unicode
ကားအခန်းပိစိလေးပါမယ် အရမ်းတော့မဟုတ်ပါ
မကြိုက်ရင် ကျော်လို့ရအောင် သတိပေးရုံပါနော်
ညကျရင် နောက်တစ်ပိုင်း ထပ်တင်ကောင်းတင်နိုင်ပါသည်
အတိအကျတော့ မဟုတ် အဟိအပိုင်း(၄)
---
"မောနင်း မိုမိုကိ ခုတလော ဒီပို့စ်နဲ့ဘဲ မြင်နေရပါလား"
ထုံးစံအတိုင်း ခုံပေါ် ခေါင်းမှောက်နေသော မိုမိုကိကြောင့် တဘတက နှုတ်ဆက်ရင်း နောက်လိုက်လေသည်။
"အသက်ရော ရှိသေးရဲ့လား"
"မျော့မျော့ဘဲ ရှိတော့တယ်
ညက အတူနေတဲ့ ကောင်လေး အပျင်းဖျားလို့ လူနာစောင့်ခဲ့ရတာ""အယ် တော်သေးတာပေါ့"
"ဘာ တော်သေးတာတုန်း မင်း ငါဘာပြောခဲ့လဲ မမှတ်မိတော့ဘူးလား""ဒါပေမယ့် မိုမိုကိ ပွပွစိစိပြောနေပေမယ့် ခုရက်ပိုင်းနဲ့ယှဉ်ရင်
အလန်းဆန်းဆုံးဖြစ်နေတယ်"တဘတ၏ ခပ်ပြုံးပြုံးစကားကြောင့် မိုမိုကိ မျက်နှာ နီမြန်းသွားပြီးနောက်
လှမ်းရန်ထောင်လိုက်တော့သည်။"မင်း စိတ်ထင်နေတာ"
မတတ်နိုင်ဘူးလေ ရှေ့ဆက်ဖို့ကလွဲရင် မရှိဘူးမဟုတ်လား
ဘာလို့လဲဆိုတော့.....အိပ်ယာထက်ကနေ ပြတင်းအပြင်က ငှက်စုံတွဲကို လှမ်းကြည့်ကာ ချိကဂဲ သက်ပြင်းချရသည်။
ဖုန်းထဲက အမေပို့ထားသော စာကို နောက်တစ်ခေါက်ပြန်ဖတ်တော့"ထွက်ပြေးရင် သေမယ်တဲ့လား
အဓိပ္ပါယ်မရှိလိုက်တာ"မတင်မကျ ဝမ်းနည်းစိတ်က ရင်ထဲ ကိန်းအောင်းနေတာ ဘာကြောင့်များပါလိမ့်။
------------------------
"ဟေး မင်းနဲ့မတည့်တဲ့အစားအစာတွေရှိရင် ငါ့ကိုပြောထားဦး"
စားပွဲပေါ်တွင် ခင်းကျင်းထားသော နှစ်ယောက်စာ ညစာကြောင့် ချိကဂဲ မျက်လုံးပြူးသွားရသည်။"ကျုပ်ဖို့ပါ ချက်ထားတာလား"
"ဟမ် ဘာတွေမေးနေတာလဲ မြန်မြန်ထိုင်တော့"စားပွဲတွင် မျက်နှာချင်းဆိုင်ထိုင်လိုက်ရင်း စားဖို့ပြင်လိုက်သည်။
မိုမိုကိတစ်ယောက် ပါးစပ်ထဲ မထည့်နိုင်သေးဘဲ တစ်ဖက်ကလူ၏ တုန့်ပြန်မှုကို မလွတ်တမ်းစောင့်ကြည့်နေမိလေသည်။
YOU ARE READING
မဖြစ်နိုင်တဲ့ လက်ထပ်ပွဲ
Fanfictionムリ婚 Manga ကို novel ပုံစံ ဘာသာပြန်ဖော်ပြခြင်းဖြစ်ပါသည်။ manga မှ ဘာသာပြန်ခြင်းဖြစ်၍ စကားပြောများကိုသာ ဘာသာပြန်ထားခြင်းဖြစ်ပြီး ဇာတ်ဝင်ခန်း စိတ်ခံစားမှု ပုံဖော်ခြင်းများကို ဘာသာပြန်သူမှ နားလည်ခံစားရသည့်အတိုင်း ရေးသားထားခြင်းဖြစ်ပါသည်။