အခန်း (၆)

85 10 1
                                    

Unicode

အခန်း၆။ သက်ရှည်သော့ခလောက်
___________________

သူတို့နှစ်ဦး၏စကားဝိုင်းမှာ အဖြေထွက်မလာဘဲ ပိုများလာသည့်မေးခွန်းများဖြင့်သာအဆုံးသတ်သွားခဲ့၏။

နောက်ရက်မှာတော့ လီစစ်မင်တို့က လုံထျန်းဂိုဏ်းကိုပြန်ရန်ပြင်သည်။ သူတို့က လူနာတွေအတွက် မြင်းလှည်းတစ်စီးစီစဉ်ထား၏။ ပြဿနာက ခရီးစထွက်ချိန်မှာစသည်။ သူတို့အဖွဲ့ထဲမှတစ်ယောက်က မြင်းလှည်းမောင်းပြီး ရှကျင်းက ရန်ဝမ်ရှုကို မြင်းလှည်းနဲ့အတူလိုက်ဖို့ပြောသည်။ သို့သော်ငြား ရန်ဝမ်ရှုက မည်သို့မှပြောမရဘဲ လီစစ်မင်အနားသာကပ်နေ၏။

ရှကျင်း ခေါင်းကုတ်မိရတော့သည်။

"ငါတို့က မင်းကိုဘာမှမလုပ်ပါဘူးကွ။ မြင်းလှည်းနဲ့ပဲလိုက်စမ်းပါ။ မင်းအတွက် မြင်းလှည်းစီးရတာကပိုအဆင်ပြေတယ်။"

ရန်ဝမ်ရှုက ခေါင်းတွင်တွင်ခါသည်။ နောက်ဆုံးမှာတော့ ရှကျင်းက လက်မြှောက်လိုက်ကာ လီစစ်မင်ကိုလှမ်းကြည့်သည်။ လီစစ်မင်က သက်ပြင်းချလိုက်ရင်းဆို၏။

"မြင်းလှည်းသွားစီး။"

"မစီးချင်ဘူး။"

သူ ရှစ်ရှုန်းနားပဲကပ်နေချင်တာ။

"မင်းမှာ ရွေးစရာနှစ်ခုရှိတယ်၊ မြင်းလှည်းစီးမလား၊ ဒီမှာပဲနေခဲ့မလား?"

ထိုစကားကိုကြားချိန်၌မူ လီစစ်မင်က သူ့ကိုတကယ်ထားခဲ့နိုင်လောက်သည်ဟုခံစားမိလိုက်ရသည်မို့ ရန်ဝမ်ရှုမှာ အင်တင်တင်ဖြင့်ပင်မြင်းလှည်းပေါ်တက်သွားလေ၏။ ရှီကျိုးမြို့မှရုံယွဲ့မြို့ဆီသွားရာတွင် ခရီးပြင်းနှင်ပါက တစ်ရက်တည်းဖြင့်ရောက်နိုင်သည်။ သို့သော်ငြား လီစစ်မင်တို့မှာမြင်းလှည်းထဲပါလာသည့်လူမမာများကိုငဲ့ကာခရီးနှင်ရသဖြင့် နှစ်ရက်ကြာမှသာ ရုံယွဲ့မြို့သို့ရောက်လာ၏။

ရုံယွဲ့မြို့က အလယ်ပိုင်းဒေသ၏စီးပွားရေးအရအဓိကကျသည့်မြို့ဖြစ်သည်မို့ အတော်လေးစည်ကားသည်။ သို့တိုင် လုံထျန်းဂိုဏ်း၏ဩဇာလွှမ်းမှုကြောင့် မြို့မှာ အမှုကြီးအမှုငယ်ဟူ၍မရှိဘဲ အေးချမ်းသာယာ၏။ လီစစ်မင်တို့ရောက်သွားချိန်မှာ မှောင်ရီပျိုးစပြုနေပြီဖြစ်သော်ငြား ရုံယွဲ့မြို့၏လမ်းမထက်တွင် လူသွားလူလာများပြားလျက်ရှိသေးသည်။

Has llegado al final de las partes publicadas.

⏰ Última actualización: Jul 03, 2022 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

The Greatest Villain Donde viven las historias. Descúbrelo ahora