unicode
ဆောနူလည်း နီခီ့ကို အရွဲ့တိုက်ချင်တဲ့စိတ်ဖြင့်သာ ကလပ်လာခဲ့တာ အခုတော့မှားနေပြီလားလို့တွေးမိတဲ့အထိပင်
အရင်က တစ်ခါမှ ကလပ်မတက်ဖူးခဲ့တဲ့ဆောနူအဖို့ အရာရာကြောက်လန့်စရာကောင်းနေခဲ့သည်
သူ့လိုလူကောင်သေးတဲ့လူက လူတိုင်းအတွက်အထင်သေးစရာများဖြစ်နေလားမသိပါ ထိကပါးရိကပါးလာလုပ်နေကြသူတွေကိုလည်း စိတ်ကုန်လာသောကြောင့် ပြန်ရန်ဆုံးဖြတ်လိုက်သည်" ကင်ဆောနူ "
" နီခီ ဒီကိုဘယ်လိုလုပ် "
မပြောမဆိုနဲ့လက်ကိုအတင်းဆွဲပြီး အပြင်ဘက်ခေါ်ထုတ်လာတဲ့နီခီ့ကိုကြည့်ရတာ တော်တော်လေးဒေါသထွက်နေတဲ့ပုံပေါက်သည်
" လက်နာနေပြီ နီခီ "
" ကင်ဆောနူရာ ဘာတွေလျှောက်လုပ်နေပြန်ပြီလဲဗျာ ဒီအချိန်ကြီး တစ်ယောက်ထဲ ကလပ်လာရအောင် ခင်ဗျားရူးနေပြီလား "
" ဘာလဲ ငါကလေးမဟုတ်တော့ဘူး ၁၈ပြည့်ပြီးပြီ ကလပ်တက်တာ အပြစ်လား "
နီခီ့ကို လုံးဝအလျှော့မပေးနိုင်ပါ
မှားတာက သူလားကိုယ်လားမခွဲနိုင်လောက်တဲ့အထိကို အော်ပြီးဆူပူနေတဲ့နီခီ့ကို စိတ်ပျက်လို့မဆုံးပင်" ခင်ဗျားကလေ ကျွန်တော့်ကိုဆို တစ်စက်ကလေးမှ အလေးမထားဘူး ဘာလုပ်လုပ်တိုင်ပင်မယ်မရှိဘူး ဘာလုပ်လုပ်ဘယ်သွားသွား သူများထက်နောက်ကျမဲ့သိရတဲ့ ကျွန်တော့်စိတ်ကိုရော နားလည်ရဲ့လား "
" ဘယ်သွားမယ် ဘာလုပ်မယ်ကအစ အစီအရင်ခံရအောင် မင်းကငါ့ရည်းစားလေ မင်းက ငါ့အဖေမှမဟုတ်တာ ငါ့အဖေဆိုရင်တောင် ငါ့ကိုလွတ်လပ်ခွင့်ပေးပြီးသား လိုက်ချုပ်ချယ်မနေဘူးငါကလူပဲ စဥ်းစားတတ်တယ် ကိုယ့်လမ်းကိုယ်နိုင်အောင် လျှောက်နိုင်တယ် "
" အဲ့တာဆိုကိုယ့်လမ်းကိုယ်လျှောက်လေ ဘာလို့ ကျွန်တော့လမ်းကို လာပိတ်နေရတာလဲ "
" မင်းဘာကိုပြောချင်တာလဲ မင်းလမ်းကိုငါကဘယ်မှာပိတ်ထားလို့လဲ "
" ဟုတ်တယ်လေ ကျွန်တော်က ဘယ်လမ်းသွားသွား ဘယ်လမ်းလျှောက်လျှောက် ကင်ဆောနူဆိုတဲ့တောင်ကို ဘယ်တော့မှကျော်သွားနိုင်မှာမဟုတ်ဘူး "
YOU ARE READING
DAFFODIL
Fanfictionချစ်ခြင်း၌ ဒုတိယအကြိမ် ပြန်လည်မွေးဖွားခြင်း SUNKI [unicode+zawgyi]