ဇာတ်သိမ်းလေးနဲ့ နှုတ်ဆက်လိုက်ပါတယ်
ဆာယိုနာရာ❤️unicode
ချိကဂဲ၏ အတွေ့အကြုံ>>>
အဖေနှင့်အမေခေါ်ဆောင်ရာ တစ်ဖက်ရွာသို့
ဘုမသိဘမသိ ပါလာခဲဲ့ရသည့်သူ။
တစ်ဦးတည်းသားမို့ အလိုလိုက်ခြင်းမခံရပေမယ့်
အဖေဆီက အသားအရောင်အမွေနှင့် အမေ့ဆီက ရုပ်ရည်ချောမောမှုရရှိထားသောငြား
အမေ့လိုပင် အပြုံးအရယ်နည်းကာ အမေ့လိုဘဲ စိတ်ကြီးလေသည်။
ခုလဲ အမေ့ကြောက်၍သာ လိုက်လာရတာ
ရင်ထဲမှာ မီးတောက်ပေါက်နေရပြီဖြစ်သည်။ခရီးဦးကြိုသည့် အန်တီက ချစ်စဖွယ်အပြုံး
ချိုသာသော နှုတ်ဆက်စကားဖြင့် ကြိုဆိုသော်ငြား
ထုံးစံအတိုင်း သူမပြုံးပြမိပေ။"ဒါ အိမ်ကသား ချိကဂဲ"
"ဟယ် ချောလိုက်တာ အိမ်ကသားနဲ့တောင် မတန်ဘူးရှင်"
"မဟုတ်တာ ဒီကောင် နည်းနည်းမှ ချစ်ဖို့ကောင်းတာမဟုတ်ဘူး"ထွက်ပြေးရမယ်။
ကျောင်းကနေတောင် ခွင့်ယူပြီး ပြန်လာရတာကို
ယောကျ်ားတစ်ယောက်နဲ့လက်ထပ်ရမယ်တဲ့
အဓိပ္ပါယ်မရှိလိုက်တာ
အခု ကိုထွက်ပြေးမှရမယ်။ပထမအချက်အနေနဲ့ ကျုပ်က အစစ်ကောင်....
အတွေးလေးပင်မဆုံးလိုက်
တံခါးချပ်ကို ဆွဲဖွင့်လိုက်ရာ
အင်္ကျီရင်ဘတ်ပွင့်ဟလျက်
အပေါ်စီးကကြည့်မိသော သူ့အတွက်
ပွင့်ဖတ်လွှာနှစ်ခုပင်မြင်နေရလေရာ
တံတွေးပင်သီးမတတ်ဖြစ်ရသည်။မျက်နှာဖြူနုနုက အတော်လေးကို
ချစ်ဖို့ကောင်းသည်ပင်။အင်း အရင်ဆုံး စကားပြောကြည့်လဲ
မဆိုးပါဘူး ဟူ၍
အမေတို့နှင့် အတူ ထိုင်ကာ စကားပြောဝိုင်းသို့။
---------
လက်ထပ်ပွဲမတိုင်ခင် နတ်သည်၏ အဝတ်လဲပေးမှုကို ငြိမ်ခံနေရင်း
ခေါင်းထဲမှာ အလုပ်ပေးနေမိသည်။ပေါက်ကရတွေ တွေးမနေနဲ့
တစ်ဖက်လူက
ကိုယ်လိုဘဲ လက်နက်ပါတဲ့ ယောကျာ်းလေး
ဘယ်လောက်ဘဲ မျက်နှာလေးကို
သဘောကျတယ်ပြောပြော
ဟိုဝှာလုပ်ဖို့ကတော့ ဘယ်လိုမှ မဖြစ်နိုင်....မျက်စိရှေ့ပေါ်လာသော
အဖြူရောင်သတို့သမီးဝတ်စုံဖြင့်သူ
နဂိုလှသော မျက်နှာလေးက ပြင်ဆင်မှုဖြင့်
အတော် ကြည့်ကောင်းလွန်းလှသည်။
YOU ARE READING
မဖြစ်နိုင်တဲ့ လက်ထပ်ပွဲ
Fanfictionムリ婚 Manga ကို novel ပုံစံ ဘာသာပြန်ဖော်ပြခြင်းဖြစ်ပါသည်။ manga မှ ဘာသာပြန်ခြင်းဖြစ်၍ စကားပြောများကိုသာ ဘာသာပြန်ထားခြင်းဖြစ်ပြီး ဇာတ်ဝင်ခန်း စိတ်ခံစားမှု ပုံဖော်ခြင်းများကို ဘာသာပြန်သူမှ နားလည်ခံစားရသည့်အတိုင်း ရေးသားထားခြင်းဖြစ်ပါသည်။