🚑5🚑

385 75 8
                                    

unicode

တို့ရဲ့ ဘာသာပြန်မှု အဆင်ပြေနေရဲ့လားကွယ်
ဖတ်ရတာ အိုကေကြရဲ့လား
နောက်ထပ် ၃ပိုင်းလောက်ဘဲ ကျန်တော့တယ်နော် မနက်ဖြန်အပြီးတင်ပေးပါမယ်
----------------------------
အပိုင်း(၅)

"ပြန်လာပါပြီ"
"အိုတီဆင်းနေရလို့ ဆောရီး ချိကဂဲ
ချက်ချင်း ညစာချက်ပေးမယ်နော်"

တံခါးကိုဆွဲဖွင့်လိုက်သည့်အခါ
သပ်ရပ်တောက်ပြောင်နေသော အခန်းက ကြိုဆိုလေသည်။
မီးဖိုချောင်ထဲတွင်သို့ အေပရွန်ကြီးဝတ်ကာ ဟင်းချက်နေသော အညိုကောင်။

"ပြန်လာပြီလား
ညစာ ကျုပ်ချက်နေပြီ"

"ကျေး ကျေးဇူး"
------------------------------------
တကယ်က နှစ်ယောက်သားလုပ်ဖို့ဆုံးဖြတ်ခဲ့ကြတဲ့နေ့မှာဘဲ
နှစ်ယောက်သား ညစာအတူစားပြီးသည်နောက်
မိုမိုကိ တစ်ယောက် ရေမိုးချိုးကာ ဧည့်ခန်းထဲ အာသာပြေ အာလူးကြော်ထိုင်ဝါးနေမိသည်။

"ဒီပိတ်ရက်?"

"အင်း ယောကျာ်းလေးချင်းလုပ်တာက ခံရတဲ့ဘက်က
အတော်ပင်ပန်းတာဆိုတော့ ကြားရက်ဆို ခင်ဗျား အလုပ်နဲ့ ဖြစ်မှာ မဟုတ်ဘူး"

မိုမိုကိ၏ အာလူးကြော်ထုတ်ကို နှိုက်စားကာ
သူပြုစုထားသော စာရွက်စာတမ်းတစ်ထပ်ကို ဖတ်ရင်း ချိကဂဲ ကဆိုလာလေသည်။

"ဒါဆိုလဲ ပြီးတာဘဲ"
ဟု အေးအေးဆေးဆေး စတိုင်လ်အပြည့်နဲ့ ပြောခဲ့ပြီးမှ တကယ်တမ်း မိုမိုကိ နေမရထိုင်မရ။

ပိတ်ရက်နား နီးပြီဆိုရင် အိမ်အလုပ်တွေ ချိကဂဲက သိမ်းကျုံးလုပ်ပေးလေသည်။

ပထမဆုံးပိတ်ရက်---
ယောကျာ်းလေးဖြစ်တာကြောင့် အဲနေရာ က ခံစားလို့ကောင်းစရာ မရှိလောက်ဘူး ထင်ခဲ့ပေမယ့်
တကယ် သူ့လက်ချောင်းတွေ တိုးဝင်လာတိုင်း ခံစားမှုက အထွတ်အထိပ်သို့ ။
အနောက်တင်လားဆိုတော့ မဟုတ် အရှေ့ဘက်က
ဟင့်အင်း တစ်ကိုယ်လုံးက သူ့လက်ထဲမှာ ထူးထူးခြားခြား ပြောင်းလဲကုန်သည်။
တစ်ခါမှ မတွေးထားခဲ့ဖူးသော ညည်းညူသံတွေ ထွက်လိုထွက်နဲ့
အနမ်း ပူနွေးနွေးတွေကြောင့် အသိလက်လွတ်ဖြစ်ရတာက အခါခါ။

မဖြစ်နိုင်တဲ့ လက်ထပ်ပွဲWhere stories live. Discover now