Uni
______________
တိမ်မဲမဲတွေ ကို မှိုင်းရီဝေစွာ ကြည့်နေတဲ့
အမျိုးသမီး ရှိရာ ပြတင်းပေါက်ကနေ စီးကရပ်အငွေ့တွေဟာလည်းတစ်ခါတစ်ရံ ထွက်လာတတ်သေး
သူ(မ)ဘဝက မွန်းကျပ်လွန်းလို ထို တိမ်တွေ ဖြစ်သွားရင်ကောင်းမယ် တွေးမိသည်ထိ
ဖခင်က သိပ်ကတိတည်တာလေ နောက်တစ်ရက်သတင်းစာမှာ အမွှေဖြတ်လိုက်ကြောင်းပါလာသည်
မိဘ မျက်နှာအိုးမဲသုတ်သော သမီးမိုက်အား
မပတ်သတ်ချင်ပုံပါ"အဟက်!!"
စီးကရပ်ကို လက်ကြား ညှပ်ထားတဲ့ ထွေးဟာ ဟက်ခနဲ ရယ်ချလိုက်ပေမယ့် မျက်ရည်အချို့ဟာတော့ ပါးပြင်ပေါ် လိမ့်ခနဲ စီးကျလာသည်မှာ သူ(မ)အား လှောင်ပြောင်နေသဖွယ်
ပြိုအိကျလာတော့မယ့်ကောင်ကင်အား ကြည့်ရင်းလျှပ်စီးတွေ မလျှပ်စေဖို့ သူ(မ)တိတ်တခိုးလေး ဆုတောင်းမိသေးသည်။ဝှေ့တိုက်လာတဲ့ လေပြေတွေကြား စံပယ်ရနံ့တွေ မရှိသလို နှင်းဆီရနံ့တွေလည်း ရှိမနေ
အိမ်ရှေ့လမ်းက မြေခထားသော စိန်ပန်းများဟာ နင်းခြေခြင်း ခံထားရရှာ
လွမ်းတယ် ဆိုတာထက်ပိုသော အခြေအနေမှာ မြတ်နိုးသော အမျိုးသမီး နှစ်ယောက်ဆီပြန်ချင်သော်လည်း ထွေးထံတွင်ဝံ့ရဲသော အင်အားတို့ ရှိမနေပါ* ဂျလိန်း !!!*
"ဟင့်အင်း *sob* "
အမှောင်ခန်းငယ်ရဲ့ ဒေါင့်ကလေးမှာ နားကို အုပ်ရင်း ထိုင်ချသွားသော ထွေးမှာ သိပ်ကို တုန်ရီနေတော့သည်။
လက်ထဲမှ စီးကရပ်တိုဟာ ကြမ်းပြင်ထက် မိုးစတို့ကြောင်း မီးငြိမ်းသွား၍ တော်သေးသည်။
လက်ထဲပါလာတဲ့ ငွေစတွေနဲ့ ဈေးပေါတဲ့ တနေရာမှာ နေနေတာ တစ်ပတ်ကျော်ပြီဖြစ်သည်။ ထွေး နေမကောင်းသေးပါ
ထွေးသည် ဆန်ပြုတ်အနည်းငယ်သာ မဖြစ်စလောက်သောက်ပြီးစီးကရပ်သာ ဖိသောက်နေရှာ
စီးကရပ်များဟာ ထွေး၏ စိတ်ဖြေဖြောက်ရာ များ ဖြစ်လာခဲ့သည်။* ဂျလိန်း ဂျိန်း !!!*
" မကြောက်ဘူး *sob* မကြောက်ဘူး ~~"
တုန်ရီနေသော ထွေးကိုယ်လေးပေါ်သို့ ပြတင်းပေါက်မှ မိုးစက်များ ဆင်းသက်လာသော်လည်း ထွေးသည် သတိမကပ်စွာ မလှုပ်မရှက်လေး ငြိမ်သက်နေခဲ့သည်။
မကြောက်ပါဘူးဆိုသော အမျိုးသမီးသည် သူ(မ)အတွေးထဲတွင်တော့ အဝေနှင့်အယွန်းဟုသော အမည်နာမကိုသာ အကြိမ်ကြိမ် ရေရွတ်နေခဲ့သည်။
YOU ARE READING
'စိန်ပန်းပွင့်' တွေ 'နီဆွေးဆွေး' [Complete]
Romance_စိန်ပန်းနီနီ တွေ ပြန်ပွင့်နေကြပြီ ထွေးငယ် ဒီ အမျိုးသမီးနှစ်ေယာက် ရှိရာ အရပ်ကို ပြန်လာပါတော့လား _ 90's မှ အမျိုးသမီးသုံးယောက်ကြားက ခပ်ရှုပ်ရှုပ် ဇာတ်လမ်းလေး တစ်ပုဒ် @ကြာငယ် _စိန်ပန်းနီနီ တွေ ပြန်ပွင့်နေကြပြီ ထွေးငယ် ဒီ အမျိုးသမီးနှစ်ယောက် ရှိရာ အ...