6

900 78 16
                                    

Unicode

ဆောနူလည်း နီခီ့အဆောင်မှာသွားအိပ်တဲ့ပြီးကတည်းက နီခီနဲ့မတွေ့ရတာ အခုဆို တစ်ပတ်ပြည့်တော့မည်ဖြစ်သည်
ကျောင်းမှာတော့ နီခီ့သတင်းတွေတော့ နားစွန်နားဖျားကြားရသည် နီခီနဲ့ပတ်မင်တို့အတူတွဲသွားတွဲလာမလုပ်တော့ဘူးဆိုတာတွေ ပတ်မင်က ကျောင်းတွေပျက်နေတယ်ဆိုတဲ့သတင်းတွေတော့ကြားရသည်
ဆောနူလည်း နီခီနဲ့ဖုန်းပြောရင်း ပတ်မင်အကြောင်းလေးသိချင်လို့မေးပေမဲ့လည်း
ပတ်မင်အကြောင်းဆိုမေးလို့တောင်မရ
ပတ်မင်အကြောင်း ပါးစပ်ကနေတောင်ပြောခွင့်မရှိ ပတ်မင်အကြောင်းမေးတိုင်း အမြဲစကားလမ်းကြောင်းလွှဲသွားတတ်တာမလို့ ဆက်မမေးဖြစ်တော့

အခုလည်း စာသာသင်နေတာ နီခီနဲ့ပတ်မင်အကြောင်းတွေသာ တွေးနေမိသည်

" ဟေ့ ဆောနူ အခန်းအပြင်ဘက်ကိုကြည့်လိုက် "

ဘေးက ထိုင်နေတဲ့ဂျိတ်က တိုးတိုးလေးပြောလာတာမလို့ လှမ်းကြည့်လိုက်တော့ အခန်းတံခါးအပြင်ဘက်မှာ မတ်တပ်ရပ်ပြီး ဖုန်းသုံးနေတဲ့နီခီ့ကိုတွေ့ရသည်

" မင်းကိုလာစောင့်တာထင်တယ် "

" မသိဘူး ငါ့ကိုလည်း လာတွေ့မယ်လို့လည်းမပြောထားပါဘူး ကိစ္စရှိလို့နေမှာပေါ့ "

ဆောနူလည်း နဂိုက စာထဲစိတ်မရောက်ပါဘူးဆိုနေမှ နီခီကအခန်းအပြင်ဘက်မှာရှိနေတော့ ဘာတွေသင်လို့သင်မှန်းတောင်မသိတော့
ဆောနူနည်းတူ အခန်းထဲက မိန်းကလေးတွေကလည်း နီခီ့ကိုလှမ်းလှမ်းကြည့်နေကြသည်
ဆောနူလည်း အတန်းချိန်ပြီးတာနဲ့ချက်ချင်း နီခီ့ဆီပြေးသွားလိုက်သည်

" နီခီ ဘာကိစ္စရှိလို့လဲ "

" အချစ်ကိုတွေ့ချင်လို့လာခဲ့တာလေ အတန်းပြီးပြီမလား မုန့်သွားစားရအောင် "

" အင်း သွားစားမယ်လေ ခဏလေး လွယ်အိတ်သွားယူလိုက်ဦးမယ် "

" ဂျိတ်ရေ ငါနီခီနဲ့ ခဏလိုက်သွားလိုက်ဦးမယ်"

" ဆောနူ မင်းနေ့လည်အတန်းချိန်ရှိသေးတယ်နော် အချိန်မှီပြန်လာ "

" အေးပါကွာ မင်းအတွက်ဘာဝယ်ခဲ့ရမလဲ ခေါက်ဆွဲဝယ်ခဲ့ရမလား "

" တော်စမ်းပါ ငါ့စကားသာနားထောင်ပြီး အချိန်မှီလာခဲ့ tutorialဖြေရမှာနော် နောက်ကျရင် အမှတ်လျော့လိမ့်မယ် ငါပြောတာ နားလည်တယ်မလား "

DAFFODILWhere stories live. Discover now