Uni
______________
" ငါကြောက်တယ်"
"လာပါထွေးရာ "
ပြိုတော့မယ့် မိုးလို ရုပ်လေးနဲ့ ထွေးမှာ ထို အမျိုးသမီးနောက် ခေါ်ရာ တအိအိပါသွားရတော့သည်။
အဝေ၏ တစ်ဝက်စည်းထားသော ဆံပင်တွင် ရှိနေသော ကန့်ကော်ပန်းများမှာ ထွေး၏ လက်ချက်ပင်"ပန်း ပန်တာ သဘောမတွေ့ပါဘူး "
" ကျစ် ပန်ထားစမ်းပါ ယွန်းရယ် လှပါတယ်ဆို"
လက်မှတ်တန်းစီနေတုန်း ပန်းပန်ဖို့ ပြဿနာဖြစ်နေတဲ့ နှစ်ယောက်ကိုကြည့်ကာ အဝေခိုးရယ်လိုက်မိသည်။
မအီမလည်ရုပ်လေးနဲ့ ပန်းကို နားကြားပန်ညှပ်သွားရှာတဲ့ ယွန်းဟာ ထွေးကို ခိုးကြည့်နေလိုက်သေး ထို အမျိုးသမီးသည် ပြုံးနေတာ သေချာမှ သက်ပြင်းချနိုင်တော့သည်။" ကဲရပြီလား မယ်မင်း ရယ် "
"ရပါပြီ ရှင့် လှသွားပြီ ဟီး "
"အဟင်း ထွေးတို့ကျေနပ်ရင်ပြီးတာပါဘဲ"
အပြင်ခိုးထွက်လာရလို့ ထွေး၏ လက်ကလေးများဟာ အေးစက်လို့နေသည်။
သို့သော် ဆုပ်ကိုင်ပေးထားတဲ့ အမျိုးသမီးနှစ်ယောက်ဆီက အနွေးဓာတ်က အပြည့်မို့ အလွန်တရာမှခုန်မြည်နေတဲ့ နှလုံးသားလေးက ပုံမှန် ပြန်လည် လည်ပတ်လာသည်။မင်းသား နေအောင်နဲ့ မင်းသမီး မေသန်းနု
တို့ရိုက်ထားတဲ့ သက်ြန်မိုး ဟာ လူတိုင်းရင်ထဲမှာစွဲနေမည့်ကားမျိူးဖြစ်သည်။
စိတ်ဝင်တစား ကြည့်နေတဲ့ အမျိုးသမီးနှစ်ယောက်ကို ပြသနေတဲ့ဇာတ်ကားထက် ထွေး ပိုစိတ်ဝင်စားမိပါသည်။
အမှောင်ရိပ်ထဲမှာ ပြုံးနေတဲ့ ထွေးရဲ့ မျက်နှာပေါ်တွင် ဇာတ်ကား၏ ပုံရိပ်များ ထင်ဟပ်လျက်ရှိသည်။
လာမယ့် အတိတ်တွေကိုလည်း လှပတဲ့ အမှတ်တရတွေနဲ့သာ ရေးခြယ်ချင်မိပါသည်။" ထွေး နင်သိရော သိလိုက်လား "
"ဘာ ဘာကိုလဲဟင် "
မြင်လား ကြောင်တောင်တောင်လုပ်နေတာကိုက အသဲယားစရာကောင်းနေတာ
ယွန်းသည် ထွေးကို ကြည့်ကာရယ်ချင်သည်အား ထိန်းလိုက်ရသည်။ အဝေကတော့ဘာမှနားမလည် နဘေးနားကနေနေကြာစေ့ထားရင်း ရပ်ကြည့်နေသည်။
YOU ARE READING
'စိန်ပန်းပွင့်' တွေ 'နီဆွေးဆွေး' [Complete]
Romance_စိန်ပန်းနီနီ တွေ ပြန်ပွင့်နေကြပြီ ထွေးငယ် ဒီ အမျိုးသမီးနှစ်ေယာက် ရှိရာ အရပ်ကို ပြန်လာပါတော့လား _ 90's မှ အမျိုးသမီးသုံးယောက်ကြားက ခပ်ရှုပ်ရှုပ် ဇာတ်လမ်းလေး တစ်ပုဒ် @ကြာငယ် _စိန်ပန်းနီနီ တွေ ပြန်ပွင့်နေကြပြီ ထွေးငယ် ဒီ အမျိုးသမီးနှစ်ယောက် ရှိရာ အ...