32 Final

2.7K 111 5
                                    

... Ep (32) Final....

ကဲ အဝဖတ်စေ.... အရှည်ကြီးရေးပေးထါးပါတယ်ကွယ်....

ဒီနေ့ ကိုကိုက ရုံးပြန်တတ်ပြီ ဖြစ်တာကြောင့် ရိပေါ်လေးက မားနဲ့ အိမ်မှာနှစ်ယောက်တည်း ပျင်းလှသည်...။

ကိုကိုက လိုက်ခဲ့ဖို့ခေါ်ပေမဲ့ ရိပေါ်က မလိုက်ဘူးငြင်းမိတာ နောင်တရတာပါပဲ....။ အနဲဆုံးတော့ လိုက်သွားရင် ကိုကို့ မျက်နှာကိုမြင်ရရင်တော့ သိပ်မပျင်းလောက်ဘူးပေါ့ ခုတော့.....

မားကလဲ ချက်ပြုတ်နေတော့ ရိပေါ် တစ်ယောက်တည်းရယ်...။ ချက်ကူ လုပ်ကူမယ်ဆိုလဲ လက်မခံကြပေ...။

ချစ်သော ကိုကိုကလဲ မှာသွားလေရဲ့ ရိပေါ်လေးကို ဘာမှ မခိုင်းရဘူးနော်တဲ့...။ မားက အရွန်းဖောက်လို့ ကိုကို့ကို ပြောလိုက်သေးတယ်
"ရှောင်းလေး လင်ကို မား အလှကြည့်နေမယ် တစ်နေကုန်"တဲ့....။

ဘာမှ လုပ်စရာ မရှိမဲ့ အတူတူ ရိပေါ်အိပ်ရန် အပေါ်ထပ်ပြန်တတ်သွားလိုက်တယ်....။
အခန်းထဲရောက်တော့ မွေ့ယာပေါ် တောင်လှိမ့်မြောက်လိမ့်နဲ့ အိပ်လို့မရတာကြောင့် လုပ်စရာများရှိမလား တစ်ခုခုရှာရင်း အဝတ်ဗီဒိုရှင်းရန် ဗီဒိုကို ဖွင့်ကာ ကိုကို့အဝတ်တွေကို လှန်လှော် မိတယ်....

အဝတ်ရှင်းတာထက် အဝတ်တွေ ဖွနေတာဆို ပိုမှန်ပါလိမ့်မယ်....။ အဝတ်တွေဆွဲထုတ်ရင်း ဗီဒို အနောက်ဘက်တွင် ခပ်မာမာ အရာတစ်ခု စမ်းမိတော့ အားနဲ့ နှိပ်ကြည့်မိတဲ့အခါ
^ ချောက် ^
ဆိုတဲ့အသံထွက်လာကာ ဗီဒိုဘေးရှိနံရံက တံခါးသကဲ့သို့ပွင့်သွားတော့တယ်။ .....

ရိပေါ် အံ့သြကာ ထိုပေါ်လာတဲ့ နေရာသို့ ဝင်သွားကြည့်တော့ မှောင်မဲနေရောပဲ...။ ဘာမှ မမြင်ရတဲ့အပြင် ရိပေါ်က အမှောင်ကြောက်သူမို့ ပြန်ထွက်ရန် အလှည့်မှာ ခလုတ်တိုက်မိပြီး နံရံကို လက်ထောက် မိတော့ မီးခလုတ်ကိုနှိပ်မိကာ အခန်းထဲက မီးဆိုင်းကပွင့်ပြီး တစ်ခန်းလုံးကို လင်းဝင်းသွားခဲ့တယ်.....။

ကို့ကို့အခန်းမှာဒီလိုလျို့ဝှက်ခန်းရှိမှန်းလုံးဝမသိခဲ့ပေ.....

လင်းလာတာနှင့် တစ်ပြိုင်နက် ရိပေါ် နောက်လှည့်ကြည့်လိုက်တော့ တစ်ခန်းလုံးကို အစိမ်းနုရောင်သုတ်ထားပြီး အောက်က ကြမ်းခင်းက 3Dထင်ပါရဲ့ ငါးလေးတွေ ရေထဲမှာ ကူးခတ်နေသည့်ပုံ.. သို့ပေမဲ့ အသေကြီး ပုံက အရှင်မဟုတ်ပေ...။ လူပ်ရှားအောင် နှိပ်လို့ရမဲ့ ရီမုဖြစ်ဖြစ် ဝေ့ဝဲရှာကြည့်လေတော့ ခုဏက ရိပေါ်ခုတ်တိုက်မိတဲ့အရာက မီးခုံကြီးဖြစ်နေတာမြင်ရသည့်အခါထိုမီးခုံကို ထက်နှိပ်ကြည့်တော့ ကြမ်းပြင်က ရွေ့လျားကာ ငါးလေးတွေကူးလူးသွားလာနေလေရဲ့ ပြီးတော့လဲ ရေပွက်သံလေးတွေလဲကြားရတယ်...။

You've reached the end of published parts.

⏰ Last updated: May 24, 2022 ⏰

Add this story to your Library to get notified about new parts!

မင်းနဲ့မှ...ချစ်တတ်ခဲ့ပြီ....♥💛(Complete )Where stories live. Discover now