အခန်း (၃)

68 14 0
                                    

Unicode

အခန်း ၃။ အကြီးမားဆုံးနောင်တ
______________

နောက်ဆုံးတွင်တော့ လီစစ်မင်၏ခွင့်ပြုချက်ဖြင့် အနှီကောင်လေးမှာ လီစစ်မင်အခန်းတွင်လာအိပ်ခွင့်ရသွားသည်။ သူက သူ့အခန်းဆီမှစောင်နှင့်ခေါင်းအုံးပြန်ယူကာ လီစစ်မင်အခန်းဆီချက်ချင်းပြန်ရောက်လာ၏။

"မင်း ကြမ်းပေါ်မှာအိပ်လို့ရတယ်။"

လီစစ်မင်က ကောင်လေးကိုတစ်ချက်ကြည့်ကာဆိုပြီးနောက် ကုတင်ပေါ်ပြန်လှဲကာ မျက်လုံးတို့ကိုမှိတ်လိုက်သည်။ ကုတင်က သူတို့နှစ်ယောက်စာလုံလောက်သော်ငြား လီစစ်မင်တွင် ကောင်လေးကို ကုတင်ပေါ်ခေါ်ဖို့စိတ်ကူးမရှိ။

ကောင်လေးက လီစစ်မင်အိပ်နေရာနှင့်မလှမ်းမကမ်းရှိကြမ်းပေါ်တွင်အိပ်ရာခင်းကာ လှဲချလိုက်သည်။ သို့သော်ငြား သူက မအိပ်ဘဲ လီစစ်မင်ကိုသာမသိမသာကြည့်နေ၏။ လီစစ်မင်ကိုကြည့်နေသည့်သူ့အကြည့်တို့က လွမ်းဆွတ်မှု၊ မြတ်နိုးမှုတို့ဖြင့်ပြည့်နေသည်။

ခဏအကြာ၌ ကောင်လေးက သူ့လက်တစ်ဖက်ကိုမြှောက်ကာ လေထဲမှနေ၍ လီစစ်မင်၏ခေါင်းကို လက်ဖြင့်ပွတ်ပေးသည့်ဟန်လုပ်သည်။

"ဝမ်အန်း ရှစ်ရှုန်း။"

ရန်ဝမ်ရှု လက်ပြန်ချကာ မျက်လုံးတို့ကိုမှိတ်လိုက်သည်။

ကျွန်တော့်ဘဝမှာအကြီးမားဆုံးနောင်တက ရှစ်ရှုန်းပါပဲ။ မိုးနတ်မင်းက ဒီနောင်တကိုပြင်ဆင်ဖို့ အခွင့်အရေးပေးတယ်ထင်ပါရဲ့။

သူ့လက်ထဲမှဓားက လီစစ်မင်၏နှလုံးတည့်တည့်ဆီထိုးဖောက်ဝင်ရောက်သွားသည်ကိုမြင်လိုက်ရသည်၌ ရန်ဝမ်ရှုလန့်သွားရသည်။ မတိုင်ခင်က သူ ဓားကိုလမ်းကြောင်းပြောင်းဖို့ကြိုးစားသော်ငြား အချည်းနှီးသာဖြစ်ကာ ဓားက လီစစ်မင်ဆီတိုးဝင်သွားဆဲဖြစ်၏။ ရန်ဝမ်ရှု ဓားကိုအလျင်အမြန်ပြန်ဆွဲနှုတ်ကာ မြေပေါ်ပစ်ချလိုက်သည်။

"ကြည့်စမ်း၊ မင်း သတ်လိုက်တာ။ သူ့ကို မင်းလက်နဲ့ မင်းကိုယ်တိုင်သတ်လိုက်တာ။"

သူ့နားထဲတွင် ထိုအသံတစ်သံကိုသာထပ်ကာထပ်ကာကြားယောင်လာသည်မို့ ရန်ဝမ်ရှု နားနှစ်ဖက်ကိုလက်ဖြင့်အုပ်ကာ မျက်လုံးတို့ကိုခပ်တင်းတင်းမှိတ်ရင်း တတွတ်တွတ်ရေရွတ်မိရသည်။

The Greatest Villain Hikayelerin yaşadığı yer. Şimdi keşfedin