တို့ထင်တဲ့အတိုင်းဘဲ
ဒါလေးက ချစ်စရာလေးမို့ လူကြိုက်ကြမယ်ဆိုတာ
ကိုယ်ချစ်တဲ့ မန်ဂါလေးကို လူချစ်ရင် ကိုယ်လဲကြည်နူးမိတယ်မန့်လေးတွေနဲ့ ရယ်နေကြတာမြင်ရင် နောက်တစ်ပိုင်းထပ်တင်ချင်လာရော
ဒါလေးက မန်ဂါတစ်အုပ်တည်းဆိုတော့ အရမ်းမရှည်ဘူး
ဒါကြောင့် အကြာကြီးမစောင့်ရသလို
အကြာကြီးလဲ အတူရှိမနေရလောက်ဘူး
--------------------------------------------------
အပိုင်း(၃)တိုကျိုပြန်ရောက်သည့်နောက်
ခွင့်ယူခဲ့ရသည်ဖြစ်၍ မိုမိုကိ တစ်ယောက် အလုပ်ပြန်တက်ရလေပြီ။
ဖြစ်ခဲ့သမျှပြန်စဉ်းစားရုံနဲ့တင် ခေါင်းမထောင်ချင်တာမို့
စောစောစီးစီး ကော်ဖီတစ်ဘူးနှင့် စားပွဲပေါ်ရှိ ကီးဘုတ်ပေါ်ခေါင်းမှောက်နေရပြီ။"မိုမိုကိ မတွေ့ရတာကြာပြီ"
(ဒီနေရာမှာ အလုပ်ကသူငယ်ချင်းက မိုမိုကိရဲ့ မိသားစုနာမည် ရှိရာကဝလို့ ခေါ်ပေမယ့် ဖတ်တဲ့အခါ နာမည် အများကြီးမှတ်နေရမှာစိုးလို့ မိုမိုကိလို့ ဘဲ သုံးပါမယ်နော်)"နားရက်မှာ ဘာတွေလုပ်ခဲ့လဲ"
ဘေးခုံမှာထိုင်သော လုပ်ဖော်ကိုင်ဖက်သူငယ်ချင်း တဘတက ထိုင်ခုံမှာထိုင်ဖို့ပြင်ရင်းဘဲနှုတ်ဆက်လေသည်။
တဘတ သည် မိုမိုကိနှင့် ဌာနတူ သက်တူရွယ်တူဖြစ်တာကြောင့် အလုပ်ထဲတွင် အတော်လေး ရင်းနှီးသော သူငယ်ချင်းဖြစ်ပေသည်။မိုမိုကတစ်ယောက် မေးကို လက်နှစ်ဖက်ဖြင့်ထောက်ကာ ပြုံးပြုံးကြီး
ပန်းရောင်သွေးသော မျက်နှာဖြင့် တဘတကိုကြည့်လိုက်လေသည်။
တကယ်က ငါ မင်္ဂလာဆောင်ခဲ့တာ
ယောကျာ်းတစ်ယောက်နဲ့အား အဲလိုပြောစရာလား
ကြက်သီးထစရာ မိမိအတွေးကို မျက်နှာကို လက်ဝါးနှစ်ဖက်ဖြင့် တစ်ဘတ်ဘတ်ပွတ်ချလိုက်သည်။
တဘတ တစ်ယောက် ဘော်ဒါဖြစ်သူမိုမိုကိ၏ ပုံစံကိုကြည့်ကာ သွေးပျက်သွားရသည်။
"ဟေ့ကောင် ဘာဖြစ်တာလဲ"
"အင်း နယ်ပြန်တာ"
"ဟုတ်လား ငါလဲ နယ်ကိုမျက်နှာတော့ သွားပြဦးမှပါဘဲ"
YOU ARE READING
မဖြစ်နိုင်တဲ့ လက်ထပ်ပွဲ
Fanfictionムリ婚 Manga ကို novel ပုံစံ ဘာသာပြန်ဖော်ပြခြင်းဖြစ်ပါသည်။ manga မှ ဘာသာပြန်ခြင်းဖြစ်၍ စကားပြောများကိုသာ ဘာသာပြန်ထားခြင်းဖြစ်ပြီး ဇာတ်ဝင်ခန်း စိတ်ခံစားမှု ပုံဖော်ခြင်းများကို ဘာသာပြန်သူမှ နားလည်ခံစားရသည့်အတိုင်း ရေးသားထားခြင်းဖြစ်ပါသည်။