11 Final

1.4K 101 14
                                    

Unicode

ဆောနူတစ်ယောက် ကလပ်မှာ အဖော်မပါ တစ်ကိုယ်တည်း ကနေမိသည်
အရင်က ကလပ်တောင်မတက်ရဲတဲ့ ဆောနူက အခုတော့ ဘာကိုမှအကြောက်အလန့်မရှိတော့

" ကောင်လေးရေ အဖော်ပါလား မပါရင် ကိုကြီးနဲ့လိုက်ခဲ့မလား "

ဆောနူကနေတဲ့ကြား တိုးဝှေ့ကာ လာရောနေတဲ့ယောကျ်ားတစ်ဦးကို ဆောနူမဲ့ပြုံးလေးပြုံးပြပြီး ဆက်ကနေလိုက်သည်

" ဘယ်လိုလဲ ကိုကြီးနဲ့လိုက်မလား ကောင်လေး "

အတင်းတွေတိုးဝှေ့ကာ လက်မလျော့တဲ့အပြင် ဆောနူလက်ကို လာကိုင်ရန်ကြိုးပမ်းနေတာကြောင့် ဆောနူစိတ်ပျက်လာရသည်

" ဒီမှာ ဟေ့လူ အကောင်းပြောနေတုန်း ဘေးဖယ်နေလိုက်တော့နော် "

" စွာလှချည်လား ဘယ်သူ့အားကိုးနဲ့ အဲ့လောက်တောင်စွာနေရတာလဲ "

" ငါ့ဘဲအားကိုးနဲ့ ဘာဖြစ်လဲကွာ "

ဆောနူလည်း စိတ်တိုတိုနဲ့ ထိုလူမျက်နှာကို ထိုးချပစ်လိုက်သည် လှဲကျသွားတဲ့ထိုလူအပေါ်ကိုတက်ခွရင်း အဆက်မပြတ်ထိုးပစ်လိုက်သည်
ဘေးကလူတွေ ဝိုင်းဆွဲနေပေမဲ့လည်း မရပ်တန့်နိုင်ခဲ့ပေ

" ဆောနူ ရပ်တော့ "

​ဘေးကနေလာဆွဲတဲ့ ဂျိတ်နဲ့ဆောင်းဟွန်းကို တွေ့မှပဲ ဆောနူအသိစိတ်ပြန်ဝင်ကာ ရပ်တန့်လိုက်မိသည် ဆောနူထိုးခဲ့တဲ့ ထိုလူမျက်နှာမှာတော့ သွေးအလိမ်းလိမ်းထွက်လို့ စုတ်ပြတ်နေပြီဖြစ်သည်

ဆောနူလည်း ဆောင်းဟွန်းနဲ့ဂျိတ်တို့ သူ့ကိစ္စကြောင့် တောင်းပန်နေရတာကိုကြည့်ပြီး စိတ်မကောင်းဖြစ်မိပြန်သည် ဆောနူအခုတလော ပြသနာရှာသမျှအကုန် သူတို့နှစ်ယောက်ပဲ လိုက်ရှင်းပေးနေခဲ့ရတာမလား
ကိစ္စတွေပြီးသွားလို့ ဆောင်းဟွန်းကားနဲ့အတူ သုံးယောက်သား တိတ်ဆိတ်စွာနဲ့ပဲ ပြန်လာဖြစ်ကြသည် ဂျိတ်ကအရင်ဆုံး တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်

" ဆောနူ မင်းနည်းနည်းပါးပါး ထိန်းပါဦးကွာ ဒီနေ့စာမေးပွဲရော ဘာလို့လာမဖြေလဲ ဘယ်တွေသွားနေတာလဲ "

ဂျိတ်က ကားအရှေ့ခန်းကနေ အနောက်လှည့်ကြည့်ကာ သူ့ကိုစဆူနေပါပြီ ကားမောင်းနေတဲ့ဆောင်းဟွန်းကတော့ ဘာမှတော့ဝင်မပြော

DAFFODILWhere stories live. Discover now