Unicode
ဆောနူတစ်ယောက် နီခီနဲ့မတွေ့တာ တစ်လပင်ပြည့်တော့မယ်
တက္ကသိုလ်တူပေမဲ့လည်း မေဂျာမတူတော့ အတန်းချိန်တွေလည်းမတူတာကြောင့် နီခီအားတဲ့အချိန်ဆို ဆောနူမအား ဆောနူအားရင် နီခီမအား နှစ်ယောက်လုံးတွေ့ဖို့ အချိန်ကိုမရှိ
ညနေကျတော့လည်း နီခီက ကျောင်းက ဘောလုံးအသင်းထဲဝင်ထားတော့ ထရိန်နင်ဆင်းနေတာနဲ့မအားပြန်
အဲ့လိုနဲ့ပဲ ဆောနူနဲ့နီခီ မတွေ့ရတာတစ်လပြည့်တော့မယ်
ဒီပိတ်ရက်တော့ လျှောက်လည်မယ်လို့ နှစ်ယောက်လုံး ညှိထားကြသည်" ဆောနူရေ ခဏနေရင် ငါတို့မေဂျာနဲ့ စီးပွားစီမံမေဂျာနဲ့ ဘောလုံးပွဲရှိတယ် လာအားပေးမှာမလား "
ဘောလုံးပွဲကို လာအားပေးဖို့ ခေါ်နေတဲ့ ဆောနူရဲ့ အသစ်စက်စက်သူငယ်ချင်းလေး ဂျိတ်
ဘောလုံးပွဲကို အားမပေးလို့တော့မဖြစ် မေဂျာမှာရှိတဲ့လူကဖြင့် ယောကျ်ားလေးက ၁၈ယောက်မှာ ဘောလုံးအသင်းထဲမပါတာ ဆောနူနဲ့နောက်တစ်ယောက်ပဲရှိသည်
မိန်းကလေးကလည်း ၁၀ယောက်ပဲရှိတာမလို့ ဆောနူတို့မှ အားမပေးလျှင် အားပေးမဲ့လူရှိတော့မှာမဟုတ်
တစ်ဖက်ကကန်ရမယ့် နီခီတို့စီးပွားစီမံမေဂျာက လူများတာမလို့ အရှုံးခံလို့မရ အားရပါးရ ရှေ့ဆုံးကနေ သွားအားပေးမှရမည်" ဟုတ်လား နီခီက ဘောလုံးပွဲရှိတာ ပြောတောင်မပြောဘူး "
" မင်းက နီခီနဲ့သိတယ်ပေါ့ "
" မင်းကရော နီခီကို သိလို့လား "
" ဒီတက္ကသိုလ်မှာ နီခီ့ကို မသိတဲ့လူရှိလို့လား ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်မလား "
ဂျိတ်ပြောတာလည်း ဟုတ်ပါသည် နီခီက အခုဆို အတော်လေး နာမည်ကြီးလာသည်
ကျောင်းရဲ့ဆိုင်းဘုတ်တိုင်းမှာ နီခီ့ပုံပါသည်
ပိုစတာတွေရိုက်ဖို့လည်း ခဏခဏ ကမ်းလှမ်းခံရသည်
နေ့တိုင်း နီခီ့အကြောင်းတွေဆို မကြားချင်မှအဆုံး
တခြားမေဂျာတွေတော့ မသိ
ဆောနူတို့မေဂျာမှာ မိန်းကလေးရှိတာမှ ဆယ်ယောက်မှာ ကိုးယောက်လောက်က နီခီမှနီခီ
ဆောနူတို့မေဂျာမှာတော့ နေ့တိုင်းနီခီ့အကြောင်း ကြားရသည်
တော်တော်များများကတော့ နီခီနဲ့ဆောနူနဲ့ကို အတွဲတွေမှန်း မသိကြ
အမှန်အတိုင်းပြောရရင် ဆောနူဆိုတာ ဘယ်သူမှန်းတောင်သိကြမှာမဟုတ်
ဂျိတ်တောင်မှ နီခီကဆောနူရည်းစားမှန်း မသိခဲ့ဘူးလေ
ရှင်းရှင်းပြောရရင် ဆောနူနဲ့နီခီနဲ့က ကျောင်းထဲမှာလည်း သိပ်ပြီးတွဲသွားတွဲလာမလုပ်ဖြစ်ကြသလို
အွန်လိုင်း ဆိုရှယ်မီဒီယာတွေမှာလည်း နှစ်ယောက်တွဲပုံတွေ မတင်ဖြစ်တာကြောင့်လည်းပါသည်
တချို့တွေဆို နီခီနဲ့ပတ်မင်နဲ့ အတွဲလို့ထင်တဲ့ လူတွေတောင် ရှိကြသေးသည်
ဟုတ်လည်းဟုတ်ပါသည် နီခီနဲ့ပတ်မင်နဲ့က အဆောင်လည်းတူ မေဂျာလည်းတူ
အမြဲကျောင်းသွားလည်း အတူတူ တစ်တွဲတွဲ
ဘောလုံးအသင်းမှာလည်း အတူတူဆိုတော့ နီခီနဲ့ပတ်မင်ကို ခွဲပြီးမမြင်ဖူး