Uni
__________
" ရတနာ နင်ရည်းစားတွေဘာတွေရနေတာတော့မဟုတ်ဘူးလား "
"ကြံကြီးစည်ရာ မမရာ "
ကော်ဖီလာပို့တဲ့ ထွေးဟာ မမ စကားကြောင့် ရင်ဘက်ကို လက်နဲ့ဖိကာ အလန့်တကြား ငြင်းလာသည်။ ဒါကို မမဟာ မယုံသက်ာနဲ့ စာရင်းတွေတွက်နေရင်းမှ ကြည့်နေသေးတာ
"ကဲပါမမရယ် တစ်ကယ်မရှိပါဘူးဆို"
"အေးနော် နင်မူပျက်နေတာ"
"ဟင်း ခက်လိုက်တာ မမတို့နဲ့ "
"သူကများပြောရတယ်ရှိသေး "
မျက်စောင်းထိုးရင်း လုံချည်အစကို အနည်းငယ်မကာ ထွက်သွားသော ထွေးကိုကြည့်ရင်းပြောလိုက်ခြင်းသာ
အမြဲအခန်းထဲအောင်းပြီး စာတိုက်ကိုဘဲ ချောင်းပေါက်မတတ်သွားနေတာ အိမ်ကလူတွေ မဟုတ်တရုတ် မထင်ဘဲနေပါ့" ပိတ်ရက်လေးတောင်ပြည့်အောင်မနေချင်ပါ့လား သမီးရယ် "
" မေမေရယ် ကျောင်းတက်တုန်းလေးပါ "
ထိုးမုန့် ဆိုင်မှာ အလိုကျလိုက်ဝယ်ပေးနေတဲ့ မေမေက စိတ်မကောင်းဟန် ဆိုလာလေတော့ မေမေ့ လက်မောင်းများခိုချိတ်က ထွေးသည် ကလေးတစ်ယောက်လို ချွဲနွဲတော့သည်။
သို့သော် ကျောင်းများပြီးသည့်အခါတွင်လည်း ထို အမျိုးသမီးနှစ်ယောက်အနားသာ ရှိနိုင်မည့်အကြောင်းတော့ ထွေး ထည့်မပြောဖြစ်ပါ" ဆောင်းဝင်တော့မှာ အေးတယ် ဂရုစိုက်အုံး
စာလည်း အမြဲပို့ ""ဟုတ်ကဲ့ပါမေမေ သမီးအမြဲမေမေ့စကားနားထောင်နေကြပါ "
"တော်တော်လေး နားထောင်ရှာပါတယ် "
"ဟီး မေမေကလည်း "
မေမေက မျက်စောင်းထိုးရင်းဆိုတော့ ထွေးဟာ သူ(မ)သွားဖြူဖြူပေါ်အောင်ဟီးခနဲ မျက်နှာချိုသွေးလာသည်။ကားဂိတ်မှာ မပြီးနိုင်မစီးနိုင်မှာနေတဲ့ မေမေဟာ
ရက်မပြည့်ဘဲ အဆောင်ပြန်လို့ ထွေးကို အနည်းငယ်လည်း စိတ်ကောင်ချင်နေပါသည်။ အဝေနဲ့ယွန်းက ပိတ်ရက်မှာတွေ့လို့ရပေမယ့် ထွေးကတော့စာနဲ့ဘဲ အဆက်အသွယ်လုပ်နေရတာ ဖြစ်နေ၍ မေမေ့နား ကပ်ချင်သေးပေမယ့် ထို အမျိုးသမီးနှစ်ယောက်ကိုလည်း တွေ့ချင်လှပြီဖြစ်သည်။
YOU ARE READING
'စိန်ပန်းပွင့်' တွေ 'နီဆွေးဆွေး' [Complete]
Romance_စိန်ပန်းနီနီ တွေ ပြန်ပွင့်နေကြပြီ ထွေးငယ် ဒီ အမျိုးသမီးနှစ်ေယာက် ရှိရာ အရပ်ကို ပြန်လာပါတော့လား _ 90's မှ အမျိုးသမီးသုံးယောက်ကြားက ခပ်ရှုပ်ရှုပ် ဇာတ်လမ်းလေး တစ်ပုဒ် @ကြာငယ် _စိန်ပန်းနီနီ တွေ ပြန်ပွင့်နေကြပြီ ထွေးငယ် ဒီ အမျိုးသမီးနှစ်ယောက် ရှိရာ အ...