Unicode
နီခီ
နီခီ
နီခီဒိုင်ယာရီ စာရွက်တိုင်းရဲ့ ထိပ်ဆုံးမှာ အမြဲတမ်း နီခီဆိုတဲ့ စကားလုံးလေးနဲ့ အစပြုတယ်
ဒိုင်ယာရီစာအုပ်ပိုင်ရှင်လေးကတော့ ကင်ဆောနူဆိုတဲ့ တက္ကသိုလ်ကျောင်းသားလေးပဲဖြစ်သည်
ဆောနူရေးရေးနေကျ နီခီဆိုတာလည်း တခြားတော့မဟုတ် ဆောနူရဲ့ရည်းစားဆိုးလေး နီရှီမူရာရီခီ
ပြောရရင်တော့ နီခီနဲ့ဆောနူ ရည်းစားတွေဖြစ်လာခဲ့တာ
အခုဆိုရည်းစားသက်တမ်း၃နှစ်ပြည့်ဖို့ ၂လလောက်ပဲလိုတော့သည်
မိဘချင်းကလည်း သိထားတာမလို့ နှစ်စ်ဦးသားတွဲနေခြင်းက ဘာပြသာနာမှ မရှိခဲ့
နှစ်ဖက်မိဘတွေကလည်း ပြည်ပအနေများသူတွေမလို့ အမြင်ကျယ်ကြတာကတစ်ကြောင်း နီခီဆိုတဲ့လူဆိုးလေးကို ထိန်းမနိုင်တာကတစ်ကြောင်းမလို့ သူတို့တွဲတာနဲ့ပတ်သက်ပြီးဘာမှမချုပ်ချယ်ခဲ့ကြပေစာမေးပွဲအောင်တော့လည်း ဆောနူက နီခီနဲ့တက္ကသိုလ်အတူတူတက်ချင်လို့ နီခီ့ကိုအတင်းပူဆာပြီး တက္ကသိုလ်တူတူလျှောက်ခဲ့ကြရာ မေဂျာမတူကြပေမဲ့လည်း တက္ကသိုလ်တော့အတူတူဝင်ခွင့်ရခဲ့ကြသည်
အခုကတော့ တက္ကသိုလ်သွားမယ့်လမ်းမကြီးပေါ်မှာ ကားဖြင့် အဆောင်သို့ချီတက်လာကြခြင်းပင်ဖြစ်သည်
အမှန်ဆို ကျောင်းဖွင့်ဖို့ နှစ်ရက်လောက်လိုသေးပေမဲ့ ဆောနူမှာ စိတ်လှုပ်ရှားလွန်းလို့ သွားမယ်ခဏခဏပြောနေတာကြောင့် နီခီပါ အထုတ်အပိုးတွေပြင်ပြီး လိုက်လာခဲ့ရခြင်းဖြစ်သည်အမှန်ဆို သူက နီခီထက် ၂နှစ်ပိုကြီးတယ်
သို့သော် အမေတွေရဲ့စည်းလုံးမှုကြောင့် ဆောနူကို ကျောင်းတစ်နှစ်နောက်ကျမှထားပြီး နီခီ့ကို တစ်နှစ်စောတက်ခိုင်းခဲ့တာမလို့ အခုလို နှစ်ယောက်သား အတန်းတူနေရခြင်းပင်ဖြစ်သည် အသက်ပိုငယ်ပေမဲ့ သူ့ထက်ပိုရင့်ကျက်တဲ့ နီခီကိုကြည့်ပြီး အားကျမဆုံး
ပုံမှန်ဆို အနေအေးတဲ့နီခီက ဆောနူနဲ့ပတ်သတ်လာရင် အမြဲစိုးရိမ်တတ်လွန်းသည်
ဆောနူကိုလည်း အရမ်းအလိုလိုက်လွန်းတာကြောင့် မိဘတွေကတောင် တားရတဲ့အဖြစ် ဆောနူမျက်နှာတစ်ချက်လေးတောင် အညှိုးမခံတဲ့ နီခီကြောင့် ဆောနူမှာ နီခီလိုကောင်လေးမျိုးရှိတာ လူတိုင်းကိုကြွားမဆုံး