Unicode
" ဆောနူ မင်းကိုသူရပ်စောင့်နေတာကြာနေပြီနော် သူနဲ့စကားပြန်ပြောကြည့်ပါဦးလား "
ဂျိတ်ပြောတာလည်း မှန်ပါသည် နီခီက သူ့အဆောင်ရှေ့လာရပ်စောင့်နေတာ နှစ်ရက်တိတိရှိနေပါပြီ
သူလည်း နီခီနဲ့တွေ့မိရင် စိတ်ပျော့မိမှာစိုးသောကြောင့် ဒီပိတ်ရက်နှစ်ရက်လုံးမှာ အပြင်မထွက်ဖြစ်ဘဲ အခန်းတွင်းအောင်းနေခဲ့သည်" ဂျိတ်ရာ ငါမပျော့ညံ့ချင်ဘူး ငါပင်ပန်းနေပြီ "
" မိုးလည်းချုပ်နေပြီ မိုးလည်းရွာတော့မယ်ထင်တယ် သူမိုးရေထဲမှာ ရပ်စောင့်နေရင် ဖျားသွားလိမ့်မယ် "
ဂျိတ်ပြောလို့ပင်မဆုံးသေး မိုးတွေရွာလာသည် အပြင်ဘက်ကိုလှမ်းကြည့်လိုက်တော့ မိုးရေထဲမှာရပ်စောင့်နေသေးတဲ့နီခီကိုမြင်နေရတော့လည်း စိတ်မချမ်းသာ
" မင်းသဘောပါပဲကွာ မင်းပျော်မဲ့လမ်းကိုပဲ ရွေးစေချင်တယ် ငါလည်းအခန်းပြန်ပြီနော် ဂွတ်နိုက်တ် ဆောနူ "
" အင်း မင်းလည်း ဂွတ်နိုက်တ် "
ဆောနူလည်း အပြင်ဘက်မှာရပ်စောင့်နေတဲ့နီခီ့အကြောင်းတွေးမိပြန်တော့ ငိုချင်လာသည် မတတ်နိုင်တဲ့အဆုံး ထီးတစ်ချောင်းဆွဲပြီး နီခီရှိရာ အဆောင်အပြင်ဘက်ထွက်လာခဲ့လိုက်သည်
" နီခီ "
" မိုးရွာပါစေလို့ဆုတောင်းနေတာ ဆုတောင်းပြည့်ခဲ့ပြီ တကယ်ကို မိုးရွာမှလာတွေ့တာပါလား "
" နီခီ မင်းရူးနေတာလား မိုးရွာနေတယ်လေ မိုးရေထဲမှာ ဘာလို့ရပ်နေတာလဲ ပြန်တော့ "
" ကင်ဆောနူ ကျွန်တော်လမ်းမခွဲပေးနိုင်ဘူးနော် ကျွန်တော့်ကိုထားခဲ့မယ်လို့မပြောနဲ့ ကျွန်တော်ကိုယ့်ကိုသတ်သေမှာ ကျွန်တော့်အကြောင်းသိတယ်မလား "
" မင်းအရူးထမနေနဲ့ မိုးရွာနေတယ်လေ ရော့ ဒီထီးဆောင်းပြီးပြန်တော့ "
" ဖယ် အခုမှလာဂရုစိုက်မနေနဲ့ အသစ်ရလို့ လမ်းခွဲချင်တာလား ကျွန်တော်မကောင်းလို့ လမ်းခွဲချင်တာလား ပတ်မင်နဲ့မပေါင်းစေချင်တာလား ဘာလို့လဲ ဘာလို့လမ်းခွဲချင်ရတာလဲ ဟိုပတ်ဆောင်းဟွန်းက ဖွင့်ပြောလို့လား ဂျိတ်လားအဲ့တစ်ယောက်ကဖွင့်ပြောလို့လား ဘာလို့လဲ ဘာလို့..."