Unicode
ပထမတစ်ပိုင်းရဲ့ reaction တွေသဘောကျလို့ ကိုယ်နဲ့အတူခွီရအောင် နောက်တစ်ပိုင်းထပ်တင်လိုက်တယ်
Manga ကတော့ ဒီအပိုင်းထိပြီးမှ အပိုင်း(၁)ပြီးတာပါ
novel ပြန်ရေးတော့ စာဖတ်ရသူမြင်သာအောင်ရော
ဟာသလေးပါ ပေါ်အောင် ရေးရတော့ စာရှည်တယ်
နှစ်ပိုင်းခွဲလိုက်ရတယ်မနက်ဖြန်ကျ နောက်ထပ်အပိုင်းထပ်လာမယ်နော်
ဒါလေးကိုမြန်မြန်လေးတင်ပေးပါမယ်နော်
မန့်လေးတွေကြောင့်ကိုယ်နဲ့အတူ ရယ်မောပေးကြတဲ့သူတွေရှိသလို ပျော်ရပါတယ်
အာရိဂတိုးမဖြစ်နိုင်တဲ့ လက်ထပ်ပွဲ
---------------------------
အပိုင်း(၂)
အား ခေါင်းကိုက်တယ်
ညောင်းညာကာ ကိုက်ခဲနေသော အသိတို့ဖြင့်
မိုုမိုကိတစ်ယောက် မျက်လုံးဖွင့်လိုက်သည့်အခါအုပ်မိုးထားသော မဲမဲ အရိပ်ကြီးမှ မျက်လုံးနှစ်လုံးကသာ ပြိုးကနဲပျက်ကနဲ မြင်နေရလေသည်။
"အား ဘာကြီး"
ပြည့်ပြည့်စုံစုံပင် မအော်လိုက်နိုင်ခင်မှာဘဲ
ပါးစပ်ကို အုပ်လိုက်သော ခပ်နွေးနွေး လက်ဝါးကြီးကို ခံစားလိုက်ရသည်။
"ရှူး အသံမထွက်နဲ့"လက်စသတ်တော့ အညိုကောင်ပါလား
အလန့်တကြား တအုအု အော်နေသော မိုမိုကိကြောင့်
အညိုကောင်က"စိတ်ကိုလျော့ဦး ဘာမှ မလုပ်ဘူး ခင်ဗျားကို"
မိုမိုကိ တစ်ယောက် ခေါင်းကိုတဆတ်ဆတ် ငြိမ့်ပြလိုက်မှ အုပ်ကာထားသော
လက်ညိုညိုက ဖယ်သွားလေတော့သည်။"လန့်လိုက်တာ"
"အဝတ်လဲပေးမလို့ လုပ်နေတာဟ"
မျက်နှာမည်းကြီးဖြင့် တစ်ဖက်လူက အပေါ်ခြုံကီမိုနိုကို ဆွဲခွာသွားလေတော့
လျောကျနေသည် အောက်ဝတ်လေးကို အလျင်အမြန်ဆွဲတင်လိုက်ရလေသည်။ဒီကောင် လက်ရဲဇက်ရဲ
ပေးလာသည့် ရှပ်အင်္ကျီလေးကိုကောက်ကိုင်လိုက်ရင်း
မိုမိုကိ အူကြောင်ကြောင်လေး မော့ကြည့်မိသည်။အညိုကောင်ကတော့ တီရှပ်လက်တို ဘောင်းဘီတိုဖြင့်
ပြောင်းလဲဝတ်ဆင်ထားပြီးပြီဖြစ်လေသည်။
YOU ARE READING
မဖြစ်နိုင်တဲ့ လက်ထပ်ပွဲ
Fanfictionムリ婚 Manga ကို novel ပုံစံ ဘာသာပြန်ဖော်ပြခြင်းဖြစ်ပါသည်။ manga မှ ဘာသာပြန်ခြင်းဖြစ်၍ စကားပြောများကိုသာ ဘာသာပြန်ထားခြင်းဖြစ်ပြီး ဇာတ်ဝင်ခန်း စိတ်ခံစားမှု ပုံဖော်ခြင်းများကို ဘာသာပြန်သူမှ နားလည်ခံစားရသည့်အတိုင်း ရေးသားထားခြင်းဖြစ်ပါသည်။