6

366 72 5
                                    

unicode

ဒီတစ်ပိုင်းကတော့ အသည်းယားစရာလေးဖြစ်မှာပါ
အပိုင်းတိုင်းလဲ အသည်းယားရပါတယ်
အပိုင်း(၆)
---
ဘဝကြီးက နေထိုင်ရ ခက်ခဲသည်။

---ဆိုင်မှာဘီယာသွားဝယ်စဉ် ဆိုင်ဝန်ထမ်းမှ
"စိတ်မရှိပါနဲ့ အသက်ပြည့်မပြည့် သိနိုင်မယ့် အထောက်အထားလေးပြပါဦး"

--ညဘက်သန်းခေါင် အိမ်ပြန်နောက်ကျစဉ်
လမ်းမထက် ရဲနှင့်တိုးစဉ်
"ဟေ့ မင်း အသက်ဘယ်လောက်လဲ အပြင်မှာ
မှောင်နေပြီလေ"

--ညဘက်အရက်ဆိုင်ထိုင်စဉ် ဆိုင်ဝန်ထမ်းမှ
"အသက်မပြည့်သေးရင် ညဘက်ကြီး
ဆိုင်လာထိုင်လို့ မရပါဘူး"

--အလုပ်ခုမှ စဝင်တဲ့ ဂျူနီယာလေးမှ
"မင်း လဲ ဒီနှစ်မှ အလုပ်စဝင်တာလား
အတူကြိုးစားကြစို့"

တဘတ တစ်ယောက် အမြဲလို ရင်ဆိုင်ရသည့်
ပြသနာများသာ။
ဖြစ်လာတိုင်းလဲ မှတ်ပုံတင်ကဒ်ကို ထုတ်ပြရင်း

"ဒီနှစ် ၂၈နှစ်ပြည့်ပြီ" ဟူ၍

ကလေးမျက်နှာနှင့် လူလုပ်ရတာ လွယ်ကူမနေခဲ့။
အိုစာ တာထက်စာရင်ကောင်းတာပေါ့လို့ ပြောကြပေမယ့်
ဘယ်သူမှ နားလည်ပေးနိုင်မှာမဟုတ်ဘူး။

လေ့ကျင့်ခန်းဘယ်လောက်လုပ်လုပ်
ဗလထွက်မလာဘူး။

ဒီအသက်ထိရောက်လာတောင် နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးမထွက်။
ရွယ်တူချင်းတောင် ညီလေးလို၊ မောင်လေးလို့ အဆက်ဆံခံနေရ။

ရုံးခန်းထဲဝင်လာသည့်တိုင်
"ဟေ့ကောင် ဟိုက ဝန်ထမ်းအသစ်လေး
ချစ်စရာလေး"

မကြားဘူး
ငါ ဘာမှ မကြားဘူး။

ဒေါသကိုမြိုသိပ်ရင်း မိမိ နေရာကိုလှမ်းကြည့်တော့
ရောက်နှင့်နေပြီဖြစ်သော မိုမိုကိ

ကျောပြင်မြင်ရုံနဲ့တင် စိတ်ပျော်ရွှင်ရသည်။
ဘာလို့လဲဆိုတော့
အသက်လဲ သိပ်မကွာ
စိတ်သဘောချင်းလဲ တိုက်ဆိုင်ပြီး
သူ့ထက်ပိုပြီး ကလေးဆန်တဲ့ မျက်နှာလေး ရှိလို့ဘဲလေ။

"မောနင်း မိုမိုကိ"

"မောနင်း"
တစ်လုံးချင်း ပြန်လည်နှုတ်ဆက်လာသော မိုမိုကိ၏ မျက်နှာသည်
သူတစ်ခါမှ မမြင်ဖူးသော အနေအထားပင်။
အမြဲလို တက်တက်ကြွကြွနှင့် ချစ်စဖွယ် မိုမိုကိ က
အားပျက်ကာ မျက်တွင်းတွေလဲ ချောင်ကျလို့ ။

မဖြစ်နိုင်တဲ့ လက်ထပ်ပွဲWhere stories live. Discover now