် ကစားစရာများထင်နေသလား။ ရောင်းကုန်တစ်ခုလို ရော့.. အင့်.. ဆိုပြီး ပစ်စလက်ခက် လုပ်နေရအောင် ကျနော် သက်မဲ့လူသားမှ မဟုတ်ပဲ...။
Yb......... ကျနော် လက်မခံနိုင်ဘူးဆိုရင်ရော...။ တစ်ခြားတစ်ခုပြောပါလား.. ဒါမဟုတ်တဲ့ တစ်ခြားဟာ...။
YOU ARE READING
မင်းနဲ့မှ...ချစ်တတ်ခဲ့ပြီ....♥💛(Complete )
Fanfictionလူကြီး ကို မမုန်းခဲ့ပါဘူး.... ကျနော်ချစ်ခဲ့တာ မုန်းဖို့မှ မဟုတ်ပဲလူကြီးရယ်..... Yibo သိပ်ချစ်သလို သိပ်လဲမုန်းမိတယ် ချာတိတ်။ မင်းက ငါသိပ်မုန်းတဲ့လူရဲ့သွေးသားဘာကြောင့်ဖြစ်နေခဲ့ရတာလဲ.... ဒါပေမဲ့ ငါအမုန်းတွေ မပြောင်းလဲပေးနိုင်ဘူး မင်းရဲ့ကံကြမ္မာကိုပဲ...