Uni
_____________
ကျောင်းပိတ်ရက် နှစ်ရက်မှာ အချို့ အဆောင်သူတွေ အပြင်ထွက်လည်နေကြပေမယ့်
တစ်ခုသော အဆောင်ခန်းငယ်လေးဟာတော့ တိတ်ဆိတ်လို့ နေခဲ့တွင်
ထိုထဲတွင် ဖြေရှင်းဖို့ခတ်လွန်းသော ရှုပ်ထွေးမှုများ ကိန်းဝှပ်လို့
ကြမ်းပြင်ထက်မှာ ကြေမွနေတဲ့ နှင်းဆီပန်းနီရဲရဲဟာ ဘဝတစ်ခုလုံး ချနင်းခံလိုက်ရပုံပါပြန့်ကျဲနေတဲ့ သောက်ပြီးသား စီးကရပ်တိုတွေ တွန့်ကြေနေတဲ့ အိပ်ယာခင်းတစ်စုံ အပေါ်တွင် ထွေးဟုသော အမျိုးသမီးသည် ယွန်းရတနာခိုင် ဝတ်လေ့ရှိသော ညဝတ်ဂါဝန် အပါးလေးနဲ့ ကွေးကွေးလေး လဲနေခဲ့သည်။
ပါးပြင်က မျက်ရည်စီးကြောင်းနှစ်ခုကို တစ်ယုတယ ထိတွေ့နေသော ယွန်းသည်
ပန်းကလေး တစ်ပွင့်ကို ထိတွေ့နေ့သကဲ့သို့ နူးနူးညံ့ညံ့ နိုင်လှသည်။" အဲ့ အမျိုးသားက အဆောင်ရှေ့မှာ နှင်းဆီပန်းတစ်ပွင့်ထပ်ချသွားတယ် ထွေး
ငါ ပစ်လိုက်တာ တရားတယ်မလား ဟင်"ခပ်တိုးတိုးလေး ဆိုနေတဲ့ ယွန်း၏ အကြည့်များသည် အိပ်မောကြနေသော အမျိုးသမီးဆီမှ မခွာခဲ့ပါ
သူကိုယ်တိုင်လည်းစိတ်တွေ ရှုပ်ထွေးနေပြီး ဘာလုပ်လို့ လုပ်ရမှန်း မသိတော့ပေ
သေချာတာတော့ ယွန်းသည် အဝေ့အပေါ် ဖောက်ပြား လိုက်မိပြီဖြစ်ပါသည်။
သို့သော် အဝေ့အားလည်း ချစ်ဆဲပင်ယွန်းသည် ထွက်ပေါက်မဲ့သော အတွေး
နွံတို့၌ ပိတ်မိနေတဲ့အခါ သူသည် စားပွဲပေါ်မှာ တင်ထားသော စံပယ်ဖွေးဖွေးများကိုသာ ထိုင်ကုံးနေလိုက်တော့သည်။
နှင်းဆီပန်းလေး နဲ့ တူတောင် ထွေးသည် စံပယ်ဖွေးဖွေးများဖြင့်သာ လိုက်ဖက်သူပါပေ" ထွေး နိုးနေရင်ထလေ ငါ ပဲပြုတ်ဝယ်ထားတာ ပူတုန်း ထမင်းလေးနဲ့စားပါလား ခွံ့ကြွေးမယ်လေ"
ပြန်ဖြေသံ မရှိသော ကျောပြင် ခပ်သိမ်သိမ်သည် တသိမ့်သိမ့် တုန်လှုပ်နေခဲ့သည်။
ပွင့်ဟလာသော မျက်ဝန်းတို့သည် ငိုထား၍ အနည်းငယ် ဖူးဖူးကလေး ဖြစ်နေခဲ့သည်
သက်ပြင်း တစ်ချို့ချလိုက်သော ယွန်းသည်
ထွေထွေကလေး မိန်းမောလို့နေရုံမှအပ တတ်နိုင်ခြင်းလည်း များများစားစား မရှိခဲ့ပါချေ
ESTÁS LEYENDO
'စိန်ပန်းပွင့်' တွေ 'နီဆွေးဆွေး' [Complete]
Romance_စိန်ပန်းနီနီ တွေ ပြန်ပွင့်နေကြပြီ ထွေးငယ် ဒီ အမျိုးသမီးနှစ်ေယာက် ရှိရာ အရပ်ကို ပြန်လာပါတော့လား _ 90's မှ အမျိုးသမီးသုံးယောက်ကြားက ခပ်ရှုပ်ရှုပ် ဇာတ်လမ်းလေး တစ်ပုဒ် @ကြာငယ် _စိန်ပန်းနီနီ တွေ ပြန်ပွင့်နေကြပြီ ထွေးငယ် ဒီ အမျိုးသမီးနှစ်ယောက် ရှိရာ အ...