Uni
____________
လေး ကြိမ်မြောက် နွေဉီးမှာ ပွင့်လန်းလာတဲ့ စိန်ပန်းပွင့် နီစွေးစွေးများအောက်တွင် အမျိုးသမီး တစ်ယောက်သည် လွမ်းဆွတ်ဖွယ်ရပ်နေခဲ့သည်။
ကျောအလယ်ကျော်နေပြီဖြစ်တဲ့ ဆံပင်ရှည်ရှည်တို့နဲ့ ထို အမျိုးသမီးဟာ တစ်ချိန်က မြတ်နိုးရသူအမြဲလုပ်သလို စိန်ပန်းပင်ကြီးအား ထွေထွေကလေး မျှော်ကြည့်နေခဲ့သည်။" အဝေ!! အယွန်း ထအုံး အဲ့တာ အဝေဘဲ !!"
နေထွက်ဖို့စော လွန်းတဲ့အချိန်မှာ ထွေး တစ်ယောက်စာတွေဖတ်ရင်း မအိပ်သည်က နေ ပြတင်းပေါက်ထဖွင့်တော့ အဆောင်အောက်က စိန်ပန်းပင်အောက်ရပ်နေသော အမျိုးသမီးအား တွေ့လိုက်ရခြင်းပင်
" ဟင် ဆောင်းပြန်လာတယ် !"
အိပ်ချင်မှူးတူးနဲ့ ထလာတဲ့ အယွန်းဟာ ကလေးလေးလို သိပ်ချစ်စရာကောင်းနေပါတော့သည်။ကယောင်ကတမ်းနဲ့ မျက်နှာပင်မသစ်ဘဲပြေးထွက်သွားသော ယွန်းနောက်ထွေးတစ်ယောက် လက်ထဲက စာအုပ်ကလေး ချရင်း အပြေးလိုက်ရတော့သည်။
" အဝေ!!!"
"ဆောင်း !!!"
"အင့် အဟက် !"
လက်နှစ်ဖက်ဆန့်တန်းပြတော့ ထို အမျိုးသမီးနှစ်ယောက်သည် အဝေ့ ရင်ခွင်ထဲ အင့်ခနဲ ပြစ်ဝင်ကျလာသဖြင့် ဟက်ခနဲ ရယ်ချလိုက်မိတော့သည်။ နောက်ဆက်တွဲမှာ ဘာတွေ ဆက်ဖြစ်မလည်းဆိုတာ အဝေကလွဲလို့ မသိနိုင်ရာ ပေ
" ထွေးငယ် အဝေ့ကိုစိတ်ကောက်နေမယ်ထင်နေတာ "
" မကောက်ရက်ပါဘူးလေ ပြန်လာနေတာဘဲဟာ"
မျက်စောင်းလေး တစ်ချက်နဲ့ရလာတဲ့ အဖြေလေးမှာ အဝေသည် နှစ်ခြိုက်စွာပြုံးရယ်လာတော့သည်။အဝေသည် သူ့ရင်ခွင်ထဲက အမျိုးသမီးနှစ်ယောက်ကို လွတ်ပေးဖို့အစီအစဉ်ရှိပုံ မပေါ်သလို ထို အမျိုးသမီးနှစ်ယောက်ဟာလည်း ရုန်းထွက်ဖိူ့ မစဉ်းစားပေ
" ညစ်ပတ်အိုးလေး နှစ်ယောက် သွားရေသွားချိုး ပြီးရင်ခေါ်သွားစရာရှိတယ် "
"ဟွန့် အဝေနော် "
"ဆောင်းကလည်း ညစ်ပတ်အိုး မဟုတ်ပါဘူး"
YOU ARE READING
'စိန်ပန်းပွင့်' တွေ 'နီဆွေးဆွေး' [Complete]
Romance_စိန်ပန်းနီနီ တွေ ပြန်ပွင့်နေကြပြီ ထွေးငယ် ဒီ အမျိုးသမီးနှစ်ေယာက် ရှိရာ အရပ်ကို ပြန်လာပါတော့လား _ 90's မှ အမျိုးသမီးသုံးယောက်ကြားက ခပ်ရှုပ်ရှုပ် ဇာတ်လမ်းလေး တစ်ပုဒ် @ကြာငယ် _စိန်ပန်းနီနီ တွေ ပြန်ပွင့်နေကြပြီ ထွေးငယ် ဒီ အမျိုးသမီးနှစ်ယောက် ရှိရာ အ...