Uni
______________
" ထွေးနင် သူတို့ကိုဘယ်လို မြင်လဲ "
ယွန်း လက်ညိုးထိုးပြရာတွင်ရှိနေတာကတော့
ယောင်္ကျားပျို တစ်ဦးပင်
သို့သော် ထို ယောင်္ကျားပျိုဟာ မျက်နှာချေများ ခပ်ပါးပါးလေး လိမ်းခြယ်ထားသလို
ခပ်တိုတို ဆံသားတွေနဲ့နားကြားတွင် စံပယ်ပန်းသေးသေးလေး နေရာယူနေသလို ထို ယောင်္ကျားပျိုဘေးတွင် အခြား ယောင်္ကျားပျိုတစ်ယောက်ရှိနေလေသည်။" အင်း လှပတဲ့ ပန်းချီကားလေးလေ "
" တစ်ကယ်ဘဲ စိတ်မခုတာလား "
"အင်းလေ ဘာဖြစ်လို့လဲ "
ထွေးသည် ထူးဆန်းနေသောယွန်းအား ပြန်မေးတော့ ခေါင်းခါလာတဲ့ယွန်းဟာ တစ်ခုခုပြောထွက်ချင်နေဟန်
ထို့အပြင် အဝေကပါ ရီဝေဝေနဲ့စိုက်ကြည့်နေတာမို့ ထွေး နေရတာ မကောင်းတော့ပေ
အမည်မသိတဲ့ခံစားချက်ကသေချာပေါက်တော့ကောင်းမနေထွေးဟာ မည်သည်မျှ သေချာမသိရသေးဘဲ ထိုသို့ အတွေး များတတ်သော အမျိုးသမီးသာ" တစ်ခုခု ပြောစရာရှိနေကြတာလား "
"ဟင့်အင်း "
"ပြီးတာဘဲ "
စိတ်ကောက်သွားတဲ့ ထွေးဟာ ဆူပုပ်ပုပ်နဲ့ အကြော်တွေ အတင်းပါးစပ်တွေထိုးသွပ်နေတာမို့ ယွန်းနဲ့အဝေမှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း ခေါင်းကုတ်ရလေပြီ
အဝေသည် ယွန်းနဲ့ထွေးငယ်အား အချို့သော စကားများ ပြောမထွက်နိုင်ခဲ့ပါ" နင်ကလဲ စိတ်မကောက်ပါနဲ့တော့ "
"ဘယ်သူက စိတ်ကောက်နေလို့လဲ !"
"အာရား ဟုတ်ပါပြီစိတ်မကောက်ဘူးဆိုလဲ နှုတ်ခမ်းလေး ထော်ထားတာချပါအုံး "
" အယွန်းနော်လာမစနဲ့ "
စာကြည့်တိုက်မှာ တိုးတိုး တိုးတိုးနဲ့ ရန်ကပ်ဖြစ်နေတဲ့ နှစ်ယောက်ကို အဝေဟာ ထွေထွေကလေး ငေးကြည့်နေခဲ့သည်။
သူလုပ်နေတာတွေ အားလုံးဟာ ဒီ အမျိုးသမီးနှစ်ယောက်နဲ့ အတူနေရဖို့ပါ
တစ်ခါတစ်လေယွန်းကိုလည်း သိစေချင်သည်
သူလိုချင်သည့် မိသားစုအိမ်ဆိုတာ ဘယ်လို မျိုးလည်းဆိုတာကိုပေါ့
သေချာတာကတော့ ထွေးငယ်မပါလျှင် ထိုအိမ်ကလေးဟာ ပြီးပြည့်စုံနိုင်လိမ့်မည် မဟုတ်ပါ။
YOU ARE READING
'စိန်ပန်းပွင့်' တွေ 'နီဆွေးဆွေး' [Complete]
Romance_စိန်ပန်းနီနီ တွေ ပြန်ပွင့်နေကြပြီ ထွေးငယ် ဒီ အမျိုးသမီးနှစ်ေယာက် ရှိရာ အရပ်ကို ပြန်လာပါတော့လား _ 90's မှ အမျိုးသမီးသုံးယောက်ကြားက ခပ်ရှုပ်ရှုပ် ဇာတ်လမ်းလေး တစ်ပုဒ် @ကြာငယ် _စိန်ပန်းနီနီ တွေ ပြန်ပွင့်နေကြပြီ ထွေးငယ် ဒီ အမျိုးသမီးနှစ်ယောက် ရှိရာ အ...